Рет қаралды 22
ဒီတစ်ပတ်မှာတော့အရာသာရှိပြီး ပြုလုပ်ရတာလည်းလွယ်ကူတဲ့Strawberry And Cheese Sandwich ပြုလုပ်နည်းလေးကိုပြောပြပေးသွားမှာပါ။
မနက်စာပဲစားစား
အစာပြေပဲစားစား အလွယ်တကူပြုလုပ်စားသောက်လို့ရတာကြောင့်အခုဘဲလိုက်လုပ်ကြည့်လိုက်တော့နော်။ Strawberry And Cheese Sandwish လေးပြုလုပ်တော့မယ်ဆိုရင် လိုအပ်တဲ့ပစ္စည်းလေးတွေကတော့
ပေါင်မုန့်
Arla Buger Slices
Mom's Choice Strawberry Jam စတာတွေကိုအဆင်သင့်ပြုလုပ်ထားပေးပါ။ ပထမဆုံး Mom's Strawberry Jam အနည်းငယ်ကို ပေါင်မုန့်မှာသုပ်ပေးရပါမယ်။ပြီးသွားရင်တော့ Arla Burger Slices တစ်ချပ်ကို ပေါင်မုန့်ကြားထဲညှပ်ထည့်ပြီး ဒယ်အိုးပူပူပေါ်မှာ ရွေညိုရောင်လေးဖြစ်လာအောင်အထက်အောက်လှန်ပြီးအပူပေးရပါမယ်။အခုဆိုရင်တော့အရသာရှိတဲ့မနက်စာလေးသုံးဆောင်နိုင်ပါပြီ။