Рет қаралды 180,338
စစ်ခေါင်းဆောင် မန္တလေးရောက်နေချိန် သပိတ်ကျင်းမြို့ သိမ်းခံရ (ရုပ်/သံ)
ဇော်မြတ်ခန့်၊ သြဂုတ် ၂၆၊ ၂၀၂၄
အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မန္တလေးမြို့ကို ရောက်ရှိနေတဲ့ ဩဂုတ်လ ၂၅ ရက်နေ့မနက်ပိုင်းမှာ မန္တလေးတိုင်းအတွင်းက သပိတ်ကျင်းမြို့ကို တော်လှန်ရေးပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်လိုက်ကြပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံတပ်တွေနဲ့ ပူးပေါင်းမဟာမိတ်တပ်တွေက တိုက်ခိုက်ခဲ့တာဖြစ်ပြီး တိုက်ပွဲအတွင်းမှာ စစ်ကောင်စီရဲ့ ဒုတိယဗိုလ်မှူးကြီး စိုးမင်းသူကိုပါ အရှင်ဖမ်းမိထားတယ်လို့ သိရပါတယ်။
သပိတ်ကျင်းမြို့ဟာ မန္တလေးတိုင်းအတွင်းမှာ စတုတ္ထမြောက် သိမ်းပိုက်လိုက်တဲ့ မြို့ဖြစ်ပြီး ရှေ့မှာတော့ စဥ့်ကူး၊ တကောင်းနဲ့ မိုးကုတ်မြို့တွေကို သိမ်းပိုက်ထားတာ ဖြစ်ပါတယ်။
#မြန်မာ #ဧရာဝတီ #မန္တလေး #သပိတ်ကျင်း #စိုးမင်းသူ #NUG