Рет қаралды 41,329
TNLA ထိန်းချုပ်မှုအောက် အသက်ပြန်ဝင်လာတဲ့ ကွတ်ခိုင်မြို့ (ရုပ်/သံ)
ယဉ်မွန်၊ ဇန်နဝါရီ ၁၆၊ ၂၀၂၄
ရှမ်းပြည်နယ်မြောက်ပိုင်း၊ တရုတ်-မြန်မာ နှစ်နိုင်ငံ အဓိက ကုန်သွယ်ရေးလမ်းကြောင်းပေါ်မှာ ရှိတဲ့ ကွတ်ခိုင်မြို့ကို
တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) ထိန်းချုပ်မှုအောက်မှာ ပြန်လည်လည်ပတ်နေပါတယ်။
ကွတ်ခိုင် မြို့အတွင်းက မနက်ခင်းစျေးမှာ ဒေသခံပြည်သူတွေရဲ့ စျေးရောင်းယ်ဖောက်ကား နေမှုတွေနဲ့ အတူ TNLA တပ်ဖွဲ့ဝင်တွေရဲ့ လုံခြုံရေးကင်းလှည့်နေတာတွေကို မြင်တွေ့ရမှာပါ။
ကွက်ခိုင် အပါအဝင် TNLA အနေနဲ့ ရှမ်းပြည်နယ် မြောက်ပိုင်းမှာ မြို့ပေါင်း ၇ မြို့ကိုသိမ်းယူထားနိုင်ခဲ့ပြီး၊ စစ်ကောင်စီကင်းစင်နေတဲ့ သိမ်းယူထားတဲ့နယ်မြေတွေထဲမှာလုံခြုံရေး၊အုပ်ချုပ်ရေးစနစ်သစ်ကို ပြည်လည်ထူထောင်သွားဖို့ လုပ်ဆောင်သွားမယ်လို့လည်း TNLA ရဲ့ဥက္ကဌ ဒုတိယ ဗိုလ်ချုပ်ကြီး တားအိုက်ဘုန်းက ပြောကြားထားပါတယ်။