Рет қаралды 183
ကနေဒါနဲ့ပွဲမှာ မက်ဆီကြံ့ခိုင်မှုအပြည့်နဲ့ ပါဝင်မယ်လို စကာလိုနီပြော
CNI Sport News
၂၀၂၄ ခုနှစ်၊ ဇူလိုင် ၉
အာဂျင်တီးနားအသင်းနည်းပြ စကာလိုနီက အသင်းခေါင်းဆောင် မက်ဆီဟာ ကနေဒါအသင်းနဲ့ ယှဉ်ပြိုင်ရမယ့် ကိုပါအမေရိကဖလားပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်မှာ ကြံ့ခိုင်မှုအပြည့်နဲ့ ပါဝင်နိုင်မယ်လို ပြောခဲ့ပါတယ်။
စကာလိုနီက “မက်ဆီဟာ ကြံ့ခိုင်မှုအပြည့်နဲ့ ဒီပွဲကို ပါဝင်မယ်ဆိုတာ သံသယမရှိပါဘူး။ ဒါဟာ ကျနော့်အတွက် အလွန်လွယ်ကူတဲ့ ဆုံးဖြတ်ချက်ပါ။ သူဟာ ကြံ့ခိုင်မှု အပြည့်ရှိတိုင်း အမြဲတမ်းကစားသလို ၁၀၀ ရာခိုင်နှုန်း ကြံ့ခိုင်မှု မရှိရင်တောင် ကစားတဲ့သူပါ။ သူဟာ ကျနော်တိုအတွက် မရှိမဖြစ်တဲ့သူပါ”လို ပွဲကြိုသတင်းစာ ရှင်းလင်းပွဲမှာ ပြောခဲ့တာပါ။
Websiteတွင်ဖတ်ရှုရန်........cnimyanmar.com...
Source: CNA
#မက်ဆီ #ကိုပါအမေရိကဖလား #အာဂျင်တီးနားအသင်း #အားကစား #နိုင်ငံတကာ #CNISport #cnimyanmar
CNI Facebook Link--------www.facebook.c...
CNI Telegram Channel-----t.me/ChannelNe...
CNI Twitter Link----- / channelnewsind1