Рет қаралды 101,479
ဘဝမှာ ခြံထဲမှိုတွေ့တာတို့ တောဝက်သားရတာမျိုးဆို ဘယ်လိုပျော်မှန်းမသိဘူး😬
အိမ်ထဲအလုပ်လုပ်နေတုန်း အစ်မဆီကဖုန်းဆက်ပြီး တောဝက်သားရတယ် ဝယ်အုံးမလားဆိုတော့ ဖုန်းချ ပြေးပါလေရော🤪 တောဝက်ဆိုတာ မွေးမြူရေးဝက်တွေလို အဆီမများပဲ အခေါက်နဲ့အသားများပြီး အဆီဆို ပါးပါးလေးပါတော့ စားရတဲ့အခါ သူ့ရဲ့အသားလေးကနူးညံ့ပြီး အခေါက်လေးဆိုရင်လဲ မာဆက်ဆက်လေးနဲ့ ရှယ်ကောင်းပဲ
မြိုင်တို့ကလူများတော့ ၁ပိဿခွဲလောက်ဝယ်ပြီး အိမ်မှာအရံသင့်ရှိတဲ့ လက်ဖက်လေးနဲ့တွဲပြီး မြေအိုးလေးနဲ့နှပ်တော့ အရသာကတော့ ရှယ်ပဲပေါ့😋 ငွေ(၁၀၀၀)တောင်မကုန်တဲ့ ခံတွင်းရှင်း ပူစီနံဟင်းချိုလေးရယ် ခတ်လတ်ဆက်ဆက်သရက်သီးလေးကိုခြစ်ပြီး သုပ်တော့ ဟင်းပွဲလေးကဘအစပ်အဟက်တည့်ပြီး လိုက်ဖက်နေရောပဲ