ဆန်စပါးကို အကန့်အသတ်ဖြင့် သိုလှောင်ရမည်၊ ရောင်းဝယ်သူများ အခက်တွေ့နိုင်

  Рет қаралды 4,183

CNI TV Channel

CNI TV Channel

Күн бұрын

ဆန်စပါးကို အကန့်အသတ်ဖြင့် သိုလှောင်ရမည်၊ ရောင်းဝယ်သူများ အခက်တွေ့နိုင်
CNI News
၂၀၂၃ ခုနှစ်၊ မေလ ၂၀
ဆန်စပါးဈေးနှုန်း ကစားမည့်သူများကို ထိန်းချုပ်သည့် အနေဖြင့် ဆန်အိတ်ရေ ၁၀၀၀၊ တန်ချိန်အနေဖြင့် တန် ၅၀ နှင့် စပါးတင်းရေ ၅၀၀၀ နှင့်အထက် သိုလှောင်မည်ဆိုပါက မှတ်ပုံတင်ကြရမည်ဟု စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားခြင်းသည် ကောင်းမွန်သော်လည်း ပုံမှန်ဝယ်ရောင်း လုပ်ဆောင်နေ ကြသည့် ကုန်သည်များနှင့် ပွဲရုံများအတွက် လုပ်ငန်းများ နှောင့်နှေးသွားစေနိုင်ကြောင်း ဆန်ကုန်သည်များက ပြောသည်။
ဆန်ရောင်းဝယ်ရေး လုပ်ဆောင်နေကြသည့် ဆန်ဆိုင်ကြီးများနှင့် ပွဲရုံများ၏ ဆန်သိုလှောင်မှုနှင့် ရောင်းချနေမှုများ သည် ဆန်အိတ်ရေ ၁၀၀၀ မက ရှိသည့်အတွက် ယခုကဲ့သို့ သိုလှောင်ပမာဏ ကန့်သတ်လိုက်ခြင်းကြောင့် အခက် အခဲ ဖြစ်ပေါ်စေနိုင်သည်ဟု မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များအသင်းမှ တာဝန်ရှိသူတစ်ဦးက CNI သတင်းဌာန သို့ ပြောသည်။
Website တွင် ဖတ်ရှုရန် - - - cnimyanmar.com...
#ဆန် #စပါး #သိုလှောင် #မှတ်ပုံတင် #စီးပွားရေး #CNImyanmar #cninews
CNI Telegram Channel-----t.me/ChannelNe...
CNI Twitter Link----- / channelnewsind1

Пікірлер: 7
@warwarkhine5773
@warwarkhine5773 Жыл бұрын
ကောင်းတယ်။
@naingnaingkyaw5484
@naingnaingkyaw5484 Жыл бұрын
အခက်အခဲရှိရှိ မရှိရှိ စပါးစိုက်တဲ့တောင်သူနဲ့စားသုံးသူအဆင်ပြေဖိူ့လိုပါတယ် ကြားခံပွဲစားအတွက် ဟာကွက်လုံးဝမပေးသင့်ဘူး ဖြစ်နိုင်လျှင် အစိုးရမှတိုက်ရိုက်ဝယ်နိုင်ရင် အစိုးရကော တောင်သူကော စားသုံးသူကော အဆင်ပြေနိုင်မည်ထင်သည်
@nyannaingsoe2747
@nyannaingsoe2747 Жыл бұрын
ဥပဒေထုတ်ရုံလုပ်ရုံမက ထိထိရောက်ရောက်အရေးယူတာမျိုး၊ စစ်ဆင်ရေးအသွင် ဆောင်ရွက်တာမျိုးအထိပါလုပ်ရမှာပါ။
@uwin6090
@uwin6090 Жыл бұрын
စပါးမရှိလို့ဈေးကြီးနေတာမဟုတ်ဘူး စပါစက်နဲ့ကုန်သယ်ကြီတွေအကုန်သိမ်းပြီး ကိုင်ထားလို့ ဈေးကစားနေတာပါ
@myominhtike3347
@myominhtike3347 Жыл бұрын
ဒီ ာလေးအလုပ်ရုပ်တာကိုထဘ့်ပြောနေတယ် ကုန်သည်တွေအလုပ်ရုပ်တာစာဖွဲ့မပြောနဲ့ ကုန်သည်တွေစျေးကစားလို့စျေးတတ်ရင်ပြည်သူသန်း၅၀ကျော်ခံရတယ်
@aungbomin5735
@aungbomin5735 Жыл бұрын
လက်တွေ့မှာကြတကယ်အလုပ်မလုပ်ကြဘူးအာပလာပဲ
My Daughter's Dumplings Are Filled With Coins #funny #cute #comedy
00:18
Funny daughter's daily life
Рет қаралды 30 МЛН
Incredible Moments Caught on Camera
30:40
UNSORTED
Рет қаралды 4,5 МЛН