နာမည်ကျော် ROWE ရိုးကုန်တိုက်ဖြစ်ခဲ့တဲ့ မြို့လည်က AYA ဘဏ်

  Рет қаралды 6,548

Yangon Rangoon

Yangon Rangoon

Күн бұрын

♦Rowe ကုန်တိုက်အစ မဂိုလမ်းက
ရန်ကုန်မှာ ပထမဆုံးရိုးကုန်တိုက်ကို ၁၈၆၆ က မဂိုလမ်း (ရွှေဘုံသာလမ်း) မှာ စတင်ဖွင့်လှစ်ခဲ့တယ်။ အခုလက်ရှိ AYA ဘဏ်ရုံးချုပ်ဖြစ်နေတဲ့ အဆောက်အဦးကတော့ ရန်ကုန်မှာ ရိုးကုန်တိုက်ရဲ့ တတိယမြောက် ပြောင်းရွှေ့ခဲ့တဲ့ဆိုင်ပါ။ အိန္ဒိယနိုင်ငံ၊ မွန်ဘိုင်းမြို့က အထင်ရှားဆုံးဗိသုကာပညာရှင်အဖွဲ့ဖြစ်တဲ့ Charles F. Stevens & Co.က ဒီဇိုင်းရေးဆွဲဆောက်လုပ်ကာ ၁၉၁၀ မှာဖွင့်လှစ်ခဲ့တယ်။ အဲ့ဒီအချိန်က ရန်ကုန်မြို့လည် ရွှံ့နွံထူပြီးအောက်ခံမြေပျော့တဲ့နေရာမှာ ပုံမှန်ထက်ထူးခြားတဲ့ မြေအောက်ခန်းပါ ထည့်သွင်းဆောက်လုပ်ခဲ့လို့ တခုတ်တရပြောစမှတ်တွင်တယ်။ သံမဏိဘောင်ခံဆောက်လုပ်ထားပြီး ရန်ကုန်မှာလျှပ်စစ်မီးရရှိချိန် ဓာတ်လှေကားနဲ့ မျက်နှာကျက်ပန်ကာတွေကိုပါ ပထမဆုံးထည့်သွင်းဆောက်လုပ်ခဲ့တာကြောင့် မြို့မှာခေတ်အမှီဆုံးအဆောက်အဦးအဖြစ်လည်း နာမည်ကျော်တယ်။ ဥရောပ နဲ့ ချမ်းသာကြွယ်၀တဲ့အာရှနိုင်ငံသားများကလည်း Rowe ကုန်တိုက်ကြီးမှာ ကုန်ပစ္စည်းတွေအပြိုင်အဆိုင်တင်သွင်း ရောင်းချလာခဲ့တာကြောင့် Rowe & Company စီးပွားရေးလုပ်ငန်းစုကြီးရဲ့ မြန်မာနိုင်ငံမှာ အကြီးဆုံးလက်လီဖြန့်ဖြူးရောင်းချရာ ပင်မအဆောက်အဦးကြီး ဖြစ်လာပါတယ်။ မန္တလေး၊ ပုသိမ်၊ မော်လမြိုင်၊ ထားဝယ်မြို့တွေမှာလည်း ရိုးကုမ္ပဏီရဲ့ကုန်တိုက်ခွဲတွေ ဖွင့်လှစ်ထားခဲ့သေးတယ်။
♦ အရှေ့တိုင်း၏ Harrods
ရိုးကုန်တိုက်မှာ စျေးဝယ်ရတဲ့အတွေ့အကြုံကို ငွေကြေးနဲ့အချိန်သာလုံလုံလောက်လောက်ရှိရင် လိုတာအကုန်ရတဲ့ လန်ဒန်ကနာမည်ကျော် Harrods ကုန်တိုက်လိုပါပဲဆိုပြီး 'Harrods of the East' အရှေ့တိုင်း၏ဟဲရပ်စ်ကုန်တိုက်လို့ ရည်ညွှန်းပြောဆိုခဲ့ကြတယ်။ ပြောစမှတ်တွင်အောင်လည်း နာမည်ကြီးလှပါတယ်။ အဲ့ဒီအချိန်က တအိုးတအိမ်ထူထောင်မယ့် မင်္ဂလာမောင်မယ်ဆိုလို့က ရိုးကုန်တိုက်မှာတင် သတိုးသမီးသတို့သားဝတ်စုံကစ လက်ဖွဲ့ခန်းဝင်အိမ်ထောင့်ပစ္စည်းအစုံအလင် တနေရာတည်းမှာတင် ရွေးချယ်ဝယ်ယူရုံပဲ။ ဆိုင်ရဲ့ဝန်ဆောင်မှုနဲ့ ရရှိနိုင်တဲ့ပစ္စည်းတွေကို သုံးလတကြိမ် စာမျက်နှာ ၃၀၀ လောက်ပါတဲ့ ကတ်တလောက်ထုတ်တာတောင် ပစ္စည်းထပ်မနေ၊ ပုံစံဒီဇိုင်းဆင်တူမနေဘဲ ရွေးချယ်စရာပေါများလွန်းတာပါတဲ့။
အင်္ဂလိပ်တို့ရဲ့မူက နယ်ချဲ့ထားတဲ့ကိုလိုနီနိုင်ငံငယ်တွေကိုပံ့ပိုးနိုင်ဖို့ ဒေသထွက်ပစ္စည်းတွေကို ဝယ်ယူရောင်းချသလို Rowe ကုမ္ပဏီလို ကုန်တိုက်ကြီးများမှတဆင့်လည်း ကမ္ဘာအနှံ့နာမည်ကြီးပစ္စည်းတွေ ဖြန့်ဖြူးရောင်းချရင်း စီးပွားချဲ့ထွင်ကြတယ်။ စစ်ကြီးပြီးတဲ့အချိန် ပျက်စီးခဲ့တဲ့ကုန်တိုက်ကို ပြန်လည်ပြုပြင်တည်ဆောက်ဖွင့်လှစ်ခဲ့တော့လည်း မြို့ရဲ့နာမည်ကျော်ကုန်တိုက်အဖြစ် ဆက်လက်နေရာယူနိုင်ခဲ့တာပါပဲ။ ကမ္ဘာတလွှားက အကောင်းဆုံးပစ္စည်းဆိုရင် ရိုးကုန်တိုက်မှာမရတာမရှိဆိုသလို ၁၉၅၀ ပြည့်လွန်နှစ်များမှာ Rowe ကုန်တိုက်ဆိုရင် လူချမ်းသာများအကြိုက်ဆုံးနေရာဖြစ်ခဲ့တာပေါ့။ အရောင်းကောင်တာတွေမှာလည်း ဗြိတိသျှအရောင်း၀န်ထမ်းတွေထားရှိပြီး အကောင်းဆုံး၀န်ဆောင်မှုပေးခဲ့ကြတယ်။
♦ပြည်သူပိုင်သိမ်းခြင်း
၁၉၆၀ နှစ်ဦးပိုင်းထိ မြန်မာနိုင်ငံမှာ Rowe & Co. လုပ်ငန်းစုကြီးတည်ရှိခဲ့ပြီး ၁၉၆၄ ခုနှစ် ဧပြီလအတွင်း မြန်မာနိုင်ငံ၏ကုန်သွယ်လုပ်ငန်း (၁၂၂ဝဝ) ကျော် နိုင်ငံပိုင်သိမ်းတဲ့အချိန်မှာတော့ Rowe ကုန်တိုက်ကြီးနဲ့ ကုန်တိုက်ခွဲများအားလုံးပါ သိမ်းခံခဲ့ရတယ်။ အဆောက်အဦးကြီးရဲ့ တစိတ်တပိုင်းကို အလုပ်သမားများကောလိပ်၏ စာကြည့်တိုက်အဖြစ်ဖွင့်လှစ်ထားခဲ့ပြီး နောက်ပိုင်းမှာတော့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်းအားဦးစီးဌာနအဖြစ် ပြောင်းလဲအသုံးပြုခဲ့ကြတယ်။ ဒီနောက်ပိုင်း အဆောက်အဦးအလွတ်ကြီးအတိုင်း ရှိနေခဲ့တာ မှတ်မိပါသေးတယ်။ ၂၀၀၅ ခုနှစ် နေပြည်တော်ကို အစိုးရရုံးတွေ ပြောင်းရွှေ့ပြီးနောက်ပိုင်းမှာထင်ပါရဲ့။ ၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်းကြောင့် အပျက်အစီးများခဲ့လို့ အုတ်ကြွပ်မိုးအစား သွပ်မိုးတွေပြောင်းလဲသုံးပြီး အလေးချိန်နဲ့ခံနိုင်ဝန်ကိုတွက်ဆချိန်ငြိ ပြုပြင်ယူခဲ့ရတယ်။ ၂၀၁၀ နောက်ပိုင်းမှာတော့ ပုဂ္ဂလိကလုပ်ငန်းဖြစ်တဲ့ AYA ဘဏ်အဖြစ်ဖွင့်လှစ်ခဲ့ပါတယ်။ အ​ပြောင်းအလဲနဲ့ ပြုပြင်မှုတွေရှိခဲ့ပေမယ့် တချိန်က ကမ္ဘာ့အကောင်းဆုံးတွေဝယ်ယူရရှိခဲ့တဲ့ နာမည်ကျော် Rowe ကုန်တိုက်တဖြစ်လည်း မြို့လည်ကလှပတဲ့မြို့ပြအဆောက်အဦးအဖြစ် ဒီနေ့ထိ ရပ်တည်နေဆဲပါပဲ။

Пікірлер: 5
Synyptas 4 | Жігіттер сынып қалды| 3 Bolim
19:27
kak budto
Рет қаралды 1,3 МЛН
Officer Rabbit is so bad. He made Luffy deaf. #funny #supersiblings #comedy
00:18
Funny superhero siblings
Рет қаралды 19 МЛН
Бенчик, пора купаться! 🛁 #бенчик #арти #симбочка
00:34
Симбочка Пимпочка
Рет қаралды 3 МЛН
РОДИТЕЛИ НА ШКОЛЬНОМ ПРАЗДНИКЕ
01:00
SIDELNIKOVVV
Рет қаралды 3,8 МЛН
ပင်းတယ သို့အလည်တစ်ခေါက်
35:11
Synyptas 4 | Жігіттер сынып қалды| 3 Bolim
19:27
kak budto
Рет қаралды 1,3 МЛН