Рет қаралды 158,147
အိုးဘိုထောင်မှ ပြန်လွတ်လာသည့် ဒေါ်ဝင်းမြမြနှင့် ဆက်သွယ်မေးမြန်းချက်
ရပ်တည်ချက်ခိုင်မာမှုနဲ့ ထင်ရှားတဲ့ မန္တလေးမြို့ခံ နိုင်ငံရေးသမား ဒေါ်ဝင်းမြမြ မန္တလေးအိုးဘို အကျဉ်းထောင်ကနေ ဒီမနက်ပြန်လွတ်လာပါတယ်။ အာဏာသိမ်းမှုကို ဆန့်ကျင် ဆန္ဒပြတာကြောင့် နိုင်ငံတော်အကြည်အညိုပျက်စေတယ်လို့ဆိုကာ စစ်ကောင်စီက ၂၀၂၂ အတွင်း သူ့ကို ဖမ်းခဲ့ပြီး ထောင်သုံးနှစ်ချထားတာပါ။
ဒေါ်ဝင်းမြမြဟာ ၁၉၉၈ ခုနှစ်ကစလို့ မြန်မာ့ဒီမိုကရေစီလှုပ်ရှားမှုအတွင်းမှာ စစ်အာဏာရှင်တွေရဲ့ ထောင်ဒဏ်တွေကို မမှုဘဲ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (NLD)နဲ့အတူ အစဉ်တစ်စိုက်ရပ်တည်ခဲ့သူပါ။
NLD ထပ်မံ အနိုင်ရတဲ့ ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို စစ်တပ်က ငြင်ပယ်ပြီး အာဏာသိမ်းတဲ့ အချိန်မှာလည်းသူက မန္တလေးတိုင်း စဉ့်ကိုင်မြို့နယ် ပြည်သူ့လွှတ်တော် အမတ်အဖြစ် ရွေးကောက်ခံထားရပါတယ်။
ဒေါ်ဝင်းမြမြ ကြုံတွေ့ခဲ့ရတဲ့ အကျဉ်းထောင်တွင်း အခြေအနေနဲ့ နိုင်ငံရဲ့ လက်ရှိအခြေအနေတွေအပေါ် သိရှိနိုင်ဖို့ သူ့ကို ဆက်သွယ်မေးမြန်းထားပါတယ်။
မေးမြန်း၊ တင်ဆက် - ဉာဏ်လှိုင်လင်း
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် www.userroll.com/site/registe... နှိပ်၍ လှူဒါန်းနိုင်ပါသည်)