People's Spring | စဉ့်ကူးနယ်က တပ်စခန်းတွေကို မန္တလေး PDF သိမ်းယူ

  Рет қаралды 6,524

People's Spring

People's Spring

6 күн бұрын

စဉ့်ကူးနယ်က တပ်စခန်းတွေကို မန္တလေး PDF သိမ်းယူ
People's Spring
မန္တလေးတိုင်းထဲကို ထိုးဖောက်ဝင်ရောက်နေတဲ့ မန္တလေး PDF တပ်ဖွဲ့ဝင်တွေဟာ စဉ့်ကူးမြို့နယ်ထဲက တပ်စခန်း ၆ ခုကို အပြီးသတ် သိမ်းယူနိုင်ခဲ့တယ်လို့ဇူလိုင် ၃ ရက်မှာကြေညာပါတယ်။
မန္တလေး PDF က သိမ်းယူလိုက်တဲ့ စခန်းတွေထဲမှာ မန္တလေး − မြစ်ကြီးနားလမ်း နဲ့ မန္တလေး − မိုးကုတ် လမ်းပိုင်းပေါ်မှာရှိတဲ့ နွယ်ရုံရွာ ရဲစခန်းလည်းပါဝင်ပါတယ်။
ဒါအပြင် ဒိုးနွယ်ရွာ စခန်း ၊ နမ့်ဟပ်ရွာ စခန်း ၊ မာလဲဆည် စခန်း ၊ ရွှေမာလဲစေတီ စခန်းနဲ့ ရွာတော်လေး တပ်စခန်းတွေကိုလည်း သိမ်းယူနိုင်ခဲ့တယ်လို့ မန္တလေး PDF က ဆိုပါတယ်။
စဉ့်ကူးနယ် စစ်ဆင်ရေးအတွင်းမှာ လက်နက် မျိုးစုံ အလက် ၄၀ ကျော်နဲ့ အခြားသောခဲယမ်းတွေ သိမ်းဆည်းရမိသလို စစ်သုံ့ပန်း ၁၃ ဦး ဖမ်းမိတယ်လို့လည်းဖော်ပြထားတာတွေ့ရပါတယ်။
မန္တလေး PDF ဟာ ပြီးခဲ့တဲ့ ရက်သတ္တပတ် ဇွန်လ ၂၅ ရက်က ပြန်လည်စတင်တဲ့ မြောက်ပိုင်းညီနောင်သုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးအပိုင်း(၂) မှာပါဝင်တိုက်ခိုက်နေတာပါ။
၁၀၂၇ စစ်ဆင်ရေး အပိုင်း (၂) အနေနဲ့ ရှမ်းမြောက်က နောင်ချို၊ကျောက်မဲ ၊မိုးမိတ် ၊ လားရှိုး အပြင် မန္တလေး တိုင်းထဲက မိုးကုတ် ၊ မတ္တရာနယ်တွေမှာပါ တိုက်ပွဲတွေဖြစ်နေပါတယ်။
မတ္တရာနယ်ထဲမှာဆိုရင် မန္တလေး PDF ဟာ စစ်ကောင်စီတပ်ရဲ့လေကြောင်းရန် ကာကွယ်ရေးတပ်ကို ပါ ပထမဆုံးအကြိမ် သိမ်းယူနိုင်ခဲ့ပါတယ်။
မတ္တရာမြို့နယ်ဟာ စဉ့်ကူရဲ့ တောင်ဘက်ခြမ်းမှာရှိတာဖြစ်ပြီး နယ်မြေချင်း ကပ်လျက်ရှိနေတာပါ။ စဉ့်ကူးရဲ့အရှေ့ဘက်မှာတော့ တအာင်းတပ်(TNLA). မြို့သိမ်းတိုက်ပွဲဆင်နွှဲနေတဲ့ နောင်ချို မြို့နယ်ရှိပါတယ်။
ဒါအပြင် စဉ့်ကူးနဲ့ စစ်ကိုင်းတိုင်း ဟာ ဧရာဝတီမြစ်သာ ခြားပါတယ်။
စဉ့်ကူနယ်က စစ်ဆင်ရေးမှာ သတ်မှတ်ထားတဲ့ စစ်ရေးပစ်မှတ်တွေကို ဆက်လက်ထိုးစစ်ဆင်မယ်လို့ မန္တလေး PDF က ကြေညာထားပါတယ်။
ဒေသခံတွေရဲ့ ပြောပြချက် အရ နွယ်ရုံ ရွာနဲ့ ၇ မိုင်ခန့်အကွာမှာရှိတဲ့ ပင်လယ်ကြီးရွာ ရဲစခန်းကို မနတလေး PDF တပ်ဖွဲ့က ဆက်လက်တိုက်ခိုက်နေတယ်လို့သိရပါတယ်။
လက်ရှိမှာ မန္တလေး PDF ဟာ မန္တလေးတိုင်းထဲက မိုးကုတ် ၊ မတ္တရာ ၊ စဉ့်ကူးမြို့နယ်တွေထဲမှာ ထိုးစစ်ဆင်နေတာပါ။
မန္တလေး PDF ရဲ့ အဓိက စစ်ရေးရည်မှန်းချက်ကတော့ နန်းတွင်းမှာ အခြေချထားတဲ့ အလယ်ပိုင်းစစ်ဌာနချုပ် ရှိရာ မန္တလေးမြို့ပေါ်ထိ ထိုးဖောက်နိုင်ရေး ဖြစ်တယ်လို့သိရပါတယ်။
#ludunwayoo #လူထုနွေဦး #NewsUpdate
𝗣𝗲𝗼𝗽𝗹𝗲'𝘀 𝗦𝗽𝗿𝗶𝗻𝗴
𝗬𝗼𝘂𝗧𝘂𝗯𝗲 - / @peoplespring
𝗙𝗮𝗰𝗲𝗯𝗼𝗼𝗸 - / ludunwayoo
𝗪𝗲𝗯𝘀𝗶𝘁𝗲 - www.ludunwayoo.com/
𝗜𝗻𝘀𝘁𝗮𝗴𝗿𝗮𝗺 - / ludunwayoo
𝗧𝗲𝗹𝗲𝗴𝗿𝗮𝗺 - t.me/peoplespring

Пікірлер: 13
@ngenge6797
@ngenge6797 4 күн бұрын
👍👍👍🚩🚩🚩🌿🌿🌿 ပြည်ချစ်သား 🌟PDF ရဲဘော်များ ဘေးကင်း၍ဆက်လက်အောင်မြင်ပါ စေ
@asassasa7750
@asassasa7750 4 күн бұрын
မြင်းခြံမြို့❤❤❤PDF😊😊😊
@MaMa-up7lz
@MaMa-up7lz 4 күн бұрын
ကျေးဇူးတင်ပါတယ် ဂျာ ❤❤❤
@zawzaw-pt9sq
@zawzaw-pt9sq 4 күн бұрын
မင်္ဂလာပါ ချစ်ညီမ ဂျာ 💖💖💖💖💖💖💖💖
@NayThuAung-qj1vr
@NayThuAung-qj1vr 4 күн бұрын
မင်္ဂလာပါညီမဂျာမုန်းခင်ဗျာ။ကျန်းမာဘေးကင်းပြီးဘဝလုံခြုံအေးချမ်းမှုရှိပါစေခင်ဗျာ။မန္တလေးPdfညီနောင်ရဲဘော်ရဲဘက်များမိမိတို့ရည်မှန်းချက်အတိုင်းတိုက်ပွဲတိုင်းမှာအောင်မြင်ကြပြီးဘယ်လိုအခက်အခဲတွေရှိရှိအားလုံးကိုရင်ဆိုင်ကျော်ဖြတ်ကာပန်းတိုင်ဆီသို့အရောက်လှမ်းနိင်ကြပါစေခင်ဗျာ။အခုလက်ရှိကျွန်တော်တို့ထားဝယ်တပ်နယ်တနင်္သာရီတပ်ရင်း2မှာလည်းကျန်းမာရေးနဲ့ပတ်သက်ပြီးအထူးသဖြင့်ငှက်ဖျားရောဂါကကျွန်တော်တို့ညီနောင်တွေကိုအဓိကဖိအားပေးလျှက်ရှိပြီးမိုးတွင်းကာလရဲ့စိန်ခေါ်မှုတွေတော့ရှိနေပါသော်လည်းကျွန်တော်တို့ဇွဲမလျှော့ပဲခရီးဆက်နေကြပါတယ်ခင်ဗျာ။ညီမJAလည်းကျန်းမာရေးအထူးဂရုစိုက်ပါခင်ဗျာ။people's spring အဖွဲ့သူအဖွဲ့သားများအားလုံးတော်လှန်ရေးအောင်သည်အထိကျွန်တော်တို့နဲ့အတူတူရှိနေပေးပါ၊အားလည်းတင်းထားကြပါခင်ဗျာ။we will struggle together.you have you.Stay Safe JA.🌹💙🌹💙
@user-uq7px9qh9t
@user-uq7px9qh9t 4 күн бұрын
❤❤❤❤❤❤🎉🎉🎉🎉🎉
@user-tf6xt4ud6r
@user-tf6xt4ud6r 4 күн бұрын
❤❤❤❤မဂ်လာပါ
@user-bl3us5zk8n
@user-bl3us5zk8n 4 күн бұрын
တိုက်နိင်မှ လက်နက်ခဲရမ်းရမည် ဒါပဲ ညီနောင်
@yree4treey887
@yree4treey887 4 күн бұрын
MDY PDF ❤
@PyaeSone-qe1nk
@PyaeSone-qe1nk 4 күн бұрын
ကြိုက်တယ်လေးစားတယ်ဂုဏ်ယူတယ်မန္တလေးPDFတွေဘေးကင်းရန်ကွာကျမ္မာချမ်းသာကြပါစေ
@user-pe2rp7je8n
@user-pe2rp7je8n 4 күн бұрын
သတင်တင်တဲ့ကောင်မနင့်တွေ့ရင်ငါလိုးမျာလိုးကောင်းလေး
Hlaing Win is live 090724 M
Hlaing Win
Рет қаралды 1,1 М.
Каха ограбил банк
01:00
К-Media
Рет қаралды 11 МЛН
Osman Kalyoncu Sonu Üzücü Saddest Videos Dream Engine 170 #shorts
00:27
World’s Deadliest Obstacle Course!
28:25
MrBeast
Рет қаралды 159 МЛН
Putin comments on Trump wanting to stop the war in Ukraine
1:03
The Times and The Sunday Times
Рет қаралды 2,1 МЛН
Kyaw Myo Min
16:23
NYI NYI BURMESE YOUTH
Рет қаралды 16 М.
Каха ограбил банк
01:00
К-Media
Рет қаралды 11 МЛН