Рет қаралды 44,133
ဒီတစ်ခေါက် Authentic Travel အဖွဲ့သားတွေရောက်ခဲ့တဲ့နေရာလေးကတော့ Mergui Archipleago လို့ခေါ်တဲ့ မြန်မာနိုင်ငံရဲ့တောင်ဘက်စွန်းမှာရှိတဲ့ Virgin Islands တွေစုဝေးရာ မြိတ်ကျွန်းစုရဲ့ အလှတရားတွေရှိရာဆီကိုပါပဲ။
မြိတ်ကျွန်းစုတွေ ဘယ်လောက်များတောင်လှသလဲဆိုရင် အိမ်နီးချင်းနိုင်ငံကလူတွေတောင် သူတို့နိုင်ငံက ကမ်းခြေ တွေကိုကျော်လွန်ပြီး ကိုယ်တို့ရဲ့ မြိတ်ကျွန်းစုတွေရှိရာကို တဖွဲဖွဲလာလည်ကြတာကိုတွေ့ရတာ။ ကျွန်းပေါင်း ၈၀၀ ကျော်ရှိတဲ့ Mergui Archipleagoလို့ခေါ်တဲ့ ကိုယ်တို့ရဲ့မြိတ်ကျွန်းစုမှာ ကျွန်းတစ်ခုချင်းစီတိုင်းက အဖိုးမဖြတ်နိုင်အောင် လှလွန်းတာပါ။ Authentic Travel အဖွဲ့သားတွေရောက်ခဲ့တဲ့ကျွန်းတွေကတော့ သူဌေးကျွန်း ၊ ကြက်မောက်ကျွန်း (ခ) အသည်းပုံကျွန်း ၊ မြင်းခွာကျွန်း ၊ စေတန်ကျွန်း ၊ ငလုံးလဖယ်ကျွန်း နဲ့ ညောင်ဦးဖီးကျွန်းတို့ပါပဲ။