J League အဆင့်ဂိုးသမား အောင်ကျော်ကျော်

  Рет қаралды 32,843

NewsWatch Myanmar

NewsWatch Myanmar

4 ай бұрын

၁၉၉၀ ပြည့်နှစ်များကာလတလျှောက် မြန်မာ့လက်ရွေးစင်အသင်းရဲ့ ပင်တိုင်ဂိုးသမားအဖြစ် ဆယ်စုနှစ်တခုကျော်ကစားခဲ့တဲ့ ဂိုးသမား အောင်ကျော်ကျော်နှင့် ခဏတာ တွေ့ဆုံဖြစ်ခဲ့သည်။
ထိုစဉ်က မြန်မာ့ဘောလုံးလောကတွင် အဆင့်မြင့်တန်းအဖြစ် ဝန်ကြီးဌာနများအလိုက် ယှဉ်ပြိုင်ကစားခဲ့ကြသည့်အချိန်ဖြစ်ကာ အောင်ကျော်ကျော်သည် နာမည်ကျော် လက်ရွေးစင်ကစားသမားများဖြစ်သည့် မျိုးလှိုင်ဝင်း၊ တင်မြင့်အောင်၊ စောဘမြင့်၊ ရဲထွဋ် အစရှိသည့်ကစားသမားများနှင့်အတူ ကာစတန် (ခေါ်) ဘဏ္ဍာအခွန်အသင်းတွင် ပါဝင်ကစားခဲ့သည်။
၁၉၉၈-၉၉ ခုနှစ် အာရှ ကလပ်အသင်းချန်ပီယံဖလား (AFC Championship) ပြိုင်ပွဲအတွက် ဘဏ္ဍာအခွန်အသင်းက ခြေစစ်ပွဲအောင်ခဲ့ပြီး ဂျပန် ထိပ်တန်းကလပ်အသင်းတခုဖြစ်သည့် Jubilo Iwata အသင်းနှင့် ယှဉ်ပြိုင်ကစားခွင့်ရရှိခဲ့သည်။ ထိုပွဲတွင် ဘရာဇီး အသင်းခေါင်းဆောင်နှင့် ကွင်းလယ်ကစားသမား Dunga ၏ Free Kick (အလွတ်တည်ကန်ဘော) ၂ လုံးကို အောင်ကျော်ကျော်က ပုတ်ထုတ်ကာကွယ်နိုင်ခဲ့သည်။ သူ့တွင် J League အဆင့် လက်စွမ်းရှိကြောင်း
Jubilo Iwata နည်းပြ၊ ဘရားဇီးဂန္ထဝင်ကစားသမား Zico က ထုတ်ဖော်ချီးကျူးခဲ့ရသည်။
ကစားသမားဘ၀ အထင်ကရပြိုင်ပွဲများဖြစ်သည့် ၁၉၉၃ Sea Games (အရှေ့တောင်အာရှပြိုင်ပွဲ) ၊ ၁၉၉၅ Sea Games ပြိုင်ပွဲ အမှတ်ရစရာအကြောင်းအရာများကိုလည်း အောင်ကျော်ကျော်က ပြန်ပြောင်းပြောပြထားသည်။
#aungkyawkyaw
#newswatch
#myanmarsports
#jleague

Пікірлер: 28
@user-kz4fq2hx2m
@user-kz4fq2hx2m 4 ай бұрын
ငယ်ငယ်ကဦးအောင်ကျော်ကျော်ဂျာစီ အကွက်ကြီးတွေနဲ့ကျားကွက်လိုလိုပဲ တူတဲ့အနွေးထည်ဆွယ်တာရှိဖူးတယ် နွေမှာဘောလုံးကန်လဲ အဲ့တာကြီးဝတ်ပြီး အောင်ကျော်ကျော်အင်္ကျီဆိုပြီးဂိုးဖမ်းဖူးတယ်
@user-up6zf1ev7m
@user-up6zf1ev7m 4 ай бұрын
မဂ်လာပါ ဦးအောင်ကျော်ကျော် ဂိုသမာထဲမာ အရမ်းအကြိုက်ဆုံး မြန်မာဂုဏ်ဆောင်တဦးပါ
@user-hb3fo6sj7p
@user-hb3fo6sj7p 3 ай бұрын
လေးစားပါတယ် ဦးအောင်ကျော်ကျော် မြန်မာသမိုင်းမှာ ရှိခဲ့သည်
@flowerphoneflowerphone7529
@flowerphoneflowerphone7529 4 ай бұрын
ကိုတွေတချိန်က သိပ်ကြိုက်ခဲ့ရတဲ့ ဂိုးသမားပေါ့❤❤❤❤❤❤
@phoeaung8137
@phoeaung8137 4 ай бұрын
မင်းသိတာတွေပြောမှာလား အင်တာဗျူးမှာလား
@user-ul5yx1um3q
@user-ul5yx1um3q 3 ай бұрын
မြန်မာ ဂိုးသမားထဲမှာ မြေထောက်ဘောကို ကျွမ်းကျွမ်းကျင်ကျင် ကန်တတ်တဲ့ ဂီုးသမားကြီးပါ 👍
@minsitthuya-wx5jz
@minsitthuya-wx5jz 4 ай бұрын
မြက်ခင်းသစ်မဂဇင်းမျက်နှာဖုံးမှာအောင်ကျော်ကျော်ပုံပါလို့စာအုပ်ဝယ်သိမ်းခဲ့ဘူးတယ်၊အရမ်းကြိုက်တဲ့ဂိုးသမားပါ၊ဒေါသကြီးတာတခုဘဲ.............
@user-fs7qu3yg2o
@user-fs7qu3yg2o 4 ай бұрын
ကွယ်လွန်သွားတဲ့ ထိုင်းဂိုးသမားက ဝါချာရာဖောင်
@Ye78131
@Ye78131 4 ай бұрын
အာာ!!! ဒီ interviewer က ဘာတုန်းဟ ဘောအကြောင်းတွေ စွန်းသိနေပါလား 😳😳😳
@u33hight
@u33hight 4 ай бұрын
အောင်ကျော်ကျော်က အကောင်းဆုံး ဂိုးသမားတစ်ယောက်ပါ
@sunmoon-kb5ls
@sunmoon-kb5ls 4 ай бұрын
ငယ်ထဲက အကြိုက်ဆုံးအသင်းလေ မနက်မိုးလင်းတာနဲ့မြန်မာအသင်းကြောင်းပဲပြောဖြစ်ကြတယ်
@thettun-np5sf
@thettun-np5sf 3 ай бұрын
စောဘမြင့်အကြောင်းလေးတင်ပေးပါဦး
@TharGyi-jf7or
@TharGyi-jf7or 4 ай бұрын
လက်လှမ်းမှီသလောက်မြန်မာဂိုးသမားတွေထဲမှာအောင်ကျော်ကျော်နဲ့အောင်အောင်ဦး👍🖐️
@phonethutaaung5277
@phonethutaaung5277 3 ай бұрын
အကြိုက်ဆုံးကတော့ ဖက်နက်ကြိုးချီးတာဘဲ❤❤❤❤❤❤😂😂😂😂အားရမ်းကြိုက်တယ်ဗျာ
@nayayelin-nk4hc
@nayayelin-nk4hc 4 ай бұрын
၉၃ ဖိုင်နယ်မှာ ထိုင်းရတဲ့ နောက်ဆုံးဂိုးဥ တကယ့်ကိုကြက်ဂိုးကြီးပါ၊ အဲ့ဒီပွဲခြေက မြန်မာကသာပါတယ်၊ အဲ့ဒီခေတ်က အောင်ကျော်‌ကျော် ရှိနေလို့ အရပ်မြင့်တဲ့ ဂိုးသမား စိုင်းမောင်မောင်ဦး က ဒုတိယဂိုးသမားဖြစ်ခဲ့ရတယ်၊ အဲ့ဒီခေတ် ရှေ့က ၁၉၈၄-၈၅ ချန်မီယံ မကွေးတိုင်းက ဂိုးသမားကြီး ကံညွန့် အကြောင်းလည်း လုပ်စမ်းပါဦး
@user-op3qd2ip5k
@user-op3qd2ip5k 4 ай бұрын
ယောက်ဖရေ မင်းကိုတွေ့တော့ MPK ကိုသတိရတယ်
@LovelyBanyanTree-vn5fh
@LovelyBanyanTree-vn5fh 2 ай бұрын
၁၆နှစ်မပြည့်ခင် လူငယ်ပဲဖြစ်ဖြစ်လက်ရွေးစင်ဖြစ်တာမြန်မာပြည်မှာမရှိပါဘူးဗျာ။ သက္ကရာဇ်ဖြိုထားတာပဲဖြစ်မှာပါ။ ဘောလုံးပွဲတကယ်ကြည့်ခဲ့သူတွေကသိပါတယ်နော်။
@KanPawThar
@KanPawThar 4 ай бұрын
19:20 လောက်မှာမေးတဲ့ မေးခွန်းက အကောင်ဆုံး ... အကက ရဲ့အသိက လူလားမမြောက်သေးတော့ Q နဲ့ A က ခါးတောင်းကျိုက်တခြား Fတခြား...😇😇
@chossuthi8136
@chossuthi8136 4 ай бұрын
အရင်ပုံစံအတိုင်းပါပဲ။ထိုင်းနဲ့ပွဲ မှာ ကြည့်ချင်လွန်းလို့လဖက်ရည်ဆိုင်မှာသွားကြည့်ခဲ့ရတယ်။ဘယ်လောက်ဂိုးဖမ်းဖမ်း ဆံပင်ပုံစံမပျက်ဘူး။ခုရောပဲ။
@user-nj9nd9ci2q
@user-nj9nd9ci2q 3 ай бұрын
ကရင်ကြီး ရေ ဆရာဦးအောင်ဆန်း ကျော်ကို ရှိသေ:လားဗျာ.
@satanhimself1018
@satanhimself1018 4 ай бұрын
ဂန္တဝင်ကြီး
@user-nc2kw5zj7o
@user-nc2kw5zj7o 4 ай бұрын
အောင်ကျော်ကျော်တို့မျိုးလှိုင်ဝင်းတို့ဆိုတာနိုင်ငံရဲ့ဂုဏ်ကိုမကြည့်ပဲလာဘ်အစားဆုံးကောင်တွေပါ။
@user-nx2wi2nr5z
@user-nx2wi2nr5z 3 ай бұрын
သန်းတိုးအောင် မျိုးလူိင်ဝင်း မောင်မောင်ဦးအတွဲညီခဲ့တဲ့အကြိုက်ဆုးံအချိန်၉၀ကျော်ခုနစ်တွေ
@user-ty7tf2sh6d
@user-ty7tf2sh6d 4 ай бұрын
နသီး
@NyiTun-lz9bp
@NyiTun-lz9bp 3 ай бұрын
တချိန်ကမြန်မာအသင်အတွက်အာအထားရဆုံးဂိုးသမားကိုအောင်ကျော်ကျော်ပါကျန္မာချမ်းသာပါစေ
@user-li2sb5eq6y
@user-li2sb5eq6y Ай бұрын
၁၈နှစ်အရွယ်တုန်းကဂိုးသမားအောင်ကျော်ကျော်ကိုအကြိုက်ဆုံးပါ
@user-ez1ff5fn5f
@user-ez1ff5fn5f 4 ай бұрын
ဂိုးသမားအောင်ကျော်ကျော်ကဘယ်လိုကြီးဖြစ်သွားတာပါလိမ့်မှတ်တောင်မမှတ်မိ
@jameszarni2052
@jameszarni2052 4 ай бұрын
မိုင်းဖြတ်ကိုမလွှမ်းဘူးလားဦးအောင်ကျော်ကျော်
Heartwarming: Stranger Saves Puppy from Hot Car #shorts
00:22
Fabiosa Best Lifehacks
Рет қаралды 20 МЛН
ROCK PAPER SCISSOR! (55 MLN SUBS!) feat @PANDAGIRLOFFICIAL #shorts
00:31
ဗဟာဒူး ( ခေါ် ) ဆွတ်ဗဟာဒူး
6:02
Myanmar vs Thailand 1993 seagames final part1
6:50
myanmarnationaleague
Рет қаралды 471 М.
ဦးလာဘ လူသားတကယ်စားခဲ့သလား
11:28
Heartwarming: Stranger Saves Puppy from Hot Car #shorts
00:22
Fabiosa Best Lifehacks
Рет қаралды 20 МЛН