Рет қаралды 85,509
DVB Debate- “ အစိုးရသစ်လက်ထက် ငြိမ်းချမ်းရေးကို ဘယ်လိုဆက်လက် အကောင်အထည်ဖော်မလဲ"
“၅ ရက် ငြိမ်းချမ်းရေးညီလာခံကနေ အစုအဖွဲ့အသီးသီးက တင်ပြလာတဲ့ အချက်တွေ ထွက်လာတယ် သိပ်ထူးဆန်းတဲ့ အချက်တွေတော့ မပါလာပါဘူး ယေဘုယျအချက်တွေလောက်ပဲ။ ဒါပေမယ့် အမြင်တွေအသီးသီးကို စားပွဲဝိုင်းတခုမှာ ထိုင်ပြောလို့ရတဲ့ အစပျိုးမှုတခု ရခဲ့တယ်။ အန်အယ်လ်ဒီ အစိုးရသစ်တက်ရင် နောက်ထပ် အဖွဲ့တွေပါလာဦးမှာပဲ အဲအခါကျ အစတွေ အများကြီး ပါလာမှာပါ”
ဦးအေးမောင်ကျော် - စာရေးဆရာ၊ နိုင်ငံရေးလေ့လာသုံးသပ်သူ
“ဖယ်ဒရယ် တည်ဆောက်ရေး သွားမယ်ဆိုရင် နိုင်ငံရေးဆွေးနွေးများရဲ့ ရလာဒ်နဲ့အညီ ဆောင်ရွက်သွားမည်ဆိုတဲ့ အချက်ပါတယ်။ ရလာဒ်တွေဆိုရာမှာ တပ်မတော်အစုအဖွဲ့အနေနဲ့ အားလုံးကို သဘောတူလက်ခံမယ်လို့ မထင်ဘူး”
ဗိုလ်မှူးစောလွင် - တွဲဖက်အထွေအထွေအတွင်းရေးမှူး၊ ကယန်းပြည်သစ်ပါတီ
“ရလာဒ်ကို အစုအဖွဲ့တွေ အားလုံးလက်ခံ သဘောတူရင် ပြောင်းလဲချင်လည်း ပြောင်းလို့ရတယ်။ တပ်မတော်အစုအဖွဲ့က သူတခုထဲ သပ်သပ် သဘောမတူဘဲ နေ နေတာမျိုး မရှိပါဘူး”
ဒေါက်တာ ဆလိုင်းငွန်ကျုံးလျန် - ဥပဒေအကြံပေး၊ မြန်မာနိုင်ငံငြိမ်းချမ်းရေး ပြန်လည် ထူထောင်ရေးလုပ်ငန်း ဗဟိုဌာန
“ငြိမ်းချမ်းရေးဖြစ်စဉ်မှာ တပ်ကိုယ်စားလှယ်ဟာ ၁၅၀ အခြားအစုအဖွဲ့တွေက အားလုံးပေါင်းမှ ၁၅၀ ဖြစ်နေတယ်။ တပ်ကို ထွက်ပေါက်ပေးဖို့ ပြောနေတာတွေရှိတယ်။ ကျနော့်အမြင်ကတော့ ငြိမ်းချမ်းရေးကို တပ်မတော်က တကယ်လိုချင်ရင် အမျိုးသားရင့်ကြားစေ့ရေးကို တကယ်ရှေးရှုရင် လူထုကို ထွက်ပေါက်ပေးပါလို့ ပြောချင်တယ်”
ဗိုလ်မှူးစောလွင် - တွဲဖက်အထွေအထွေအတွင်းရေးမှူး၊ ကယန်းပြည်သစ်ပါတီ
“အဖွဲ့ချုပ်အနေနဲ့ကျဉ်းထဲကြပ်ထဲမှာပါ။ ငြိမ်းချမ်းရေးဖြစ်စဉ် အောင်မြင်ဖို့ရာအတွက် အစိုးရသစ်အနေနဲ့ တပ်နဲ့ ယုံကြည်မှုတည်ဆောက်ရဦးမယ်၊ တိုင်းရင်းသားတွေဘက်ကကြည့်ရင်လည်း အန်အယ်လ်ဒီဟာ တပ်နဲ့ လက်တွဲသွားပြီလို့ မဖြစ်ရအောင် ကြိုးစားရဦးမယ်”
ဦးမျိုးရန်နောင်သိမ်း - အတွင်းရေးမှူး(ဗဟိုသုတေသနလမ်းညွှန်အဖွဲ့ - အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်)/ ဒါရိုက်တာ(ဗေဒါအင်စတီကျူ့)