မျက်ရိုးကိုက်တိုင်း မျက်မှန် တပ်ရတော့မှာလား။

  Рет қаралды 1,299

Myitkyina News Journal

Myitkyina News Journal

9 ай бұрын

မျက်ရိုးကိုက်ပြီဆိုတာနဲ့ မျက်မှန်တပ်ရတော့မယ်ဆိုတာကို အရင်ပြေးမြင်မိကြမှာပါ။
မျက်မှန်တပ်ဆင်ရသူတွေဟာ မျက်စိက မျက်မှန်ပါဝါတောင်းပြီ ပါဝါတိုးရတော့မယ် လို့ မျက်ရိုးကိုက်တိုင်း တွေးမိကြတယ်မလား။
မျက်ရိုးကိုက်တာက ခေါင်းကိုက်ခြင်းတစ်မျိုးပါပဲ ။ တစ်နေကုန် အလုပ်ကြောင့် ကွန်ပျူတာ အကြည့်များလို့ပဲဖြစ်ဖြစ် ၊ ဖုန်းသုံးလို့ပဲ ဖြစ်ဖြစ် ၊ ဂိမ်းဆော့လို့ပဲဖြစ်ဖြစ် ၊ ကိုရီးယားကားတွေပဲ ထိုင်ကြည့်ကြည့်၊ ဝတ္တုပဲ ဖတ်ဖတ် အဲလို အကြည့်များ အသုံးများလာရင် မျက်ရိုးတွေကိုက်တတ်ပါတယ်။
မျက်လုံးကိုက်ခြင်းကြောင့် ဘယ်လိုတွေခံစားရလဲဆိုရင်
မျက်လုံးနာကျင်ခြင်း
မျက်ရည်ပူကျခြင်း
မျက်လုံးယားခြင်း
အမြင်အာရုံ ဝေဝါးလာခြင်း
မျက်သားခြောက်ခြင်း
နှစ်ထပ်တွေမြင်မိခြင်း
ဇက်ကြောနာခြင်း၊ တင်းခြင်း၊ ထိုးခြင်း
ပခုံးတောင့်တင်းလာခြင်း
ခါးနာခြင်း
အာရုံစူးစိုက်ဖို့ခက်ခြင်း
မျက်လုံးနောက်ဘက်နား ကိုက်သလိုဖြစ်ခြင်း
မျက်လုံးမဖွင့်နိုင်အောင် ပင်ပန်းလာခြင်း စတာမျိုးတွေ ခံစားရနိုင်ပါတယ်။
သက်သာအောင် ဘယ်လိုလုပ်ရမလဲ။
မျက်ရိုးကိုက်ခြင်းကြောင့် ခေါင်းကိုက်တာက ပုံမှန် အနားယူလိုက်ရင် သူ့အလိုလို သက်သာသွားတတ်ပါတယ်။ ဒါပေမဲ့ မျက်လုံးကို အနားမပေးဘဲ ဆက်တိုက်အသုံးပြုနေမယ်ဆိုရင် မျက်ရိုးကိုက်ခြင်းကို ပြန်လည်ဖြစ်ပေါ်စေပါတယ်။
ဒါကြောင့် မျက်ရိုးကိုက်လာရင် အကိုက်အခဲပျောက်ဆေးသောက်ခြင်း
ရေကို လုံလောက်အောင် သောက်ပေးပါ။
သုံးလက်စ ဖုန်း၊ ကွန်ပျူတာ စတဲ့အရာတွေကို မကြည့်ဘဲနေပေးပါ။
မျက်လုံးကို မှိတ်ပြီး အနားယူပေးပါ။
မျက်လုံး အပေါ် ရေပတ်ဝတ်တင်ပေးပါ။
မျက်ရိုး၊ ဇက်ကြော၊ နားထင် တစ်လျှောက်ကို နှိပ်နယ်ပေးပါ။
မျက်တောင်ခတ်ပေးပါ။
မျက်လုံးလေ့ကျင့်ခန်းလုပ်ပေးပါ။
မျက်ရည်တု မျက်စဉ်းခတ်ပေးပါ။ စတာတွေကို လုပ်ပေးခြင်းဖြင့် မျက်ရိုးကိုက်ခြင်းကို သက်သာစေနိုင်ပါတယ်။
မျက်ရိုးကိုက်တိုင်း မျက်မှန်ပါဝါကြောင့် မဟုတ်ပေမဲ့ ခဏခဏ မျက်ရိုးကိုက်နေရင်တော့ မျက်စိက မျက်မှန် ပါဝါကြောင့်လားဆိုတာကို စစ်ဆေးဖို့လိုအပ်ပါတယ်။

Пікірлер: 1
@GoodDay-wy2ct
@GoodDay-wy2ct Ай бұрын
မျက်ရိုးကိုက်ရင်..ဘာဆေးသောက်ကမလဲဆရာ
Inside Out 2: Who is the strongest? Joy vs Envy vs Anger #shorts #animation
00:22
Llegó al techo 😱
00:37
Juan De Dios Pantoja
Рет қаралды 59 МЛН
Sigma Kid Hair #funny #sigma #comedy
00:33
CRAZY GREAPA
Рет қаралды 40 МЛН
How to read your Eye-Glasses Prescription?
8:30
Gyinn Gyinn
Рет қаралды 10 М.
Podcast With Helen Vlog
59:49
Dee Dee Burmese Vlog
Рет қаралды 44 М.
ပန်းချီဆွဲသင်ကြမယ် -၆
12:57