လေးကေကော် ဗျုဟာကုန်းကို KNLA သိမ်းပိုက်... ကန်ပိုက်တည်က BGF စခန်းကို KIA သိမ်းပိုက်...

  Рет қаралды 10,059

Htet Aung Kyaw

Htet Aung Kyaw

Күн бұрын

လေးကေကော် ဗျုဟာကုန်းကို KNLA သိမ်းပိုက်... ကန်ပိုက်တည်က BGF စခန်းကို KIA သိမ်းပိုက်... ၁၀၂၇ ဒုတိယလှိုင်း နောက်ဆုံးရ သတင်းများ...
(၁၈- ၁၀- ၂၀၂၄)
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ လေးကေ့ကော်မြို့သစ်အနီးရှိ စစ်ကောင်စီတပ်ရဲ့ စွယ်တော်ကုန်း- လက်နက်ကြီး ဗျူဟာစခန်းကို အပြီးသိမ်းလိုက်ပြီ၊ လေးကေကော်မှာ စစ်ကောင်စီကင်းစင်သွားပြီလို့ Cobra Column 2 က သတင်းထုတ်ပြန်ပါတယ်။
အောက်တိုဘာ ၁၇ ရက်၊ မနက် ၅ နာရီမှာ KNLA- ကရင့်အမျိုးသားလွတ်မြောက်ရေးတပ်မတော်နဲ့ PDF-ပြည်သူ့ကာကွယ်ရေးတပ် ပူးပေါင်းအဖွဲ့တွေက အခုလို သိမ်းလိုက်တာဖြစ်ပါတယ်။ နယ်မြေရှင်းလင်းတဲ့အခါ လက်နက်များစွာနဲ့ စစ်သုံးပန်းအချို့ဖမ်းမိတယ်လို့ ဆိုရှယ်မီဒီယာတွေမှာ သတင်းတွေပြန့်နေပေမယ့် Cobra Column 2 ကြေညာချက်မှာတော့ အသေးစိပ် ဖေါ်ပြမထားပါဘူး။
ဒေသခံပြည်သူတွေနဲ့ တော်လှန်ရေးအဖွဲ့တွေကို ဒုက္ခပေးနေတဲ့ ဒီလက်နက်ကြီးစခန်း၊ စွယ်တော်ကုန်းကို ၃ လနီးပါးကြာ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရတာဖြစ်တယ်လို့ ဖေါ်ပြထားပါတယ်။
ဒါ့အပြင်...
ကန်ပိုက်တည် မြို့အဝင်က နယ်ခြားစောင့်တပ် ၁၀၀၃ ရဲ့ အဓိက ကာကင်းစခန်းကို KIA-က သိမ်းပိုက်...
BGF တွေ၊ ပြည်သူ့စစ်တွေ အချိန်မီ ဘက်ပြောင်းကြဖို့ KIA နိုးဆော်...
မြင်းမူမြို့ ရဲစခန်းနဲ့ အထက (၁) ကျောင်းဝင်းအတွင်း တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို ဒေသခံတော်လှန်ရေးတပ်တွေက ဝင်ရောက်တိုက်ခိုက်...
ရွှေဘိုမြို့နယ်၊ မြင်းချင်း ပျူရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို ဒေသခံတော်လှန်ရေးတပ်တွေက ဝင်ရောက်တိုက်ခိုက်...
ယောနယ်ကို စစ်ကောင်စီတိုက်လေယာဉ်က ဗုံးကြဲတိုက်ခိုက်မှုအတွင်း တော်လှန်ရေး ရဲဘော် ၂ ဦး ကျဆုံး...
... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။
(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်
/ burmanewsnetwork ကို Subscribe လုပ်ရန်
တိုက်တွန်းပါသည်။
သတင်းနှင့် ဗီဒီယိုကလစ်များကို t.me/burmanews... မှာလည်း
ကြည့်ရှုနိုင်ပါသည်။)

Пікірлер: 9
World‘s Strongest Man VS Apple
01:00
Browney
Рет қаралды 62 МЛН
On the Front Lines With Ukraine’s Killer Drone Pilot | WSJ
13:26
The Wall Street Journal
Рет қаралды 208 М.
Webinar: AI Powered Tools for People Who Are Blind
1:04:07
The Lighthouse for the Blind, Inc.
Рет қаралды 2,9 М.
Incredible Moments Caught on Camera
30:40
UNSORTED
Рет қаралды 4,5 МЛН