နေ့စဉ်ဝတ်ပြုခြင်းအလင်းပြ၊ ယုံကြည်ခြင်းဖခင်ထံမှခွန်အားယူစရာ၊ ပဉ္စမနေ့“ဘုရားလူကချီးမွမ်းသည်”

  Рет қаралды 59

Myo Khaing

Myo Khaing

Күн бұрын

နေ့စဉ်ဝတ်ပြုခြင်းအလင်းပြ
ယုံကြည်ခြင်းဖခင်ထံမှခွန်အားယူစရာ၊ ပဉ္စမနေ့
“ဘုရားလူကချီးမွမ်းသည်”
ဖတ်ရန်ကျမ်းချက် - ကမ္ဘာဦးကျမ်း ၁၄း၁၇-၂၄
“သင်၏ရန်သူတို့ကို သင်၏လက်၌အပ်နှံတော်မူသော အမြင့်ဆုံးသော ဘုရားသခင်လည်း၊ မင်္ဂလာရှိတော်မူစေသတည်းဟု မြွက်ဆို၏။ အာဗြံသည်လည်း ဥစ္စာရှိသမျှတို့ကို၊ ထိုမင်းအား ဆယ်ဖို့တစ်ဖို့လှူလေ၏။” ကမ္ဘာ ၁၄း၂၀
လောတကိုရန်သူလက်မှကယ်ခြင်း
လောတနေသော သောဒုံမြို အပါအဝင် ဂေါမောရ၊ အာဓမာ၊ ဇေဘိုင်၊ ဗေလာ တို့၏ မင်းကြီး (၅)ပါး နှင့် ဧလံ၊ ဂေါအိမ်၊ ရှိနာ၊ ဧလသာ မင်းကြီး(၄)ပါးတိုစစ်ပြိုင်ကြသောအခါ၊ သောဒုံတိုမင်းငါးပါးဘက်မှရှုံးသဖြင့် ပစ္စည်။ ဥစ္စာ၊ ရိက္ခာနှင့် လူများအသိမ်းခံရရာ လောတနှင့်သူ၏မိသားစု ဥစ္စာပစ္စည်းများလည်းအသိမ်းခံရသည် (ကမ္ဘာ ၁၄။၁၁ - ၁၂)။
လောတရွေးချယ်ထားသော မြိုက သူ့ကို မကယ်တင်နိုင်သည့်အပြင် ကံကြမ္မာဆိုးများကိုပါ ဆောင်ယူလာခဲ့သည်။ မင်းကြီးငါးပါ အင်အားဖြင့်မနိုင်သောအရာကို သူ့လူ (၃၁၈) ဦးအားဖြင့် အာဗြံအနိုင်ယူကာ သိမ်းပိုက်ခံရသည့် အရာများနှင့် လူများကိုပြန်လည် ယူဆောင်လာနိုင်သည်။ ဘုရားသခင် အာဗြံဘက်မှာရှိကြောင်း ထင်ရှားသည်၊ ကတိတော်ထားသော အာဗြံအားဖြင့် သူ့အမျိုးနှင့်တစ်ခြားလူမျိုးများ ကိုကယ်နုတ် နိုင်ကြောင်း ဘုရားသခင် သက်သေပြသည်။ သိုသော်ဘုရားသခင်၏လူ နောက်ကွယ်တွင်ရှိသော ဘုရားသခင်၏လက်ရာတော်ကို လူတိုင်းမြင်တွေ့ ချီးမွမ်းနိုင်ခြင်းမရှိပါ။
အောင်ပွဲနှင့်ပြန်လာသော အာဗြဲကိုကြိုဆိုသော သောဒုံမင်းကြီးက ချီးမွမ်းစကားတစ်ခွန်းမျှမပြောပဲ သူ့လူများကို ပြန်ပေးရန် တောင်းသည်။ ကျေးဇူးကန်းသည့်သဘောဖြစ်သည်။ သင့်ကိုကျိန်ဆဲသောသူကို ငါကျိန်ဆဲမည်..ဟူသော ကတိတော် မကြာခင်ပြည့်စုံသည်။
ရှာလင်မြိုယဇ်ပရောဟိတ်ကြီးမေလခိဇေဒက်ကတော့ အာဗြံကိုဧည့်ဝတ်ပြုကာ သူ့ကိုကောင်းကြီး ပေးသော ဘုရားသခင်ကိုချီးမွမ်းသည် (ကမ္ဘာ ၁၄။၁၉- ၂၀)။ မေလခိဇေဒက်ကို ဆယ်ဖိုတစ်ဖိုပေးသောအားဖြင့် အာဗြဲကသူ့ကို ကောင်းကြီးပေးသောဘုရားသခင်ကို၄င်း၊ ထိုအရာကိုမြင်တွေ့ချီးမွမ်းတတ်သောလူကို၄င်းအသိအမှတ်ပြုတုံပြန်သည်။ ဘုရားလူ အချင်းချင်းတွေ့သောအခါ ဘုရားလက်ရာတော်များထင်ရှားလာကာ ကောင်းကြီးအထပ်ထပ် ဖြစ်ပွားသည်။ သင့်ကိုကောင်းကြီး ပေးသောသူကို ငါကောင်းကြီးပေးမည်..ဟူသောကတိတော်ထင်ရှားသည်။
မေလခိဇေဒက်ကို ထာဝရယဇ်ပရောဟိတ်အဖြစ် ဘုရားသခင်ချီးမြောက်သည်(ဆာလံ ၁၁ဝး၄)။ ဟေဗြဲ ၅ - ၇ တွင်မေရှိယ၏ ရှေ့ပြေးတစ်ဦးအဖြစ်လည်းဖော်ပြထားပြီး ယေရှုနှင့် လည်းခိုင်နှိင်းထားသည် (ဟေဗြဲ ၆း၇)၊ ဘုရားသခင်သားတော်နှင့်လည်းတူသည်ဟုချီးမြောက်ခြင်းခံရသည် (ဟေဗြဲရး၃)။
ဆင်ခြင်ရန် - ဘုရားလူ အချင်းချင်းတွေ့သောအခါ ဘုရားလက်ရာတော်များထင်ရှားလာကာ ကောင်းကြီးအထပ်ထပ် ဖြစ်ပွား‌စေပါတယ်။
ဆုတောင်းရန် - ဘုရားသခင်ပေးအပ်သော ခွန်အားများနှင့် ရန်သူတို့ကိုအောင်နိုင်ရခြင်းအခွင်နှင့် ဘုရားသခင်၏လူများ၏အောင်ပွဲများကို မြင်တွေ့ခြင်းအားဖြင့် ဘုရားသခင်ကိုချီးမွမ်း နိုင်သောအခွင့်များကိုပေးသနားတော်မူပါ။ အာမင်

Пікірлер
သင်းအုပ်ဆရာဦး​စောလွန်ကြည် (၂၇.၆.၂၀၂၄ ကြာသပ​တေး​နေ့)
11:35
Fake watermelon by Secret Vlog
00:16
Secret Vlog
Рет қаралды 16 МЛН
So Cute 🥰
00:17
dednahype
Рет қаралды 56 МЛН
ဘုရားစကားနားထောင်သူ Saya Phyo Htike
6:45
Yunnan Emmanuel Fellowship Church
Рет қаралды 6 М.
Fake watermelon by Secret Vlog
00:16
Secret Vlog
Рет қаралды 16 МЛН