ကြက်ဥခေါက်ဆွဲလုပ်နည်း How to make homemade egg noodles

  Рет қаралды 27,898

Cook for K1

Cook for K1

Күн бұрын

ကြက်ဥခေါက်ဆွဲ လုပ်နည်း
လွန်ခဲ့တဲ့ ၁နှစ်ကျော် က ရိုက်ထားတဲ့အိမ်လုပ် ကြက်ဥခေါက်ဆွဲလုပ်နည်းလေးပါ။ ဗီဒီယိုလေးက အနည်းငယ်ရှည်ပေမယ့် အကြိမ်ကြိမ်စမ်းပြီးမှ လိုချင်တဲ့အနေအထားကို ရလာတာကြောင့် ကျွန်တော် သင်ယူခဲ့သမျှကို အားလုံးပြန်လည်မျှဝေပေးထားပါတယ်ခင်ဗျာ..ဆိုဒါမပါဘဲ ဂျုံ။ကြက်ဥနဲ့ဆားကိုသာအသုံးပြုထားပါတယ်ခင်ဗျာ။
အောက်ပါ ပါဝင်ပစ္စည်းအားလုံးကို ဇလုံတခုထဲထည့်ပါ။
ဘက်စုံသုံးဂျုံမှုန့် - ၂ ခွက်ခွဲ (သို့) နို့ဆီဗူး ၂ ဗူးကျော်ကျော်
ကြက်ဥ - ၂ လုံး
ဆား - အနည်းငယ်
ရေ - စားပွဲတင်ဇွန်း ၂ ဇွန်း (ရေက ၁ ဇွန်းပဲအရင်ထည့်ပါ။ လိုမှ ထပ်ထည့်ပေးပါ)
ဂျုံနယ်တဲ့အခါ ဂျုံသားက မပျော့မမာအနေအထားပဲရှိရပါမယ်။ ဂျုံကို တခါထဲ ချော သွားအောင် နယ်လို့မရပါဘူး။ ဒါကြောင့် နယ်ရင်းနဲ့ ဂျုံလုံးဖြစ်လာရင် ဂျုံကို အနားပေးရမှာဖြစ်ပါတယ်။ လက်ဖနောင့်နဲ့ နယ်တဲ့အခါ ဂျုံထဲမှာရှိတဲ့ Gluten (ဂလူတင်း) ပရိုတင်းတမျိုးကြောင့် ဂျုံလုံးက ချောအောင်နယ်ဖို့ ခက်ပါတယ်။ ဒါ‌ကြောင့် မာနေတဲ့ ဂျုံကြောတွေပျော့ဖို့ရယ် ဂျုံမှုန့်တွေ အားလုံး ရေဓာတ်စုပ်ယူဖို့ရင် နယ်ထားတဲ့ ဂျုံလုံးကို အဖုံးတခုခု သို့ ရေစွတ်ထားတဲ့ အဝတ်စနဲ့ အုပ်ပေးထားပါ။
နာရီဝက်လောက် ရပြီဆိုရင် နောက်ထပ် ၃ မိနစ်လောက်နယ်ပေးရင် ဂျုံက ချောသွားပါလိမ့်မယ်။ (ဂျုံချောကြောင်းက လက်မှာရယ်။ ဇလုံမှာရယ် ‌ဂျုံတွေမရှိတော့ရင် ဂျုံချောသွားပြီဖြစ်ပါတယ်)
ပြီးရင် လှိမ့်လို့မရသေးပါဘူး. နောက်ထပ် အဖုံးအုပ်ပြီး ၁ နာရီလောက် ထပ်ပြီး အနားပေးထားပါ။ ဒါဆိုရင် ဂျုံတွေက ရေဓာတ်အပြည့်အဝ စုပ်ပြီး နူးညံ့သွားပါပြီ။ ဒါဆိုရင်တော့ ခေါက်ဆွဲလုပ်ဖို့ ဂျုံကို လှိမ့်လို့ရပါပြီ။ လှိမ့်တဲ့အခါ မကပ်သွားစေဖို့ ပြောင်းကော်မှုန့်အနည်းငယ်သုံးပေးပါ။ ပါးနိုင်သမျှပါးအောင် လှိမ့်မှသာ ရေနဲ့ပြုတ်တဲ့အခါ ထူလာမှာဖြစ်တဲ့အတွက် ကွက်တိဖြစ်မှာဖြစ်ပါတယ်။
ဗီဒီယိုထဲမှာ မရှင်းလင်းတာရှိရင်လည်း စာချန်ပြီးမေးထားလို့ရပါတယ်ခင်ဗျာ...

Пікірлер: 40
@hninphyukaung6909
@hninphyukaung6909 2 жыл бұрын
ဟာ 😮 ကြိုက်လိုက်တာ လုပ်ကြည့်ချင်နေတာ ကြာပြီ။ recipe ကထင်ထားတာထက်လွယ်တယ်။ 🤩 ကျေးဇူးအများကြီးတင်ပါတယ်နော်။ 😻 မချက်တတ် ချက်တတ် သူတို့အတွက် အကောင်းဆုံး Yellow Pages ကြီးပါ 🤓
@Cookfork1
@Cookfork1 2 жыл бұрын
ဟုတ်တယ်ဗျ။ စိတ်ရှည်ရတာလေးတခုပဲ😊ကျေးဇူးတင်ပါတယ်အစ်မ ၊🙏
@EiMon-u7z
@EiMon-u7z Ай бұрын
ကျေးဇူးတင်ပါတယ်❤❤❤❤❤❤❤
@Cookfork1
@Cookfork1 Ай бұрын
ကျေးဇူးတင်ပါတယ်ခင်ဗျာ ❤️
@hopehope5686
@hopehope5686 10 күн бұрын
ကျေးဇူးပါ။အခုဘဲခေါက်ဆွဲစမ်းလုပ်ကြည့်နေပါတယ်။ဆရာကျန်းမာပါစေ❤
@Cookfork1
@Cookfork1 10 күн бұрын
ကျေးဇူးတင်ပါတယ်ခင်ဗျာ ❤️ကျန်းမာပျော်ရွှင်ပါစေ 🙏🌷
@HtinLinAung-td6kg
@HtinLinAung-td6kg 6 ай бұрын
ရိုးရှင်းလွယ်ကူလှချည့်လား ကျေးဇူးကမ္ဘာပါနော်
@Cookfork1
@Cookfork1 6 ай бұрын
ကျေးဇူးတင်ပါတယ်ခင်ဗျာ ❤️
@lunnhtar
@lunnhtar 9 ай бұрын
သေချာရှင်းပြပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်
@Cookfork1
@Cookfork1 9 ай бұрын
ကျေးဇူးတင်ပါတယ်ခင်ဗျာ 🙏
@moethan2430
@moethan2430 2 жыл бұрын
စိတ်ဝင်စားတယ် စမ်းကြည့်မယ်😊
@Cookfork1
@Cookfork1 2 жыл бұрын
ဟုတ် အစ်မ 😊
@moureenofficial3727
@moureenofficial3727 2 жыл бұрын
Thanks
@Cookfork1
@Cookfork1 2 жыл бұрын
Thank you...
@MayLay-p5y
@MayLay-p5y 2 ай бұрын
စမ်းလုပ်ကြည့်တာအတော်လေးအဆင်ပြေလို့ခုဆိုအ‌ခြောက်လှန်ပြီးကိုထားသိမ်းစားဖြစ်နေပါတာ ခုလိုလေးတင်ပေးတာကိုလဲကျေးဇူးအများကြီးတင်ပါတယ်ရှင့် ဆရာလည်းကျန်းမာပျော်ရွှင်ပါစေရှင့်🙏
@Cookfork1
@Cookfork1 2 ай бұрын
ဟုတ်ကဲ့။ကျေးဇူးတင်ပါတယ်ခင်ဗျာ ❤️
@susulwin6384
@susulwin6384 2 жыл бұрын
Thanks bro😋🙏
@Cookfork1
@Cookfork1 2 жыл бұрын
Thank you 😊🙏
@moethan2430
@moethan2430 2 жыл бұрын
THANKS❣
@Cookfork1
@Cookfork1 2 жыл бұрын
Thank you ❤️😊
@dawpaukpauk4304
@dawpaukpauk4304 3 ай бұрын
ကျေးဇူးပါ အားပေးနေပါတယ်😍😻🤗🐈🎉 ခေါက်ဆွဲလုပ်နည်းလေး စမ်းမကြည့်ရသေးဘူး ဘေးကင်းကျန်းမာ အဆင်ပြေပါစေ
@Cookfork1
@Cookfork1 3 ай бұрын
စမ်းကြည့်ပါအစ်မ ကျန်းမာပျော်ရွှင်ပါစေ 🙏🌷
@cuisjiiie305
@cuisjiiie305 6 ай бұрын
ကျေးဇူးပါ
@Cookfork1
@Cookfork1 5 ай бұрын
ကျေးဇူးတင်ပါတယ်ခင်ဗျာ ❤️
@Boaye-sq7dh
@Boaye-sq7dh 11 сағат бұрын
❤❤❤❤❤😊😊😊😊😊
@ehkeo1273
@ehkeo1273 2 жыл бұрын
😊😊😋😋😋
@Cookfork1
@Cookfork1 2 жыл бұрын
🥇 first 🥇 Thank you 😊
@hsumonkyaw3462
@hsumonkyaw3462 2 жыл бұрын
ရှမ်းခေါက်ဆွဲထဲထည့်တဲ့ မုန့်ဖက်လုပ်နည်းလေးလည်း သင်ပေးပါအုံးရှင့် 🙏
@Cookfork1
@Cookfork1 2 жыл бұрын
ဟုတ်။ ကြိုးစားပြီးတင်ပေးသွားပါမယ်ခင်ဗျာ
@khinyadanamyomyint9355
@khinyadanamyomyint9355 2 жыл бұрын
ကျေးဇူးပါရှင်
@Cookfork1
@Cookfork1 2 жыл бұрын
ကျေးဇူးတင်ပါတယ်ခင်ဗျာ...
@ZinNaw666
@ZinNaw666 Ай бұрын
အာ့ခေါက်ဆွဲကို အခြောက်ခံပီး ထားစားလို့ကော အဆင်ပြေမလားဗျ ဘာထပ်ထည့်ပေးဖို့ လိုမလဲဗျ
@Cookfork1
@Cookfork1 Ай бұрын
နေပြင်းပြင်းနဲ့ လှမ်းရင်တော့ ရမယ်ထင်တယ်ဗျ... နေကောင်းကောင်း မရရင်တော့ မှိုတက်ပြီး အန္တရာယ်ဖြစ်နိုင်ပါတယ်၊ ဒါမှမဟုတ် ဆီများများနဲ့ ခြောက်အောင် ကြော် ထားလည်းအထားခံပါတယ်၊
@naymin7165
@naymin7165 Жыл бұрын
Thanks
@Cookfork1
@Cookfork1 Жыл бұрын
You’re welcome
@HninHnin-up8js
@HninHnin-up8js 4 ай бұрын
အထားခံအောင်အခြောက်လှမ်းထားလို့ရလားရှင့်
@Cookfork1
@Cookfork1 4 ай бұрын
တခါမှတော့ မလှန်းဖူးဘူးဗျ။ ဆီနဲ့ ကြွပ်အောင် ကြော်ပြီး တော့ ထားလို့ရတယ်
@dawpaukpauk4304
@dawpaukpauk4304 3 ай бұрын
တန်းပေါ်မှာလှန်းလို့ရပါတယ် ပြုတ်စားလိူ့ရတဲ့ခေါက်ဆွဲမျိုးဖြစ်သွားမှာပါ
@NawThaKawPhaw
@NawThaKawPhaw Ай бұрын
လုပ်ကျိတာအကြာကြိးပြုတ်တာတောင်အထဲမှာမာနေတယ်ရောဘာလို့လဲ
@Cookfork1
@Cookfork1 Ай бұрын
နယ်တာ ရေနည်းသွားလို့များလား။ တခါမှတော့ မဖြစ်ဖူးဘူးဗျ
The Best Band 😅 #toshleh #viralshort
00:11
Toshleh
Рет қаралды 22 МЛН
Мясо вегана? 🧐 @Whatthefshow
01:01
История одного вокалиста
Рет қаралды 7 МЛН
To Brawl AND BEYOND!
00:51
Brawl Stars
Рет қаралды 17 МЛН
The Art Of Making Noodles By Hand
12:11
Tasty
Рет қаралды 29 МЛН
Simple Chinese Noodles Recipe by Masterchef
4:33
Taste Show
Рет қаралды 3,8 МЛН
ခေါက်ဆွဲစက်
14:46
Welcome Home Essentials Myanmar
Рет қаралды 11 М.
How To Make Chinese Egg Noodles At Home! Easy to Get a Chewy Texture!
5:49
ၾကက္ဥေပါင္း🥚🥚🥚|Cooking By Rain's Mommy
4:37
Sweet Family Channel
Рет қаралды 568 М.