No video

How to make Super EM Bokashi Organic Fertilizers? စူပါအီးအမ်ဘိုကာရှီပြုလုပ်နည်း

  Рет қаралды 3,579

Htet Zaw Htun_ Organic Farming Coach

Htet Zaw Htun_ Organic Farming Coach

Күн бұрын

သဘာဝ စူပါအီးအမ်ဘိုကာရှီမြေဆွေး ပြုလုပ်နည်း
​ဆောင်းတွင်း​ကျရောက်လာပြီဆို​တော့ ရာသီဟင်းသီး
ဟင်းရွက်သစ်သီးဝလံများက်ု ကုန်ကျစရိတ်သက်သာ​သော သဘာဝ​မြေ​​ဆွေး အသုံးပြုစ်ုက်ပျိုးထုတ်လုပ်လိုသူ ​​တောင်သူများအတွက် သဘာဝ စူပါအီးအမ်ဘိုကာရှီမြေဆွေး ပြုလုပ်နည်း အ​ကြောင်းက်ု ​​လိုအပ်သူများလက်​တွေ့လုပ်​ဆောင်နိုင်​စေရန် ​​ရေးသားလိုက်ပါတယ်ခင်ဗျ။ အီးအမ်ဘိုကာရှီဆိုသည်မှာ အချဉ်ဖောက်ထားသော (သို့) အီးအမ်အကျိုးပြုအဏုဇီဝများကို အသုံးပြုပြီး ဆွေးမြေ့အောင်ပြုလုပ်ဖန်တီးယူထားသော အော်ဂဲနစ် မြေဆွေးတမျိုးကိုဆိုလိုခြင်းဖြစ်ပေသည်။ စိုက်ပျိုးရေးထွက်စွန့်ပစ်ပစ္စည်းများကို အော်ဂဲနစ်မြေဆွေး အဖြစ်ပြောင်းလည်းရန် အထိရောက်ဆုံးနည်းလမ်းများစွာထဲမှ (ဥပမာ- တီကျစ်မြေဆွေး၊ဒိုချက်ကင်မြေဆွေးစသည့်) အီးအမ် Bokashi မြေဆွေး ပြုလုပ်သုံးစွဲခြင်းသည်လည်း တနည်းအပါဝင်ဖြစ်ပေသည်။ အီးအမ် Bokashi မြေဆွေး သည် အပင်များအတွက်ထိခိုက်မှုမရှိစေပဲ အပင်များကိုကျွေးလိုက်ပါက အလျင်အမြန်စုတ်ယူစားသောနိုင်သော ကောင်ကျိုးကို ပေးစွမ်းနိုင်သော မြေဆွေးတမျိုးဖြစ်ပေသည်။ ဘိုကာရှီပြုလုပ်ရာတွင် အရည်အသွေးကောင်း အီးအမ် ကိုအသုံးပြုရန်အ​ရေးကြီး​ပေသည်။ Bokashi မြေဆွေးပြုလုပ်ရန် အဓိကသော့ချက်မှာ စိတ်ရှည်သည်းခံမှုနှင့် လုပ်ငန်းစဉ်ကို ကောင်းစွာနားလည်ရန် အရေးကြီးလိုအပ်ပါသည်။ ဘိုကာရှီမြေဆွေးသည် အကျိုးပြုအဏုဇီ၀ သက်ရှိများကို သီးနှံစွန့်ပစ် ပစ္စည်းများ၊ တိရိစ္ဆာန်ချေးများ၊ စက်မှုစွန့်ပစ်ပစ္စည်းများနှင့် စနစ်တကျ ရောနှောပြုလုပ်ပြီး အပင်အတွက်လိုအပ်သော အာဟာရဓာတ်များကို လွယ်ကူစွာ စုတ်ယူနိုင်အောင်ဖန်တီး အသုံးပြုသောမြေဆွေးဖြစ်သည်။
စူပါအီးအမ်ဘိုကာရှီမြေဆွေးသည် ရိုးရိုးမြေဆွေးကဲ့သို့ အချိန်ကြာကြာ ဆွေးမြေ့အောင် စောင့်ရန်မလိုအောင် အဆွေးမြန်သော မြေဆွေးများကိုအသုံးပြု၍ အကျိုးပြု အဏုဇီဝများ၏ အကူအညီဖြင့် တလအတွင်း စိုက်ခင်းတွင် အသုံးပြုနိုင်အောင်ဖော်စပ်ခြင်းဖြစ်ပေသည်။ အခြားစွန့်ပစ္စည်းများဖြစ်သော လွှစာ၊လက်ဖက်၊ ကောက်ရိုး၊ ပြောင်းရိုး၊ ဂျုံရိုး၊ နှမ်းရိုး၊ ပဲမှော်၊ မြေပဲခွံ၊ သစ်ရွက်ခြောက်၊ အမှိုက် နှင့် မြက်စိမ်းများ၊ ငှက်ပျော၊သစ်ရွက်စိမ်း၊ ဗေဒါပင်အစိမ်းများ၊ အပင်အကြွင်းအကျန်များ နှင့် ပေါင်းပင်များကိုအသုံးပြုပါက အချိန်လများစွာပေးပြီး ဆွေးမြေ့အောင်ဆောင်ရွက်ရန်လိုအပ်ပေသည်။ သဘာဝစူပါအီးအမ် ဘိုကာရှီမြေဆွေးသည် အကျိုးပြုအဏုဇီ၀ သက်ရှိများကို သီးနှံစွန့်ပစ် ပစ္စည်းများ၊ တိရိစ္ဆာန်ချေးများနှင့် စနစ်တကျ ရောနှောပြုလုပ်ပြီး အပင်အတွက်လိုအပ်သော အာဟာရဓာတ်များကို လွယ်ကူစွာစုတ်ယူနိုင်အောင်ဖန်တီး အသုံးပြုသောမြေဆွေးဖြစ်သောကြောင့် အပင်အတွက် အာဟာရကြွယ်ဝစေသည့်အပြင် မြေသားတည်ဆောက်မှုကိုလည်း ကောင်းစေသည်။
တလအတွင်းအသုံးပြုနိုင်သောဘိုကာရှီမြေဆွေးပြုလုပ်ပုံအဆင့်ဆင့်
၁. စပါးခွံမီးသွေး ၅တင်း၊ ဖွဲ ၁တင်း( ၈ပြည်အနည်းဆုံးအသုံးပြုနိုင်ပေသည်)၊ တိရစ္ဆာန်စွန့်ပစ်ပစ္စည်း ၂တင်း ဖြင့်ပြုလုပ်ပါက တပိုင်တနိုင်ပြုလုပ်သူများအနေဖြင့် နံစပ်အောင်မွေးပေးရန်အကောင်းဆုံးအချိုးအစားတခုဖြစ်ပေသည်။ စပါးခွံမီး​သွေးပြုလုပ်နည်း video က်ု​လေ့လာရန် • စပါးခွံမီးသွေး ပြုလုပ်...
၂. အဟာရကောင်းစွာ ပါဝင်စေလိုပါက နှမ်းဖတ်၊ပဲဖတ်၊ ဆားခါး၊ ငါးအမိုင်နိုအက်စစ်၊ ဆန်ဆေးရည်၊ သီးနှံအချဥ်ဖောက်ရည် နှင့် IMO စသည့် အကျိုးပြုအဏုဇီဝသက်ရှိများကို မိမိလိုအပ်သလို အချိုးအမျိုးမျိုးဖြင့်ထည့်သွင်းအသုံးပြုနိုင်ပေသည်။
၃. အီးအမ်ဘိုကာရှီမြေဆွေးပြုလုပ်ရန် အဓိကအရေးအကြီးဆုံးသည် အရည်အသွေးကောင်းသော အီးအမ်ကိုအသုံးပြုရန်အရေးအကြီးပေသည်။
၄. နံပတ်၁ နှင့် နံပတ် ၂မှ ပစ္စည်းများကို အချိုးကျကျနှံ့စပ်အောင်စနစ်တကျ‌ရောမွေပေးရပေမည်။
၅. ထို့နောက် အရည်အသွေးကောင်းသော အီးအမ်အပြင်း ၁လီတာ (သို့) အီးအမ်အသင့်သုံး ၃လီတာခန့်ကို တင်လဲရည် ၁လီတာ နှင့် ရေ ၄ ဂါလံခန့်ဖြင့် ရောစပ်ပြီး ရေပန်းခရားကို အသုံးပြုပြီး နှံစပ်အောင်ရောမွေပေးရပေမည်။ ရောမွေးပြီးပါက စပ်ထားသောဘိုကာရှီမြေဆွေးအား အစိုဓာတ် ၄၀ရာခိုင်နှုန်းခန့် (လက်ဖြင့်ဆုပ်ကြည့်ပါက မြေလုံးမကွဲအခြေအနေ) ‌ရောက်အောင်မွေးပေးရပြီး ‌‌ရေလိုအပ်ပါကရေထပ် ဖြည့်ပြီး အစိုဓာတ် ၄၀ရာခိုင်နှုန်းခန့်‌ရောက်အောင် မွေပေးရပေမည်။ (သတိထားရမည့် အချက်သည် အစိုဓာတ် များလွန်းခြင်း နည်းလွန်းခြင်းဖြစ်ပါက ဆွေးမြေ့မှူကို ကြန့်ကြစေပြီး အဏုဇီဝသက်ရှိများပွားများမှုကို အနှောက်အယှက်ဖြစ်စေပါသည်)
၆. စနစ်တကျရောစပ်ပြီးပါက လေလုံသော ပလပ်စတစ်အိပ်သို့ တာပေါ်လင်(မိုးကာစ)များကိုအသုံးပြုပြီး လေလုံအောင်ဖုံးအုပ်ထားပေးရပေမည်။ လေကောင်းစုံမလုံပါက မိမိထည့်သွင်းအသုံးပြုထားသော အစာများတွင် လောက်ကောင်များ ကျရောက်မည်ဖြစ်သောကြောင့် ထိုမှရရှိလာသော မြေဆွေးများသည် အရည်အသွေးကောင်း စူပါအီအမ်ဘိုကာရှီမြေဆွေးရရှိနိုင်မည်မဟုတ်ပေ။
၇. ၅ရက် မှ ၇ ရက်ခန့်အကြာတွင် အဖြူရောင်မှိုမျှင်များ ထွက်လာသည်ကို ကောင်းစွာတွေ့ရမည်ဖြစ်ပြီး အပူဓာတ်လွန်ကဲမှု မဖြစ်စေရန် တပတ်တခါ အပေါ်အောက် ပြန်လည်‌ရောမွေပေးရမည်ဖြစ်ပြီး ရက်ပေါင်း(၁၅) ရက် မှ တခခန့်ကြာလျှင် အသုံးပြုနိုင်ပြီဖြစ်သည်။
၈. မိမိပြုလုပ်ထားသော ဘိုကာရှီမြေဆွေးပုံတွင် ‌အဖြူရောင်မှုမျှင် များမျာတွေ့ရှိရပါက အရည်အသွေးကောင်းသော ဘိုကာရှီမြေဆွေးကိုရရှိခြင်းဖြစ်ပေသည်။
၉. EM Bokashi ကို နေရောင်ခြည် တိုက်ရိုက်မထိဘဲ ပူနွေးခြောက်သွေ့သောနေရာတွင် အမြဲသိမ်းဆည်းပါ။အရိပ်ရှိသော နေရာ၊ ရေမဝပ်သောနေရာတွင် ပြုလုပ်ပါ။
စူပါအီးအမ်မြေဆွေးများသည် အခြားမြေဆွေးများ ( နွား‌‌ချေး၊ ကြက်ချေး၊ ဝက်ချေး နှင့် ပုံမှန်မြေဆွေးများ) ကဲ့သို့ အပင်များကိုထိခိုက်စေနိုင်သော အန္တရာယ်မရှိပါ။ အကျိုးပြုအဏုဇီဝ အီးအမ်ဖြင့် ပြုလုပ်သော မြေဆွေးသည် အီးအမ်အသုံးမပြုထားသော မြေဆွေးထက် အပင်များမှ လိုအပ်သော အာဟာရဓါတ်ပါဝင်မှု ပိုများပြီး အပင်ကို အန္တရာယ်ဖြစ်စေသော အဏုဇီဝသက်ရှိများကို နှိမ်းနှင်းသုတ်သင်ထားပြီးသားဖြစ်သောကြောင့် မိမိအသုံးပြုလိုသော သီးနှံများတွင် ကောင်းစွာအသုံးပြုနိုင်ပေသည်။

Пікірлер: 7
@KhinMgNyein-x3o
@KhinMgNyein-x3o Ай бұрын
သိချင်တဲ့နည်းလေးရလို့ကျေးဇူးပါ
@htetzawhtun_organicfarming2275
@htetzawhtun_organicfarming2275 Ай бұрын
ဟုတ်ကဲ့ခင်ဗျ အသုံးချကြည့်ပါ🧑‍🌾
@user-fc6il8fc7p
@user-fc6il8fc7p 8 ай бұрын
ကျေးဇူတင်လှပါတယ်။တကဲ့ကိုတန်ဖိုးကြီးမားလှတဲ့ပညာတွေပါ
@htetzawhtun_organicfarming2275
@htetzawhtun_organicfarming2275 8 ай бұрын
Thanks
@KaKa-by8xq
@KaKa-by8xq 9 ай бұрын
လီးလိုမှိုလို အသံနဲ့ ပါဝင်ပစ္စည်းမပြောပဲနဲ့
@user-fc6il8fc7p
@user-fc6il8fc7p 8 ай бұрын
မရိုင်းပါနဲ့ဗျာ၊
@htetzawhtun_organicfarming2275
@htetzawhtun_organicfarming2275 8 ай бұрын
🤓
How to Make Compost at Home | Kitchen Waste Compost Update
6:35
V87 Garden
Рет қаралды 1,5 МЛН
How to make Compost - The Simplest Easy Method To Compost Piles!
18:10
Growit Buildit
Рет қаралды 4,7 МЛН
Nurse's Mission: Bringing Joy to Young Lives #shorts
00:17
Fabiosa Stories
Рет қаралды 14 МЛН
Фейковый воришка 😂
00:51
КАРЕНА МАКАРЕНА
Рет қаралды 5 МЛН
The FASTEST way to PASS SNACKS! #shorts #mingweirocks
00:36
mingweirocks
Рет қаралды 12 МЛН
အမှိုက်ကို သဘာဝမြေသြဇာ ပြောင်းနေကြသူများ
3:17
RFA လွတ်လပ်တဲ့အာရှအသံ
Рет қаралды 6 М.
How to make EM1/ EM solution preparation / EM fertilizer
5:14
Tanomkinotuan Gardening
Рет қаралды 145 М.
EM Bokashi Myanmar Version
5:31
Aung Moe Hein
Рет қаралды 8 М.
Nurse's Mission: Bringing Joy to Young Lives #shorts
00:17
Fabiosa Stories
Рет қаралды 14 МЛН