ပူရီ နဲ့ အာလူးဟင်း ချက်နည်း Poori and potato curry

  Рет қаралды 54,523

Meemeetofu

Meemeetofu

4 жыл бұрын

ပါဝင်ပစ္စည်းများ
1. ဂျုံမှုန့် ............... ၁၄၀ ဂရမ် ( အာတာမှုန့်/ အစုံသုံးဂျုံမှုန့် နှစ်သက်ရာ)
2. ရေ ................... ၇၀ မီလီမီတာ*** လိုတိုးပိုလျှော့ လုပ်ရန်
3, ဆား .................အနည်းငယ်
4. နို့ဆီ .............၁ လက်ဘက်ရည်ဇွန်း
5. ဆီ......................... ၁/၄ လက်ဘက်ရည်ဇွန်း
6. ကြော်ရန် ဆီ .......၃ လက္မ အနက်
7. ဂျုံမှုန့် အပို............ ၁/၂ ခွက် မကပ်အောင်ဖြူးရန်
ပူရီ ဖောင်းရခြင်းအကြောင်းရင်းက ဂျုံပြားရဲ့ အတွင်းဘက်မှာရှိတဲ့ ရေငွေ့က ဆီအပူကြောင့် တဟုန်ထိုး ပွ တက်လာလို့ ဖြစ်ပါတယ်။ ဆီ အပူချိန်က လျှော့နေရင် ရေငွေ့က အားကောင်းကောင်းနဲ့ အငွေ့မပျံတော့ ပူရီ မဖောင်းဘူးပေါ့။ ဂျုံပြားကို ဆီပူထဲနှစ်ပေးတာ ဆီပတ်ပေးတာတို့က ဖောင်းဘို့အတွက်လိုအပ်တဲ့ အမြင့်ဆုံးအပူချိန်ကို ရအောင် လုပ်ပေးတာဖြစ်ပါတယ်။ တကယ်ကတော့ လိုအပ်တဲ့ ဆီအပူချိန်ရရင် ဆီထဲ ထည့်လိုက်တာနဲ့ ဘာမှ လုပ်စရာ မလိုဘဲ သူ့ဘာသာ ဖောင်းတက်လာပါလိမ့်မယ်။
• ပူရီကြော်မည့် ဆီအပူချိန်မြင့်ရပါမယ်။
• ဂျုံပြား အချပ်လေးတွေ မထူမပါး ဖြစ်ရပါမယ်။ သိတ်ထူရင် ဖောင်းတက်မလာသလို သိတ်ပါးရင် ဖောင်းပေမဲ့ အပေါက်ကနေ ရေငွေ့ထွက်သွားလို့ လုံးလုံးဖောင်းဖောင်းလေး မဖြစ်တော့ဘူး။ ဂျုံကို ခပ်ကြာကြာလေး နယ်ပေးရင် အပေါက် မဖြစ်တတ်ဘူး။
• ဂျုံပြားလေးတွေ ကြိုတင်လုပ်ထားလို့ လေသလပ်ပီး ခြောက်သွားရင်လည်း ပူရီ မဖောင်းပါဘူး။
• ဆီပူထဲ ချလိုက်တာနဲ့ တန်းဖောင်းရမှာပါ။ ဆက်မဖောင်းတော့ဘဲ တန့်နေရင် ပူရီကို ပြောင်းပြန်လှန်ပေးလိုက်ပါ။ အချိန်မှီရင် ပြန်ဖောင်းလာပါလိမ့်မည်။

Пікірлер: 20
@user-nq5nn4cl9y
@user-nq5nn4cl9y 10 ай бұрын
ကျေးဇူးပါမမီးရေ
@malsawmibochung7593
@malsawmibochung7593 4 жыл бұрын
ကျေးဇူးပါ
@sayphaw2657
@sayphaw2657 4 жыл бұрын
It is the first time I try to make Poori after watching your video. My husband loves it. Thank you very much for uploading. We really appreciate that.
@dr.soewynn2949
@dr.soewynn2949 Жыл бұрын
thanks for poori making. Good chef. I will try.
@yeyint257
@yeyint257 3 жыл бұрын
ကျေးဇူးတင်ပါတယ်ရှင့်
@dr.ramkumararibam5438
@dr.ramkumararibam5438 4 жыл бұрын
I love to watch ur video. Pliz put subtitle in english.
@yuyuhtun5393
@yuyuhtun5393 3 жыл бұрын
Thank you. .
@ayehla2126
@ayehla2126 Жыл бұрын
Thankyou.
@wunnatun9367
@wunnatun9367 3 жыл бұрын
Thank you
@Demon-tv7xc
@Demon-tv7xc 3 жыл бұрын
Thank
@sansan245
@sansan245 4 жыл бұрын
Thank You Ma Mee.
@monn2093
@monn2093 Жыл бұрын
❤❤❤
@sawzawlae2731
@sawzawlae2731 3 жыл бұрын
ချာပါတီလုပ်နည်းလေးမျှပါအုံး
@sithuthu7505
@sithuthu7505 2 жыл бұрын
ညကတည်းကနယ်ထားပီးမိုးလင်းမှ​ကျော်ရင်ရလားရှင့်
@Meemeetofu
@Meemeetofu Жыл бұрын
ရနိုင်ပါတယ်
@sawzawlae2731
@sawzawlae2731 3 жыл бұрын
အမဆီမှာ အိန္ဒိယ အစားစာသင်တန်းတက်ချင်ပါတယ်အစ်မ
@Meemeetofu
@Meemeetofu 3 жыл бұрын
အခုတိုင်းရေးပြည်ရေးကြောင့် ချက်ရေးပြုတ်ရေးထဲ စိတ်မရောက်
@sawzawlae2731
@sawzawlae2731 3 жыл бұрын
ငြိမ်သွားရင်ပေါ့
@ms.nang2190
@ms.nang2190 2 жыл бұрын
နို့ဆီမရှိလည်းရလား
@Meemeetofu
@Meemeetofu 2 жыл бұрын
ရပါတယ်၊
БАБУШКИН КОМПОТ В СОЛО
00:23
⚡️КАН АНДРЕЙ⚡️
Рет қаралды 17 МЛН
39kgのガリガリが踊る絵文字ダンス/39kg boney emoji dance#dance #ダンス #にんげんっていいな
00:16
💀Skeleton Ninja🥷【にんげんっていいなチャンネル】
Рет қаралды 8 МЛН
Little girl's dream of a giant teddy bear is about to come true #shorts
00:32
အာလူး ပူရီ  | Puri with Potato Curry
5:44
Cooking with Myat
Рет қаралды 2,9 М.
Arloo Potato curry | ပလာတာ အာလူးဟင်း
5:21
Quem vai assustar mais meninos ou meninas?!😱 #shorts #challenge
0:10
Gabrielmiranda_ofc
Рет қаралды 93 МЛН