ကျူးကျော်လာတဲ့ BGF ဗိုလ်မုတ်သုန်အဖွဲ့နဲ့ အာဏာသိမ်းစစ်တပ်ကို ကော်ဘရာစစ်ကြောင်းတိုက်ခိုက် | MAWKUN

  Рет қаралды 10,419

MawKun Magazine

MawKun Magazine

2 жыл бұрын

မြဝတီ-ဝေါ်လေကားလမ်းတစ်လျှောက် နယ်မြေတွေကို ကျူးကျော်လာတဲ့ အာဏာသိမ်းစစ်တပ်နဲ့ သူ့လက်အောက်ခံ နယ်ခြားစောင့်တပ်တွေကို ကေအဲန်ယူ ကော်ဘရာစစ်ကြောင်းက ဒီကနေ့ တိုက်ခိုက်လို့ သေဆုံးသူအမြောက်အများရှိနေပါတယ်။
အာဏာသိမ်းစစ်တပ် တပ်မ (၄၄) လက်အောက်ခံ ခမရ(၂၀၇)၊ ခလရ(၈)၊ ခမရ(၂၀၄)၊ ခမရ(၉) ၊ ခမရ(၁၀၂) နဲ့ လက်ရုံးတပ်ဖွဲ့တွေ၊ ဗိုလ်မုတ်သုန် ဦးစီးတဲ့ BGF အင်အား (၁၀၀) ခန့်ပါဝင်တဲ့ စစ်ကြောင်းတွေဟာ ကျူးကျော်လာတာလို့ ကော်ဘရာစစ်ကြောင်းက ထုတ်ပြန်ပါတယ်။
ခမရ(၂၀၇) ပါဝင်တဲ့ အာဏာသိမ်းစစ်တပ်စစ်ကြောင်းဟာ မြဝတီ-ဝေါ်လေ ကားလမ်းပေါ်ရှိ သုံးထပ်ကွေ့ (ဒေသအခေါ်) နေရာကို ‌မနေ့က ရောက်ရှိလာခဲ့ရာ လုံခြုံရေး ရယူထားတဲ့ ကော်ဘရာစစ်ကြောင်းနဲ့ ထိတွေ့ပစ်ခတ်မှုတွေ ဖြစ်ပွားနေတယ်လို့ ဆိုပါတယ်။
ဒီကနေ့ မနက် ၉း၀၀ နာရီ အချိန်ထိ အာဏာသိမ်းစစ်တပ်ဘက်က ဗိုလ်ကြီးတစ်ဦး၊ ဆေးမှူး တစ်ဦး အပါအဝင် အလောင်း (၅) လောင်း အတည်ပြုတွေ့ရှိထားပြီး ၎င်းတို့တပ်သား အများအပြား ထိခိုက်သေဆုံး၊ ဒဏ်ရာ ရရှိထားကြောင်း ကော်ဘရာစစ်ကြောင်းက ထုတ်ပြန်ပါတယ်။
အာဏာသိမ်းစစ်တပ်ဘက်က MA -1 တစ်လက်၊ ၎င်းကျည် (၅.၅၆) ကျည် (၄၇၅) တောင့်၊ ကျည်ဘောက်(၄) ခု၊ အီနာဂါ ဗုံးသီး တစ်လုံး၊ အခြားဆက်စပ်ပစ္စည်းတွေ ရရရှိထားပြီး ကော်ဘရာစစ်ကြောင်းဘက်က စစ်သည်တော််တွေ ကျဆုံး၊ ထိခိုက်၊ဒဏ်ရာ မရရှိကြောင်း ဆိုပါတယ်။
မှော်ဘီလေတပ်မှတိုက်လေယာဉ်တစ်စင်းသည် ဒီကနေ့ နံနက် (၄)နာရီခွဲ ခန့်အချိန်က လေ့ကေ့ကော်ဒေသရှိ ကော်ဘရာစစ်ကြောင်း လုံခြုံရေး ရယူထားသော တောင်ကုန်းတစ်ခုပေါ်ကို လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ပေမယ့် ကော်ဘရာစစ်သည်တွေ ဘေးကင်းလျက်ရှိနေတယ်လို့ ဆိုပါတယ်။
ရုပ်သံ - ဒီကနေ့မနက် သိမ်းဆည်းရမိသည့် လက်နက်နှင့် တိုက်ပွဲမှတ်တမ်း အတို ။
File Source - Cobra Column

Пікірлер: 3
@user-lm7vv2hc1g
@user-lm7vv2hc1g 2 ай бұрын
အနီးကပ်ရှင်းအောင် ရိုက်ပြပါလားဟုတ်မဟုတ်
@tayza2225
@tayza2225 2 ай бұрын
လှချက်ကွာအမေ့သားများ
ЧУТЬ НЕ УТОНУЛ #shorts
00:27
Паша Осадчий
Рет қаралды 8 МЛН
路飞被小孩吓到了#海贼王#路飞
00:41
路飞与唐舞桐
Рет қаралды 78 МЛН
This is not my neighbor  Terrible neighbor! #funny #zoonomaly #memes
00:26
Mapping the Trump Shooting
6:12
fern
Рет қаралды 13 МЛН
မိကသိုက သူကြီးမ | MAWKUN
5:10
MawKun Magazine
Рет қаралды 14 М.