မိုးကုတ်က ရွှေမျက်ဝန်းစခန်းကို TNLA သိမ်းပိုက် ... မတူပီက ခလရ (၁၄၀) ကို ချင်းညီနောင် သိမ်းပိုက် ...

  Рет қаралды 20,470

Htet Aung Kyaw

Htet Aung Kyaw

Күн бұрын

မိုးကုတ်က ရွှေမျက်ဝန်းစခန်းကို TNLA သိမ်းပိုက် ... မတူပီက ခလရ (၁၄၀) ကို ချင်းညီနောင် သိမ်းပိုက် ... နောက်ဆုံးရ တိုက်ပွဲသတင်းများ
(၁- ၇- ၂၀၂၄)
၁၀/၂၇ စစ်ဆင်ရေး အပိုင်း (၂)၊ ၆ ရက်မြောက်နေ့မှာ မိုးကုတ်၊ မိုးမိတ်၊ နောင်ချို မြို့နယ် ၃ ခုအတွင်း တိုက်ပွဲတွေဆက်လက်ပြင်းထန်ပြီး မိုးကုတ်နဲ့ မိုးမိတ်မှာ စခန်း ၂ ခု သိမ်းနိုင်ခဲ့တယ်လို့ PSLF/ TNLA တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် ပြောခွင့်ရက BNN ကို ပြောပါတယ်။
အဲဒီးခစန်း ၂ ခုကတော့ မိုးကုတ်က ရွှေမျက်ဝန်းတပ်စခန်းနဲ့ မိုးမိတ်က ကင်းချောင်းတံတားစခန်းတို့ဖြစ်တယ်လို့ PSLF/ TNLA ပြောခွင့်ရ လွေးယေဦးက ပြောပါတယ်။
မိုးကုတ်တိုက်ပွဲမှာ TNLA နဲ့အတူ PDF (မိုးကုတ်ဗျူဟာ)၊ PDF(513)တပ်ရင်း၊ မိုးကုတ် ပကဖ တို့ပါဝင်ပြီး မိုးမိတ်တိုက်ပွဲမှာတော့ PLA- ပြည်သူ့လွတ်မြောက်ရေးတပ်မတော်နဲ့ PDF တွေပါဝင်တယ်လို့ ဆိုပါတယ်။
နောင်ချိုတိုက်ပွဲမှာတော့ DPLA -ဓနုအမျိုးသားလွတ်မြောက်ရေးတပ်မတော်နဲ့ MDY-PDF တို့ပါဝင်နေပြီး ၆၀၆ တပ်ရင်းကို ထိုးစစ်ဆင်နေဆဲဖြစ်ကာ ရှုခင်းသာရှိ ခမရ (၁၄၆) ကိုတော့ ဇွန် ၂၈ မှာ သိမ်းပိုက်ခဲ့တယ်၊ စစ်ကောင်စီ အလောင်း ၂၀ ခန့်နဲ့လက်နက်ခဲယမ်းများစွာ သိမ်းမိတယ်လို့ လွေးယေဦးက ပြောပါတယ်။
မိုးမိတ်တိုက်ပွဲမှာပါဝင်နေတဲ့ PLA ရဲ့ ထုတ်ပြန်ချက်အရ ဇွန် ၂၉ မှာသိမ်းပိုက်လိုက်တဲ့ ကင်းချောင်းတံတားစခန်းဟာ သပိတ်ကျဉ်းမြို့နယ်နဲ့ မိုးမိတ်မြို့လမ်းပေါ်ရှိ အရေးကြီးတံတားဖြစ်ပြီး ဒီလမ်းကြောင်းတခုလုံးကို တာ်လှန်ရေးတပ်တွေက အပြည့်အ၀ ထိန်းချုပ်ထားလိုက်ပြီလို့သိရပါတယ်။
ကင်းချောင်းတံတားစခန်းသိမ်းတိုက်ပွဲမှာ စစ်ကောင်စီဖက်က ၃ ဦးသေ၊ တဦးကို လက်ရဖမ်းမိ၊ ကျန်လူတွေ ဒဏ်ရာနဲ့ထွက်ပြေးသွားတယ်လို့ဖေါ်ပြပြီး PLA ဟာ ၁၀၂၇ စစ်ဆင်ရေး အပိုင်း (၂) စတင်တဲ့ ဇွန် ၂၅ ကတည်းက တိုက်ပွဲထဲ ပါနေတယ်လို့လည်း ဖေါ်ပြထားပါတယ်။
ဒါ့အပြင်...
- လားရှိုးမြို့ မြောက်ဘက်၊ နမ့်ဖူးယိုင်ရှိ ညီနောင် ၃ ဖွဲ့နယ်မြေထဲ စစ်ကောင်စီတပ်က ကျုးကျော်လာတဲ့အတွက် ဇွန် ၂၉ မှာ ခုခံတိုက်ခိုက်စဉ် MNDAA ရဲဘော် ၂ ဦးကျဆုံးပြီး ၃ ဦးဒဏ်ရာရတယ်လို့ MNDAA - က ပြောဆို...
- ချင်းပြည်နယ်၊ မတူပီမြို့ရှိ ခလရ (၁၄၀) နဲ့ ဗျုဟာကုန်းကို ဇွန် ၂၉ မှာ သိမ်းပိုက်လိုက်ပြီလို့ ‘ချင်းညီနောင်’ အဖွဲ့ရဲ့ ပြောခွင့်ရပုဂ္ဂိုလ်တဦးဖြစ်သူ ဆလိုင်းယောမာန်က ပြောကြား...
- လွိုင်ကော်-မိုးဗြဲ လမ်းပိုင်းမှာ စစ်ကောင်စီရဲ့ဒရုန်းတစီးကို တော်လှန်ရေးအင်အားစုတွေပစ်ချခဲ့တယ်လို့ ဖယ်ခုံ PDF ၁၀၀၆ တပ်ရင်းက သတင်းထုတ်ပြန်...
... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။
(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe
လုပ်ရန် တိုက်တွန်းပါသည်။ / burmanewsnetwork )

Пікірлер: 6
@thanhlaing327
@thanhlaing327 3 ай бұрын
အားလုံးသောမိသားစုကျန်းမာချန်းသာကြပါစေ
@AyeThin-c9v
@AyeThin-c9v 3 ай бұрын
မဂ်လာနံနက်ခင်းလေးပါ ကိုနေထူးနဲ့BNN ရေ မျှဝေတာကျေးဇူးအများကြီးတင်ပါတယ် 👋👋👋💙💙ပြည်သူကာကွယ်ရေးတိုင်းရင်းသားချစ်သောအားလုံး ကျန်မာဘေးကင်းရန်ကွာကြပါစေအစစအရာရာအဆင်ပြေပါစေလို့ရာပန်းတိုင်းကိုဘေးဘရာကင်းစွာရှောက်လမ်းနိုင်ကြပါစေ 🙏🙏🙏🤘🤘⭐⭐
@sansanyuu9474
@sansanyuu9474 3 ай бұрын
မြန်မာနိုင်ငံတစ်ဝှမ်း၌တိုက်ပွဲဝင်နေကြသောပြည်သူ့သူရဲကောင်းတွေဘေးကင်း၍အထိအခိုက်မရှိဘဲအောင်မြင်ကြပါစေ
@CabNag-xf6rq
@CabNag-xf6rq 3 ай бұрын
စကစသည်ဗမာ့လူမျိုးအကြမ်းဖက်သူခိုးတပ်မြန်မာနိုင်ငံရဲ့စစ်တပ်မဟုတ်
@jyawjyaw972
@jyawjyaw972 3 ай бұрын
မဂ်လာပါ
@CabNag-xf6rq
@CabNag-xf6rq 3 ай бұрын
ပြည်သူေတွဆန် ေတွလဲဝယ်မရ ေတာ့ဘူးအကြမ်းဖက်စစ်အုပ်စုကိုအမြန်အဆုံးသတ်ရမဲ့အချိန် ေရာက်ပြီး
Kyaw Soe Oo
16:12
Paw Luh React
Рет қаралды 234 М.
规则,在门里生存,出来~死亡
00:33
落魄的王子
Рет қаралды 25 МЛН
БЕЛКА СЬЕЛА КОТЕНКА?#cat
00:13
Лайки Like
Рет қаралды 2,6 МЛН
Inside Out 2: ENVY & DISGUST STOLE JOY's DRINKS!!
00:32
AnythingAlexia
Рет қаралды 12 МЛН
Aung La N Sang at ONE:Battleground media day
1:11
Dylan Bowker
Рет қаралды 10 М.
规则,在门里生存,出来~死亡
00:33
落魄的王子
Рет қаралды 25 МЛН