Рет қаралды 370,800
“ဖွဲ့ စည်းပုံအခြေခံဥပဒေတစ်ခုဟာ အတိတ်၊ အနာဂတ်၊ ပစ္စုပ္ပန် သုံးခုစလုံးနဲ့ ကိုက်ညီဖို့ တော့လိုတယ်။ ၂၀၀၈ အခြေခံဥပဒေက အဲဒီအချိန်တုန်းက မှန်ကောင်းမှန်နိုင်သည့်တိုင်အောင် အခု၂၀၁၇ မေလမှာဘာရသွားလဲ ဆိုတော့ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကို ထူထောင်ဖို့ ဆိုတာ ရသွားတယ်။ ဒီအချက်က ၂၀၀၈ တုန်းက မပါသေးဘူး။ ဖွဲ့ စည်းပုံအခြေခံဥပဒေရဲ့  အဓိကအနှစ်သာရဟာ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး နဲ့  အချုပ်အခြာအာဏာတည်တံခိုင်မြဲရေးပဲဖြစ်ပါတယ်။”
ပြည်ထောင်စုတရားလွှတ် တော်ရှေ့နေ ဦးသိန်းဦး (၁၉၉၀ လွှတ်တော်ကိုယ်စားလှယ်ဟောင်း)
“အခြေခံဥပဒေတိုင်းက သမိုင်းကြောင်းရှိတယ်။ အခြေခံဥပဒေတိုင်းမှာ ဒဿနရှိတယ်။ အခြေခံဥပဒေတိုင်းမှာ Structure ရှိတယ်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ပြောတဲ့ အနှစ်သာရမပျောက်စေနဲ့ ဆိုတာကတော့ သူ ဘာပြောလဲဆိုတာ ကျနော်တော့မသိဘူး။"
ဒေါက်တာ ဆလိုင်း ငွန်ကျုံးလျန် (ဖွဲ့စည်းပုံ ဥပဒေရေးရာ လေ့လာသူ)
DVB TV - 03.03.2019