ကိုးကန့်ဒေသရှိ စစ်တပ်၏ စခန်း ၃၀ ကျော်သိမ်းပိုက်ခံရပြီး တင့်ကားနှစ်စီးပါ ဖျက်ဆီးခံရ | MAWKUN

  Рет қаралды 1,227

MawKun Magazine

MawKun Magazine

9 ай бұрын

ကိုးကန့်ဒေသရှိ အာဏာသိမ်းစစ်တပ်၏ စခန်း ၃၀ ကျော်သိမ်းပိုက်ခံရပြီး တင့်ကားနှစ်စီးပါ ဖျက်ဆီးခံရ
ကိုးကန့် - ၂၀၂၃ အောက်တိုဘာ ၂၈ (မော်ကွန်း)
မနေ့က မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ဖြစ်တဲ့ ကိုးကန့်တပ်ဖွဲ့ (MNDAA)၊ တအောင်းတပ်ဖွဲ့ (TNLA) နဲ့ ရက္ခိုင့်တပ်တော်(AA) တို့နဲ့အတူ တော်လှန်ရေးတပ်ဖွဲ့တွေ ရှမ်းပြည်မြောက်ပိုင်း၊ လားရှိုး၊ ချင်းရွှေဟော်၊ လောက်ကိုင်၊ ကိုးကန့်ဒေသတွေကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာမှာ အာဏာသိမ်းစစ်တပ်ရဲ့ စခန်း ၃၀ ကျော် သိမ်းပိုက်ခံလိုက်ရတယ်လို့ ကိုးကန့်ဘက်ကပြောပါတယ်။
ဒီနေ့ဆိုရင်လည်း တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေပြီး အာဏာသိမ်းစစ်တပ်ရဲ့စခန်း အနည်းဆုံးလေးခုလောက် ထပ်မံသိမ်းပိုက်ခံနေရပါတယ်။
ဒီကနေ့မှာ ကိုးကန့်တပ်ဖွဲ့က ကိုးကန့်ဒေသမှာရှိတဲ့ စစ်ဘက်၊ အရပ်ဘက်အဖွဲ့ဝင်တွေ လက်နက်ချပြီး အလင်းဝင်ဖို့ သတိပေးလိုက်ပြီး မလိုက်နာရင် အပြစ်ပေးအရေးယူမယ်လို့ဆိုပါတယ်။
စစ်ရေးသတင်းတွေမှာဆိုရင် အာဏာသိမ်းစစ်တပ်ဘက်က တင့်ကားနှစ်စီးကို ကိုးကန့်တပ်ဖွဲ့ဘက်က ဖျက်ဆီးထားပြီး ဖမ်းဆီးရမိသူတွေနဲ့ စခန်းသိမ်းပွဲတွေမှာ ကျဆုံးတဲ့ အာဏာသိမ်းစစ်တပ်ဘက်က အလောင်းတွေကိုလည်း တွေ့နေရပါတယ်။
အာဏာသိမ်းစစ်တပ်ဘက်ကတော့ စစ်အင်အားတွေ မနေ့ကတည်းက ဖြည့်တင်းနေသလို လေကြောင်းကနေလည်း တိုက်ခိုက်နေပြီး မြေပြင်ကနေ အတွဲလိုက်ပစ်မစ်ဆိုင်းဒုံးတွေ၊ ဟောင်ဝစ်ဇာလက်နက်ကြီးတွေနဲ့ပါ ဆက်တိုက်ပစ်ခတ်ပြီး ခုခံနေရပါတယ်။
ကိုးကန့်ဒေသတိုက်ပွဲတွေကြောင့် ထောင်ချီတဲ့ပြည်သူလူထုဟာ ထွက်ပြေးတိမ်းရှောင်နေရပြီး ကိုးကန့်ဘက်ကတော့ ၁၀၀၀ လောက်ကို ဘေးကင်းရာကို ပို့ဆောင်ထားတယ်လို့ပြောပါတယ်။

Пікірлер: 1
@landstar3657
@landstar3657 8 ай бұрын
Great job MNDAA!!!
Jammu Attacks: Pakistan’s new terror  gameplan
33:42
India Today
Рет қаралды 12 М.
УГАДАЙ ГДЕ ПРАВИЛЬНЫЙ ЦВЕТ?😱
00:14
МЯТНАЯ ФАНТА
Рет қаралды 3,4 МЛН
НРАВИТСЯ ЭТОТ ФОРМАТ??
00:37
МЯТНАЯ ФАНТА
Рет қаралды 1,5 МЛН
မနက်ခင်းသတင်း (၂၀၂၄ ဇူလိုင် ၂၄ ရက်)
5:13
RFA လွတ်လပ်တဲ့အာရှအသံ
Рет қаралды 47 М.
Yangon New City Plan
10:18
RFA လွတ်လပ်တဲ့အာရှအသံ
Рет қаралды 56 М.
УГАДАЙ ГДЕ ПРАВИЛЬНЫЙ ЦВЕТ?😱
00:14
МЯТНАЯ ФАНТА
Рет қаралды 3,4 МЛН