တရုတ်လက်တိုလက်ရှည်ဟုခေါ်ဆိုခြင်းနှင့်ရှင်ဥပဂုတ္တပွဲလို့ခေါ်တဲ့ကျို့ဝမ်ရယ်ပူဇော်ပွဲ

  Рет қаралды 14,628

Yangon Rangoon

Yangon Rangoon

Жыл бұрын

တရုတ်တန်း ရှင်ဥပဂုတ္တပူဇော်ပွဲ (သို့) ကျို့ဝမ်ရယ်ပူဇော်ပွဲ
တရုတ်လူမျိုးများ၏ တနှစ်တာအတွင်း ကံကြမ္မာဆိုးဂြိုဟ်စီးဂြိုဟ်နင်းများ၊ အခက်အခဲများကို ကျို့ဝမ်ရယ်အား တိုင်တည်၍ ယတြာချေ ပူဇော်အဓိဌာန်ပြုဆုတောင်းသည့်ပွဲဖြစ်သည်။ ကျွန်တော်တို့နဲ့ အယူအဆခပ်ဆင်ဆင်တူတဲ့ဓလေ့ထုံးစံကြောင့် ရှင်ဥပဂုတ္တပူဇော်ပွဲလို့ မြန်မာမှုပြုခေါ်ဆိုမှန်း သိရသည်။ ရှင်ဥပဂုတ္တကိုပူဇော်ခြင်းကားမဟုတ်။ နားလည်သလောက် အကျဥ်ချုံးပြောရလျှင်..ကျို့ဝမ်ရယ် (ခေါ်) ဂြိုဟ်နတ်မင်းအား အဓိဌာန်ပူဇော်ပွဲဆိုသည်မှာ...
တာအိုဘာသာတွင် မကောင်းတဲ့အညံ့နဲ့ဂြိုဟ်စီးဂြိုဟ်နင်းများအား တိုင်တည်အဓိဌာန်ပြုဆုတောင်းတဲ့ သိုမူမယ်တော်ကြီး ရှိသည်။ မယ်တော်ကြီးက သူ၏သားကိုးပါးအား လူ့ပြည်သို့စေလွှတ်ရာ တရုတ်ပြည်မန်ချူးမင်းဆက်တွင် ပင်လယ်ဓားပြကိုးဦးအဖြစ် မွေးဖွားကြီးပြင်းခဲ့လေသည်။ ပင်လယ်ဓားပြဆိုသော်ငြား မြင်ကရာဓားပြတိုက်လုယက်ခြင်းမျိုးမဟုတ်၊ ပြည်သူအားနိုင်ထက်စီးနင်းပြုသည့် အမှုထမ်းများ၊ သူဌေးများကိုသာ ဓားပြတိုက်၍ မရှိဆင်းရဲသားများအား မျှဝေပေးခြင်းဖြစ်သည်။ ဒါကို မကျေနပ်တဲ့အမှုထမ်းများက ဘုရင်ထံကုန်းချောတိုင်တန်းရာမှ ဖမ်းဆီးခေါင်းဖြတ်ကွပ်မျက် စေ၏။ အမိန့်အတိုင်းစီရင်ပြီးသည်နှင့် ဦးခေါင်းတို့ကို ပင်လယ်ကမ်းစပ်ဝါးပင်တွင် ချိတ်ဆွဲထားခဲ့ကာ ခန္ဓာကိုယ်တို့ကို ပင်လယ်ထဲမျှောလိုက်လေ၏။ ထိုခန္ဓာကိုယ်တို့သည် မိခင်သိုရင်းမယ်တော်ကြီးထံရောက်ရှိကာ တရားကျင့်ကြံပြီး မြောက်အရပ်မှခုနစ်စင်ကြယ်အား နောက်ထပ်ကြယ်တာရာနှစ်ခုအဖြစ်ပေါင်းစပ်ကာ ကိုးပါးသောကြယ်တာရာနက္ခများ​ဟူ၍ ဖြစ်လာပါသည်။
ထိုနေ့မှစ၍ အမှုထမ်းများသည် ညစဥ်အိပ်မက်ပေးခြောက်လှန့်ခံရလေတော့၏။ အကျိုးအကြောင်းလျှောက်တင်ကြ၍ အဖြစ်မှန်ကိုသိရတဲ့အခါ ဘုရင်က ကျို့ဝမ်ရယ်ဟုဘွဲ့ပေးကာ ဦးခေါင်းတို့ကိုလှေပေါ်တင်၍ ပင်လယ်ဆီသို့မျှောစေ၏။ ဖူကျန့်ဒေသမှမျှောလိုက်ရာ အရှေ့တောင်အာရှနိုင်ငံများသို့ ဆိုက်ကပ်လေတော့သည်။ ရောက်ရှိရာအရပ်တွင် ကျို့ဝမ်ရယ်တို့၏ အိပ်မက်ပေးချက်အရ ဒေသခံတို့က ပင့်ဆောင်ပူ​ဇော်အဓိဌာန်ဆုတောင်းမှုများပြုလုပ်ရာ အဓိဌာန်အောင်မြင်ကြ၊ ဆုတောင်းပြည့်ကြသဖြင့် တစတစ လူသိများလာ၏။ ပူဇော်ကိုးကွယ်လာကြ၏။
ကျို့ဝမ်ရယ်ပူဇော်ပွဲကို ကိုးရက်ကျင်းပလေ့ရှိပြီး ယုံကြည်သူများက ထိုရက်များအတွင်း သက်သတ်လွတ်ကိုးရက်စားကြသည်။ ကျို့ဝမ်ရယ်ကိုပင့်ဆောင်ရန် အရေးအကြီးဆုံးမှာ မြေဖြင့်ပြုလုပ်ထားသောနံ့သာအိုးဖြစ်၍ ကျို့ဝမ်ရယ်ဦးခေါင်းတော်ကို ကိုယ်စားပြုသည်။ ပင်လယ်သို့ယူဆောင်သွားပြီး ပင်လယ်ထဲမျှောခံရသည့် ခန္ဓာကိုယ်နှင့်ပေါင်းစပ်စေသည့်သဘောဖြင့် နံ့သာအိုးထဲသို့ ပင်လယ်ရေအနည်းငယ်မျှလောင်းထည့်ကာ ကျောင်းတော်သို့ပင့်ဆောင်ရ၏။ ကျို့ဝမ်ရယ်တို့အား ကိုယ်စားပြုသည့် နံ့သာအိုးကို ပင့်ဆောင်လာသည်မှ ပူဇော်ပွဲရက်တွေအတွင်း မည်သူမျှမမြင်စေရန် ပိတ်ဝါဖြင့် ဖုံးအုပ်သယ်ဆောင်ထားရှိရသည်။ ဒါသည် ကွပ်မျက်ခံရသည့် ကျို့ဝမ်ရယ်တို့အား လေးစားသမှုဖြင့် လူအများမမြင်သာအောင်ထားရခြင်းဖြစ်သည်။ ကျောင်းတော်တွင်ကိုးရက်စံမြန်းပြီး ရေမျှောမည့်နေ့တွင် နံ့သာအိုးအားယူဆောင်၍ အခမ်းအနားဖြင့် ပင်လယ်ပြင်ရှိရာ၊ မြစ်ဆိပ်ရှိရာ ပင့်ဆောင်ကြရသည်။ မြစ်ဆိပ်ရောက်လျှင် ကျို့ဝမ်ရယ်အားနှုတ်ဆက်ပူဇော်ပြီး မိမိတို့သယ်ဆောင်လာသောအမွှေးတိုင်များအား ရေသို့မျှောရ၏။ အညံအဆိုးများအား ရေထဲသို့မျှောလိုက်ခြင်းပင်ဖြစ်သည်။ မကောင်းတဲ့ကံကြမ္မာနဲ့ ဂြိုဟ်စီးဂြိုဟ်နင်းအညံ့များပျောက်၍ ဆုတောင်းအလွန်ပြည့်သည်ဟု ယုံကြည်ကြလေသည်။ #secret #old #yangonrangoon

Пікірлер
Clown takes blame for missing candy 🍬🤣 #shorts
00:49
Yoeslan
Рет қаралды 37 МЛН
Nastya and SeanDoesMagic
00:16
Nastya
Рет қаралды 10 МЛН
Зачем он туда залез?
00:25
Vlad Samokatchik
Рет қаралды 3,1 МЛН
Despicable Me Fart Blaster
00:51
_vector_
Рет қаралды 23 МЛН
10 A world-renowned Buddhist temple in Asia
9:37
Abdulthaitube - อับดุลย์เอ๊ย ถามไรตอบได้!
Рет қаралды 100 М.
Clown takes blame for missing candy 🍬🤣 #shorts
00:49
Yoeslan
Рет қаралды 37 МЛН