မမေ့သေးတဲ့ အမေ့အကြောင်း (ခရမ်းပြာထက်လူ)

  Рет қаралды 35

Poems & Readers Channel  (DREAMS)

Poems & Readers Channel (DREAMS)

Күн бұрын

#မမေ့သေးတဲ့အမေ့အကြောင်းကဗျာ
=========================
ငါတို့အမျိုးက သေတာတောင်
ငါးပြေမလို ဆူးတောင်ကားပြီးသေမယ်
အချိုးမပြေရင် အဲဒီဖဲထုပ်ကို
ငှက်တောင်ပံခတ်သလို တဖျပ်ဖျပ်ကလဖန်ထိုး
အမေ့လက်ထံမှာ
ကင်းရော ကုလားရော စပိတ်တစ်တွေရော
တဖြန်းဖြန်းပါးအရိုက်ခံရ
သတိရမှုဟာ
မီးပလပ်ပေါက်ထဲ
မီးရထားတစ်စင်း ထိုး၀င်သွားသလိုပါပဲ
ဟိုတုန်းက နှင်းတွေကျနေတုန်း
ကျွန်တော်ကျဆုံးမှာကြောက်လို့
စက်ရုံထဲ၀င်လိုက်ထွက်လိုက်နဲ့
ကျွန်တော့်လွယ်အိတ်ကို သိုင်းလွယ်ရင်း
အမေပါ ကျောင်းထဲကို ၀င်လိုက်ထွက်လိုက်
နှင်းထဲမှာ
တကယ့်ဂေါ်ကီရဲ့ Mother အမေ
စာတစ်လုံးမှ မတတ်ပေမယ့်
တာဗိုအင်ဂျင်တစ်လုံးလို လည်ပတ်
ကျွန်တော့်ရှေ့မှာ
အမေဟာ နိုင်ငံတော်အလံတစ်ခုလို မားမားမတ်မတ်ရပ်
ရေဒါတစ်ခုလို
တောကြီးမျက်မည်းထဲရောက် သံလိုက်အိမ်မြှောင်တစ်လုံး
ခပ်စွာစွာ
ကျွန်တော်ဆာနေတဲ့ လမ်းတွေကို ၀ယ်ကျွေးမွေးခဲ့တာ
သူများတွေချစ်တာ
ငါဆဲနေသလောက်ပဲရှိတယ်
ပြန်ဖြေလို့မရအောင် ဆံပင်တွေဖြူလာသလို
မေတ္တာတရားရဲ့ ပျားရည်ထဲ ပြေးမရအောင်နစ်လို့
လောကဓံ-၈စိတ်ကို ချွေးခံအင်္ကျီအိတ်ကလေးထဲထည့်
သားတွေကို တစ်ယောက်ချင်း
လောကအတွင်း မောင်းသွင့်ခဲ့တာ
အမေဘာလိုချင်လို့လဲ
မြောက်ဘက်က နှင်းတွေကို သပ်ချရင်းလာတဲ့အမေ
ကျွန်တော်တို့ စုန်နေတုန်းမှာပဲ
ဆန်တက်ကောင်းနေတဲ့ အမေ
အေမေလ
ဂြိုလ်တုကနေလှမ်းကြည့်ရင်
စီးဆင်းခြင်းနဲ့ဆန်တက်ခြင်း
ကမ္ဘာကြီးရဲ့သွားကြားမှာ (မေတ္တာတရားရဲ့)
အလျှိူးရာကြီးတစ်ခုအဖြစ် ဖြတ်ပြေးနေတာတွေ့ရမယ်။ ။
#ခရမ်းပြာထက်လူ
#poems
#podcast #audiolibrary #audiobook #mother #poetry #saiphyowai #ကဗျာရသ

Пікірлер
သို့....မမနုကြည် (ဆန်းကျော်စွာဝင်း)
22:51
Poems & Readers Channel (DREAMS)
Рет қаралды 3,8 М.
He bought this so I can drive too🥹😭 #tiktok #elsarca
00:22
Elsa Arca
Рет қаралды 59 МЛН
So Cute 🥰
00:17
dednahype
Рет қаралды 56 МЛН
Остановили аттракцион из-за дочки!
00:42
Victoria Portfolio
Рет қаралды 3,2 МЛН
စိုင်းထီးဆိုင် Unplugged Live
46:37
‌အလောင်းလှေ(သန်းတင့်)
9:34
Poems & Readers Channel (DREAMS)
Рет қаралды 206
He bought this so I can drive too🥹😭 #tiktok #elsarca
00:22
Elsa Arca
Рет қаралды 59 МЛН