နံရိုးဆီပြန်ဟင်း Pork rib curry

  Рет қаралды 31,669

Cook for K1

Cook for K1

Күн бұрын

ချက်ရတာ ရိုးရှင်းပြီး စားလို့လည်း ကောင်းတဲ့ နံရိုးမဆလာဆီပြန်ဟင်းလေးပါ။
အသားများတဲ့ ဝက်နံရိုး ၅၀ ကျပ်သားကို ဆား (လက်ဖက်ရည်ဇွန်း ၁ ဇွန်း) နနွင်း (လက်ဖက်ရည်ဇွန်း၁ ဇွန်း) အချိုမှုန့်စားရင် အနည်းငယ်ထည့်ပြီး နယ်ကာ မိနစ် ၃၀ လောက်နှပ်ထားပေးပါ။
ကြက်သွန်နီ ၃ လုံးနဲ့ ကြက်သွန်ဖြူ လက် ၁ ဆုပ်လောက်ကို ညက်နေအောင် ထောင်းထား သို့ ကြိတ်ထားပေးပါ။
ဒယ်အိုးထဲမှာ ဆီထည့်ပြီး ထောင်းထားတဲ့ ကြက်သွန်ဖြူနီ ကို ထည့်ပေးပါမယ်။ ဆီသတ်တာ ကြည်ပြီးမွှေးလာပြီဆိုမှ နနွင်းမှုန့်အနည်းငယ်.ငရုတ်သီးမှုန့် ၁ ဇွန်း (စားပွဲတင်ဇွန်း) ထည့်ပေးပါ။ ခဏ မွှေပေးပြီးသွားရင်
ဟင်းခတ်အမွှေးအကြိုင် အနေနဲ့ ငရုတ်သီးခြောက်။ ကရဝေးရွက်။ သစ်ကြပိုးခေါက် လက်တဆစ် လောက်ထည့်မယ်။ ခဏ လေး မွှေပေးပြီးရင် အရသာနှပ်ထားတဲ့ ၀က်နံရိုးတွေကိုထည့်ပါမယ်။ ၅ မိနစ်လောက် မီးအလယ်အလတ်နဲ့ မွှေပေးပြီးသွားရင် အသားတွေ မြှုပ်ရုံရေထည့်ပေးပါမယ်။ အဖုံးပိတ်ပြီး မီးအေးအေးနဲ့ မိနစ် ၄၀ လောက် ချက်ပေးပါ။
အသားတွေက နူးတဲ့အနေအထားရောက်ပြီဆိုရင် မီးအားပြင်းလိုက်ပြီး ရေခမ်းဆီပြန်လာတဲ့အထိ ချက်ပေးပါ။ ဆီပြန်ခါနီးမှ အသားမဆလာကို ထမင်းစားဇွန်း ၁ ဇွန်းလောက်ထည့်ပေးရင် မွှေးပြီးစားကောင်းတဲ့ ဝက်နံရိုးမဆလာဆီပြန်ဟင်းလေးကို သုံးဆောင်နိုင်ပြီဖြစ်ပါတယ်ခင်ဗျာ….

Пікірлер: 26
@wahwahshwe7063
@wahwahshwe7063 Жыл бұрын
ကျေးဇူးပါချက်စားအုံးမယ်
@Cookfork1
@Cookfork1 Жыл бұрын
ကျေးဇူးတင်ပါတယ်ခင်ဗျာ
@user-qv9qb9nx5r
@user-qv9qb9nx5r Ай бұрын
လက်တွေ့ ချက်ကြည့်တာ စားကောင်းတယ်ဗျာ့ ကျေးဇူးပါ
@Cookfork1
@Cookfork1 Ай бұрын
အားပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာ။❤️
@suehwang6837
@suehwang6837 3 ай бұрын
Mingalar par , thank you for sharing❤🎉❤🎉❤🎉❤
@Cookfork1
@Cookfork1 3 ай бұрын
Mingalarpar 🙏 Thank you so much 🌷🌹😻
@suhla5563
@suhla5563 Жыл бұрын
ကျေးဇူးပါချက်ကြည့်ပါအုံးမယ်
@Cookfork1
@Cookfork1 Жыл бұрын
ဟုတ်။ ချက်စားကြည့်ပါခင်ဗျာ 😊
@hlahlawin6339
@hlahlawin6339 Жыл бұрын
မျှဝေမှု့ အတွက်ကျေးဇူးတင်ပါတယ် ❤
@Cookfork1
@Cookfork1 Жыл бұрын
ကျေးဇူးတင်ပါတယ်ခင်ဗျာ🙏
@kofoeetharr7233
@kofoeetharr7233 Жыл бұрын
ကျေးဇူးပါ
@Cookfork1
@Cookfork1 Жыл бұрын
ကျေးဇူးတင်ပါတယ်ခင်ဗျာ🙏
@thisan3812
@thisan3812 Жыл бұрын
ကျေးဇူးပါ 😋
@Cookfork1
@Cookfork1 Жыл бұрын
ကျေးဇူးတင်ပါတယ်ခင်ဗျာ🙏
@dawpaukpauk4304
@dawpaukpauk4304 Жыл бұрын
ကျေးဇူးပါ 😻😊👍 ဝက်နံရိုးမဆလာဟင်းလေးချက်စားကြည့်ဦးမှ စားကောင်းမှာပဲ ဘေးကင်းကျန်းမာ အဆင်ပြေပါစေ
@Cookfork1
@Cookfork1 Жыл бұрын
အမြဲတမ်းအားပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်အစ်မ🌷ကျန်းမာပျော်ရွှင်ပါစေ🙏
@mmdmzma241
@mmdmzma241 Жыл бұрын
😋😋😋
@Cookfork1
@Cookfork1 Жыл бұрын
Thank you 💞😊
@mmdmzma241
@mmdmzma241 Жыл бұрын
@@Cookfork1 တနေကုန် ထိုင်ကြည့်တယ်ဘာကိုဘယ်လိုချက်ရမယ်မသိလို့ဟင်းချက်ခါနီးဆိုခေါင်းကစားပြီ😀😀
@Cookfork1
@Cookfork1 Жыл бұрын
@@mmdmzma241 အားပေးတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်ခင်ဗျာ
@danielmcconaughey3841
@danielmcconaughey3841 2 ай бұрын
ချက်ကြည့်တာ ချဉ်ပြုံးပြုံးအရသာလေးရတယ် ကရဝေးရွက်ကြောင့်လား သစ်ကြပိုးခေါက်ကြောင့်လား။
@Cookfork1
@Cookfork1 2 ай бұрын
မချဉ်ရဘူးခင်ဗျ။
@hninphyukaung6909
@hninphyukaung6909 Жыл бұрын
ရေလည် မိုက် 😎 ဝက်နံရိုးဝယ်ထားပြီး ဘယ်လိုစားရမလဲ စဥ်းစားနေတုန်း လွယ်ကူတဲ့ ဟင်းချက်နည်းလေးပေါ်လာတော့ မချက်တတ် ချက်တတ်တို့ လည်း ချက်ပြီပေါ့ ။ Thanks always. 😻
@Cookfork1
@Cookfork1 Жыл бұрын
ဟုတ်။ ချက်စားကြည့်ပါခင်ဗျ😊
@minboea8685
@minboea8685 Жыл бұрын
ဖေ့ဘွတ်မှာလဲ အစ်ကို video တွေကြည့်ဖြစ်ပါတယ် အသံအနေထား နားထောင်ကြည့်ရင် စိတ်ထားလဲ ကောင်းမဲ့ပုံပဲဗျ
@Cookfork1
@Cookfork1 Жыл бұрын
အခုလိုအားပေးတဲ့အတွက်ကျေးဇူးအထူးတင်ပါတယ်ခင်ဗျာ😊
ဝက်နံရိုးမျှစ်ချဥ်(Pork Rib Sour Bamboo)
9:56
Oo Naing A Sar Ta Line Cooking And Eating
Рет қаралды 52 М.
The FASTEST way to PASS SNACKS! #shorts #mingweirocks
00:36
mingweirocks
Рет қаралды 13 МЛН
У ГОРДЕЯ ПОЖАР в ОФИСЕ!
01:01
Дима Гордей
Рет қаралды 6 МЛН
Just Give me my Money!
00:18
GL Show Russian
Рет қаралды 1 МЛН
Kyaw Soe Oo (7.9.2024)
24:31
U Par Channel
Рет қаралды 315 М.
Fried pork rib😋
12:56
Oo Naing A Sar Ta Line Cooking And Eating
Рет қаралды 33 М.
ဝက်နံရိုးမဆာလာချက်လေးပါရှင့်
6:27
The FASTEST way to PASS SNACKS! #shorts #mingweirocks
00:36
mingweirocks
Рет қаралды 13 МЛН