Рет қаралды 8,938
Power Supply စက် စစ်ဆေးခြင်း
Power Supply စက်တခုကို Ampere အပြည့်ထွတ်သေးလား ဗို့အပြည့်ထွတ်သေးလား စစ်ဆေးရန် လိုအပ်လာပါသည် ။ ဗို့အပြည့်ထွတ်တာကို အဆုံးထိလှည့်လိုက်ပြီး စစ်ဆေးနိုင်သော်လည်း Ampere စစ်ဆေးရန် အတွတ်ရန်ကိုတော့ ဗို့ကို 5 V ဝန်းကျင်ခန့်မှာထားပြီး ၊ Probe အနီ အနက် နှစ်ချောင်းကို ပူးထားပေးလိုက်ပါ ။ ထိုအခါ Voltage Drop ဖြစ်သွားတာကို မြင်ရမှာပါ ။ ထို့နောက် Current Control ကို တဖြည်းဖြည်းခြင်း လှည့်ပြီးတင်လာပေးပါက Ampere တက်လာမှာဖြစ်ပြီး စက်၏ အမြင့်ဆုံးထွတ်သည့် Ampere သို့ရောက်သေးလျှင် စက်ကောင်းသေးတာဖြစ်ပြီး မရောက်တော့ပါက စက်သည် ညံနေပြီးဖြစ်ကြောင်း တွေ့ရမှာဖြစ်ပါသည် .
ထိုစက်ကို Electronic ဆားကစ်များ စမ်းသပ်ခြင်း ၊ ရွှေ ရည်စိမ် လုပ်ငန်းများတွင် အသုံးပြုခြင်း ဖုန်း ပြင်ဆင်ခြင်းလုပ်ငန်းများတွင် Short ( ပါတ်လမ်းတို ) ရှာဖွေခြင်း တို့ အတွတ် ကျယ်ပြန့်စွာ အသုံးပြုလျက်ရှိနေကြပါသည် ။
ကျန်းမာကြပါစေ
လျှပ်စစ်ကျောင်သား