သိထားသင့်စရာ စိတ်ကြွစိတ်ကျရောဂါ - BBC News မြန်မာ

  Рет қаралды 31,270

MizzimaTV

MizzimaTV

Күн бұрын

လူတိုင်းလူတိုင်းမှာ အချိန်အခါ အခြေအနေအလိုက် စိတ်ရွှင်လန်းတက်ကြွချိန်၊ စိတ်ဓာတ်ကျ အားငယ်ချိန်တွေ ရှိတတ်ပါတယ်။ ဒါပေမဲ့ အစွန်းရောက်လောက်အောင် စိတ်အတက်အကျ ပြင်းထန်တာမျိုး ခဏခဏ ဖြစ်လာရင်တော့ ကိုယ့်မှာ Bipolar Affective Disorder လို့ ခေါ်တဲ့ ဘိုင်ပိုလာ စိတ်ကြွစိတ်ကျ ရောဂါ ဖြစ်နေပြီလားဆိုတာကို စစ်ဆေးကြည့်သင့်ပါတယ်။ နာမည်ကြီး အနုပညာသည်တွေကအစ ဝန်ကြီးချုပ်လို ပုဂ္ဂိုလ်မျိုးအထိ ခံစားဖူးကြတဲ့ ဘိုင်ပိုလာ စိတ်ကြွ စိတ်ကျရောဂါအကြောင်း သိထားသင့်တာတွေကို ဘီဘီစီရဲ့ ကျန်းမာရေးရာ Health Matters အစီအစဉ်မှာ ယူကေနိုင်ငံက စိတ်ကျန်းမာရေး အထူးကုသမားတော်ကြီး ဒေါက်တာ နွဲ့ဝင်းသိန်းက ရှင်းပြထားပါတယ်။
ဘီဘီစီမြန်မာပိုင်း
#ဘီဘီစီမြန်မာပိုင်း
#HealthMatters
#Bipolar_Affective_Disorder
#Mizzima
-----------------------------------------
Mizzima News in Burmese ရဲ့ Official telegram channel ဒီမှာ follow လုပ်ပါ t.me/mizzimatv
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ bit.ly/2VhJ12U or tinyurl.com/do...
Subscribe our channel:
/ @mizzimanewstv
Follow us:
Facebook | Myanmar Language / mizzimadaily
Facebook | English language / mizzimamyanmarnews
Facebook | Mizzima+TV / mizzimaplustv
Twitter / mizzimanews
Telegram t.me/mizzimatv
Sportify open.spotify.c...
Mizzima TV App onelink.to/jnuwak
Mizzima Weekly Analysis & Insight Digital Magazine Subscription : mizzimadailyne...
Website : www.mizzima.com
.....................
About us:
Mizzima today is recognized as the most accessed and trusted source of news for the people of Myanmar. Mizzima boasts over 21 million followers of our main Facebook page in addition to a digital daily newspaper in Burmese, Mizzima App, weekly English language magazine, and FM and shortwave radio broadcasting. In addition to the approximately 32 million people reached via Mizzima TV and Radio broadcasting.

Пікірлер
@kokochotun6617
@kokochotun6617 3 ай бұрын
အာရုံလွှဲနည်း.. ကျနော်က ကိုယ့်ကို နေမကောင်းဖြစ်စေတဲ့စိတ်ကို ဧည့်သည်ဆိုးလို့ အမည်ပေးပါတယ် ဘာဖြစ်လို့လဲဆိုတော့ ဒီစိတ်ဟာ မွေးရာပါစိတ်မဟုတ်.ကြီးလာမှ အကြောင်းကြောင်းကြောင့် နောက်မှ ဖြစ်လာတဲ့စိတ်မို့ပါ သူကိုယ့်စိတ်ထဲဝင် ရောက်လာရင် ကိုယ့်စိတ်အကြည်တွေပျက်ပြီး နေမကောင်းဖြစ်ရော ကိုယ့်စိတ်ထဲအလည်ဝင်လာပြီး ကိုယ့်ကို ဒုက္ခပေးတဲ့စိတ်မို့ ဧည့်သည်ဆိုးလို့ နာမည်ပေးတာပါ ကိုယ်က သူ့ကို ဂရုစိုက်အချိန်ပေးပြီး ဧည့်ခံနေရင် ဧည့်သည်က ထပြန်သွားမှာမဟုတ်ပဲ ကိုယ်ဂရုစိုက်နေသမျှ ကာလပတ်လုံး အတူရှိနေမှာဖြစ်ပါတယ် သူနေနေသမျှတစ်ချိန်လုံး ကိုယ်လည်းသူဒုက္ခကို ခံစားနေရမှာပါဘဲ ဒါ့ကြောင့် ဧည်သည်ဆိုးကို ပြန်စေချင်ရင် မရှိစေချင်ရင် ဘာလုပ်ကြရမလဲ.. သူ့ကို သူ့အတိုင်းပစ်ထားပြီးတော့ ကိုယ်လုပ်စရာရှိတဲ့အလုပ်တွေပေါ်အာရုံစိုက် လုပ်နေဖို့ပါ ဒါဆိုသူကချက်ချင်းထွက်သွားမှာလား မထွက်ပါဘူး ပေကပ်နေနေအုံးမှာဖြစ်ပါတယ်.ဒါပေမဲ့သူရှိနေတာသိနေသည့်တိုင် ကိုယ့်အလုပ်ကိုသာ ကိုယ်လုပ်မြဲလုပ်ပါ ဂရုစိုက်ပေးမဲ့သူမရှိတော့လို့ ပျင်းပြီးဘယ်အချိန်က ထပြန်သွားမှန်းမသိ.ထွက်သွားပါလိမ့်မယ်.ကိုယ်လွတ်မြောက်သွားပြီဆိုတာကို ခံစားချက်အရ သိနိူင်ပါတယ်..နေမကောင်းတာတွေက ယူပစ်လိုက်သလိုပျောက်သွားပြီး နေလို့ပြန်ကောင်းသွား စိတ်ရှင်းသွားတာမျိုးပါ. စာရွက်လွတ်တစ်ရွက်ပေါ်မှာ A. ဆိုတဲ့အက္ခရာကို ချရေးကြည့်ပါ အလုံးတစ်ရာ ဆန့တယ်ဆိုပါစို့ နောက်တစ်လုံးထပ်ထည့်ပြီး AB လို့ရေးကြည့်ပါ A. ဟာ အလုံးငါးဆယ်ပဲရှိတော့မယ် အာရုံလွှဲနည်းက ခုလို အကျိုးသက်ရောက်ပါတယ်. နေမကောင်းတာကိုချည်း တစ်ချိန်လုံးသိနေတာထက် တစ်ခြားကိစ္စတွေအပေါ် အာရုံစိုက်ထားတာက နေမကောင်းတဲ့ခံစားချက်ကို လျော့ပါးသက်သာစေပြီး ဖြစ်ကြောလည်းမရှည်တော့တာမို့ မြန်မြန်လွတ်မြောက်ပါလိမ့်မယ် အပိုင်း ၄
@yinyin3840
@yinyin3840 3 ай бұрын
ကောင်းလိုက်တဲ့စာသား မှန်လိုက်တာ
@godhand8826
@godhand8826 3 ай бұрын
@@kokochotun6617 မအေလိုးအတော်တတ် ဟလား
@cobragyi
@cobragyi 3 ай бұрын
@@kokochotun6617 တရားသဘောပါတယ်
@ItenPhone-o6o
@ItenPhone-o6o 3 ай бұрын
ကျေးဇူးပါဗျာ
@chanmyaeaung21
@chanmyaeaung21 3 ай бұрын
ဗဟုသုတ အများကြီးရတဲ့အတွက် ကျေးဇူးတင်ပါတယ်ခင်ဗျာ။ ❤
@ShadraShee
@ShadraShee 3 ай бұрын
အဓိက ကတော့ အကုန်သိအကုန်တတ်တဲ့ ဒေါက်တာရမ်းကုတွေစကားကိုနားမယောင်ပဲတကယ်နားလည်တတ်ကျွမ်တဲ့ဆရာဝန်ဆီရောက်သွားဖို့ကအရေးကြီးတာပါ
@kokochotun6617
@kokochotun6617 3 ай бұрын
စိတ်ကုဆရာဝန်တွေက physician. တွေလို နေရာတကာမှာမရှိ ရှိပြန်တော့လည်း ဈေးကြီးလွန်းလို့ တော်ရုံလူ အနားမကပ်နိူင်.. တချို့က ပြရမှာရှက် ခန္ဓာကိုယ်မှာဖြစ်တဲ့ရောဂါက သူများကုပေးလို့ရပေမဲ့ စိတ်မှာစွဲကပ်တဲ့စိတ်ရောဂါက လူနာရဲ့ ကြိုးစားအားထုတ်မှုမရှိပဲ ဆရာဝန်သက်သက်နဲ့မပျောက်နိုင် ပြန်ပြန်လည်းဖြစ်တတ် ဘာလုပ်ကြမလဲ
@khinwinthet3299
@khinwinthet3299 3 ай бұрын
Thank you.
@kokochotun6617
@kokochotun6617 3 ай бұрын
အာရုံလွှဲနိူင်တဲ့နည်းတွေထဲမှာ.တစ်ယောက်ယောက်နဲ့ စကားပြောပေးခြင်း.ကြက်တောင်ရိုက် တင်းနစ် ဘော်လီဘောစတဲ့ကစားနည်မျိုးတွေလို စိတ်အအားမထားပဲ အဖော်နဲ့ကစားရတဲ့နည်းတွေက အလွန်ထိရောက်ပါလိမ့်မယ် ဒုတိယနည်းကတော့ သည်းခံခြင်းနည်းပါ ရောဂါကိုအဓိကပျောက်ကင်းစေတာက သည်းခံနည်းကြောင့်ပါ သည်းခံနိူင်ခြင်းဟာ စိတ်ရဲ့ IMMUNE ​ဖြစ်ပါတယ် အာရုံလွှဲနည်းကတော့ ဝေဒနါ ပိုမဆိုးလာဖို့နဲ့ ခံစားမှုကာလတိုတောင်းစေဖို့အတွက်ဖြစ်ပါတယ် သည်းခံခြင်းနည်းကသာ ဝေဒနါကို အပြီးတိုင်ချုပ်ငြိမ်းပျောက်ကင်းစေတာပါ ဘာ့ကြောင့်လဲဆိုတော့ ဘုရား​ဟောထားတဲ့အတိုင်း ဝေဒနါ အနိစ္စ မို့ပါ. နေမကောင်းတဲ့ခံစားချက်က နေရအဆင်မပြေမှန်းသိနေသည့်တိုင် သူ့အရှိန်အဝါသက်ရောက်နေစဉ်ကာလအတွင်း မကြောက်ဖို့မစိုးရိမ်ဖို့ ကိုယ့်ကိုယ်ကို အားပေးရင်းအားတင်းထားရင်း သူပျောက်ကွယ်ချုပ်ငြိမ်းသွားတဲ့အချိန်ထိ သည်းခံနေပေးဖို့ အလွန်အရေးကြီးလှပါတယ်. လက်မောင်းလှဲတဲ့ကစားနည်းကိုကြည့်ပါ သူက ကိုယ့်ကို လှဲချနိူင်ဖို့အစွမ်းကုန်အားထုတ်ပါလိမ့်မယ် ကိုယ့်အလုပ်က သူ့ကို ပြန်လှဲချနိူင်ဖို့ထိမလိုပါဘူး သူလှဲတဲ့ဖိအားကို တောင့်ခံနိူင်ရုံလောက်သာ ကြိုးစားဖို့လိုပါတယ် သူကကိုယ့်ကို လှဲမချနိူင်မှန်းသိတဲ့အခါ မနိူင်မှန်းသိတဲ့အခါ လက်လျော့သွားပါလိမ့်မယ် အာရုံလွှဲနည်းကလည်း သူ့ဖိအားကို လျော့ကျအောင် ထိရောက်စွာ အထောက်အကူပြုပါတယ် ဒီလိုနည်းနဲ့ ဧည့်သည်ဆိုးကိုအနိူင်ယူနိူင်မှန်းသိလာရတဲ့အခါ နောက် သူဘယ်နှစ်ခါပြန်လာလာ ဒီနည်းနဲ့ပဲ ဖြေရှင်းအနိူင်ယူနိူင်ပါလိမ့်မယ် ဒီလိုနဲ့ပဲ အလာနည်း အလာကျဲသွားပြီး နောက်ဆုံးဘယ်တော့မှ ပြန်ပေါ်မလာတော့ပါဘူး.. ဒါဟာ အပြီးတိုင် လွတ်မြောက်ခြင်းပါ ဒီထက်ပိုမိုပြည့်စုံစွာရေးလိုပေမဲ့ နေရာအခက်အခဲကြောင့် နားပါပြီ. သိလိုတာရှိ မေးမြန်းကြည့်နိူင်ပါတယ် လက်တွေ့အောင်မြင်တဲ့နည်းပါ
@KgKg-wr3nd
@KgKg-wr3nd 3 ай бұрын
@@kokochotun6617 bro ကျွန်တော့်ဘဝ တစ်ဆစ်ချိုး ပြောင်းပြီး တော်တော်ဆိုးဆိုးကိုစိတ်ဓာတ်ကျနေခဲ့တာ ၂ နှစ်ကျော်ခဲ့ပြီ ကြားထဲမှာလည်း စိတ်ညစ်စရာကို တစ်နေ့တစ်မျိုးမရိုးရအောင်ပဲ ကျွန်တော့်မှာ truma တစ်ခုရှိတယ်ကျောင်းတတ်နေတုန်း ကျောင်းက သူငယ်ချင်းကောင်မလေးကို ချစ်မိတယ်ဆိုပြီး စွပ်စွဲခံရဖူးတယ်ဗျာ အဲ့တာနဲ့စိတ်ဓာတ်တွေကျပြီ ကိုယ့်နယ်ကိုပြန်လာ နယ်က သူငယ်ချင်းတွေကြားထဲရောက်တော့လဲ အဲ့စိတ်ကြီးနဲ့မလုံမလဲဖြစ်နေရတော့ နယ်ကသူငယ်ချင်းတွေနဲ့ပါ အဆင်မပြေဖြစ်လာတယ် အဆိုးဆုံးကဗျာ ကိုယ်နဲ့အနီးစပ်ဆုံးဖြစ်တဲ့ ကိုယ့်အမေကိုယ့်ညီမတွေနဲ့ပါ စိမ်းလာတယ် သူတို့နားနေရတာ comfortable မဖြစ်တော့ဘူး အခု ကျွန်တော့်မှာ ဘယ်သူမှမရှိတော့တဲ့အပြင် ကျွန်တော့်ကိုယ်ကျွန်တော်ပါ ဆုံးရှုံးလိုက်ရတယ်ဗျာ။ဒီ case တွေမဖြစ်ခင်က ကျွန်တော် active ဖြစ်တယ် social ကျတယ် ပုံမှန်လူပဲ ဒီ case တွေဖြစ်ပြီးနောက်ပိုင်း ကျွန်တော်ဟာတစ်ခြားလူပဲ အဲ့တော့ အတိတ်ကကိုယ့်ကိုယ်ကိုသတိရတယ် အတိတ်တွေထဲပဲပြေးပုန်းနေမိတယ် လက်ရှိအချိန်မှာပျော်စရာဆိုတာ နတ္တိ ပဲ
@KgKg-wr3nd
@KgKg-wr3nd 3 ай бұрын
@@kokochotun6617 bro ကျွန်တော့်ဘဝ တစ်ဆစ်ချိုး ပြောင်းပြီး တော်တော်ဆိုးဆိုးကိုစိတ်ဓာတ်ကျနေခဲ့တာ ၂ နှစ်ကျော်ခဲ့ပြီ ကြားထဲမှာလည်း စိတ်ညစ်စရာကို တစ်နေ့တစ်မျိုးမရိုးရအောင်ပဲ ကျွန်တော့်မှာ truma တစ်ခုရှိတယ်ကျောင်းတတ်နေတုန်း ကျောင်းက သူငယ်ချင်းကောင်မလေးကို ချစ်မိတယ်ဆိုပြီး စွပ်စွဲခံရဖူးတယ်ဗျာ အဲ့တာနဲ့စိတ်ဓာတ်တွေကျပြီ ကိုယ့်နယ်ကိုပြန်လာ နယ်က သူငယ်ချင်းတွေကြားထဲရောက်တော့လဲ အဲ့စိတ်ကြီးနဲ့မလုံမလဲဖြစ်နေရတော့ နယ်ကသူငယ်ချင်းတွေနဲ့ပါ အဆင်မပြေဖြစ်လာတယ် အဆိုးဆုံးကဗျာ ကိုယ်နဲ့အနီးစပ်ဆုံးဖြစ်တဲ့ ကိုယ့်အမေကိုယ့်ညီမတွေနဲ့ပါ စိမ်းလာတယ် သူတို့နားနေရတာ comfortable မဖြစ်တော့ဘူး အခု ကျွန်တော့်မှာ ဘယ်သူမှမရှိတော့တဲ့အပြင် ကျွန်တော့်ကိုယ်ကျွန်တော်ပါ ဆုံးရှုံးလိုက်ရတယ်ဗျာ။ဒီ case တွေမဖြစ်ခင်က ကျွန်တော် active ဖြစ်တယ် social ကျတယ် ပုံမှန်လူပဲ ဒီ case တွေဖြစ်ပြီးနောက်ပိုင်း ကျွန်တော်ဟာတစ်ခြားလူပဲ အဲ့တော့ အတိတ်ကကိုယ့်ကိုယ်ကိုသတိရတယ် အတိတ်တွေထဲပဲပြေးပုန်းနေမိတယ် လက်ရှိအချိန်မှာပျော်စရာဆိုတာ နတ္တိ ပဲ
@rubyleme9586
@rubyleme9586 3 ай бұрын
စိတ်ပိုင်းဆိုင်ရာဂရုစိုက်မှုတွေ မြန်မာပြည်မှာ ကလေးတွေအတွက် အလိုအပ်ဆုံးလို့ထင်ပါတယ်
@MosesRobbin
@MosesRobbin 3 ай бұрын
ပြောနေသူတွေက စိတ်ကျရောဂါခံစားဖူးလို့ပါ အကုန်သိနေတာ
@AyeAye-nx3db
@AyeAye-nx3db 3 ай бұрын
စိတ်ကြွတာကကိုယ့်ကိုယ်အားပေးမှ စိတ်တက်ကြွမယ် စိတ်ကျတာက စိတ်ကအတက်အကျရှိတယ် တက်ကြွမယ့်စိတ်ကို မထိန်းထားနိုင်တဲ့အခါစိတ်ကျမယ် ‌ခေတ်ပျက်ထဲမှာစိတ်ပဲကျမယ် ရိုးသားတဲ့သူတွေက စိတ်ကဘယ်လိုလူမျိုးတွေတက်ကြွမလဲဆိုတော့ နည်းမမှန်လမ်းမမှန်လုပ်စားပြီး ပိုက်ဆံအချောင်ရှာလို့ရနေတဲ့ လူတွေလောက်ပဲ စိတ်ကြွမယ် ခေတ်ပျက်ထဲမှာ ကျုပ်ပြောတာဘယ်နေရာမှားနေမလဲ? ထောက်ပြ
@NaingLinn-ct7jh
@NaingLinn-ct7jh 3 ай бұрын
ဟုတယ်
@AyeAye-nx3db
@AyeAye-nx3db 3 ай бұрын
😆😆😆အရူးပြောတာကို 👍လုပ်နေကြသေးတယ်😆
@kokochotun6617
@kokochotun6617 3 ай бұрын
@@AyeAye-nx3db စိတ်ရောဂါတစ်မျိုးဖြစ်တဲ့ စိတ်ကြွတာ စိတ်ကျတာဟာ အခုပြောသလိုမဟုတ်ပါဘူး ဘာအ​ကြောင်းမှမရှိပဲ သူ့အလိုလို အလကားနေရင်း စိတ်တွေတက်ကြွနေတာ မီးအားနည်းသွားသလို နေရင်းထိုင်ရင်း စိတ်အားငယ်နေ စိတ်လေးလံနေ စိတ်ညှိုးငယ်နေ စိတ်မရွှင်မလန်းဖြစ်နေတာ စိတ်နေမကောင်းဖြစ်နေတာ သူ့အလိုလို မပျောက်သွားပဲ စိတ်ကို အချိန်ကြာမြင့်စွာ လွှမ်းခြုံနေတာ နေ့စဉ်ရက်ဆက်ဖြစ်နေတာ မျိုးကို ဆိုလိုတာပါ
@sengnaw5334
@sengnaw5334 3 ай бұрын
ကျနော်အဲ့ရောဂါအမြဲလိုလိုခံစာူနေရတယ် ကို့ဘာကို သက်သေဖို့ထိတောင်ဖြစ်နေပါတယ် ကျနော်ဆရာဝန်ဆီသွားခဲ့ပ်တယ်။
@sengnaw5334
@sengnaw5334 3 ай бұрын
ဆရာဝန်က ဆေးပဲသွင်းပေးပြီး အိပ်ပျော်အောင်ပဲ လုပ်ပေးလိုက်တယ် အဲ့လိုစိတ်ဝေသနာတွေကိုသီးသန့်ကုတဲ့ ဆရာဝန်တွေနဲ့အကြံပေးမဘ့်လူပိုလိုအပ်တယ်လို့ ထင်ပါတယ်
@chitlay-i2x
@chitlay-i2x 3 ай бұрын
Mindfulness meditation
@esthersoe3306
@esthersoe3306 3 ай бұрын
Let me help u
@kokochotun6617
@kokochotun6617 3 ай бұрын
ကိုယ့်စိတ်ကိုဒဏ်ဖြစ်စေတဲ့ ကြောင်းအရာတွေ အတွေးတွေ ခံစားချက်တွေကို ထပ်ခါထပ်ခါ တွေ့ကြုံခံစားမိရာကနေ စိတ်ထဲမှာ စွဲသွားပြီး စိတ်ဒဏ်ရာရသွားတတ်ပါတယ် မှတ်သားမှု သညာအုပ်စုမှာ ဉပါဒါန်စိတ်အဆင့်ထိဖြစ်သွားတာပါ ဒါ့ကြောင့် သူ့အလိုလို လွယ်လွယ်နဲ့ပျောက်မသွားပဲ စိတ်ဒုက္ခရောက်တဲ့အဆင့်ထိဖြစ်သွားရတာပါ.တကယ်တော့ ဒီခံစားချက်စိတ်ကလည်း မမြဲပါဘူး ပျောက်ပါတယ် ရေမှာအနည်ထလို့ နောက်သွားတဲ့အခါ ဘာသက်ရောက်မှုမှ မလုပ်ပဲ သူ့အတိုင်း ငြိမ်ငြိမ်လေးထားမယ်ဆိုရင် အချိန်တစ်ခုအတွင်းမှာ အနည်ထိုင်ပြီးပြန်ကြည်သွားမှာပါဘဲ. ဒီဉပမာအတိုင်းပါဘဲ စိတ်ထဲမှာ နေမကောင်းတဲ့ခံစားချက်ဖြစ်ပေါ်ခံစားနေရချိန်မှာ ဒီခံစားချက်ကို ဂရုစိုက် ခံစားမနေပဲ သတိထားမနေပဲ.လစ်လျူရှုပြီး ကိုယ်လုပ်စရာရှိတဲ့အလုပ်တွေပေါ်မှာ အာရုံစိုက်ပြီး စိတ်နှစ်ပြီး လုပ်ကိုင်ဆောင်ရွက်နေဖို့အရေးကြီးပါတယ် ဒါကို အာရုံလွှဲနည်းလို့ခေါ်ပါတယ် ဒါကအရေးကြီးတယ် အာရုံတစ်ခုဟာ သတိကပ်ထားရင် ပိုပြီးသိသာထင်ရှားတဲ့သဘောရှိတယ်. ကိုယ်နေမကောင်းတာကို သတိထားနေမိ ထိုင်ပြီးခံစားနေမိရင် နေမကောင်းတဲ့ခံစားချက်က ပိုပြီးသိသာထင်ရှားလာတဲ့အတွက် မခံမရပ်နိူင်ဖြစ်ပြီး ဝေဒနါပိုဆိုးစေပါတယ် ဒါ့ကြောင့် တရားထိုင်ပြီးကိုယ်ဘာဖြစ်နေလဲလို့ရှုမှတ်တဲ့နည်းဟာ ဒီနေရာမှာ အကျိုးမရှိရုံမက ပိုဆိုးစေပါလိမ့်မယ် အာရုံလွှဲနည်းကသာ ကိုယ်ခံစားနေရတဲ့ဝေဒနါကို လျော့ပါးသက်သာစေပြီး ဖြစ်ချိန်လည်းတိုတောင်းသွားလို့ မြန်မြန်သက်သာရာရစေပါတယ် အပိုင်း ၃
@kokochotun6617
@kokochotun6617 3 ай бұрын
ကိုယ်စိတ်မှာနေလို့ အဆင်မပြေဘူး အနှေယက်အယှက်ဖြစ်နေတယ် ညစ်ညူးနေတယ် စိတ်မကြည်လင်ဘူး မပေါ့ပါးဘူး စသဖြင့် ဖြစ်နေတယ်ဆိုရင် ဒါတွေဟာ ဝေဒနါဆိုတဲ့ စိတ်ခံစားမှု အစုပါဘဲ သိစိတ်မဟုတ်ပါဘူး စိတ်ညစ်တာဟာ စိတ်ခံစားချက်တစ်ခုဖြစ်ပြီး စိတ်ညစ်တာကို သိတဲစိတ်က စိတ်ညစ်စိတ်မဟုတ်ပါဘူး သိစိတ်နဲ့ ခံစားစိတ်ကို ခွဲခြားသိဖို့လိုပါတယ် ဝမ်းသာတယ် ဝမ်းနည်းတယ် စိတ်ညစ်တယ် စိတ်မပျော်ဘူးအစရှိတဲ့ခံစားချက်မှန်သမျှ သူ့အလိုလိုအချိန်တန်ရင် ပျောက်သွားတာပါဘဲ တမင်ဖျောက်ပစ်ရတာမှမဟုတ်တာ. ဒီလိုဆို စိတ်ဝေဒနါကျမှ ဘာ့ကြောင့် မပျောက်ပဲ ကြာရှည်ဖြစ်နေရတာပါလဲ. စိတ်ဝေဒနါမှာလည်း အချိန်ပြည့် ခံစားချက်က ဖြစ်ပေါ်နေတာမဟုတ်ပါဘူး ဘာမှမဖြစ်ပဲ နေလို့ကောင်းတဲ့အခိုက်အတန့်လေးတွေရှိနေပါသေးတယ်.အသိနဲ့သတိကလည်း မပျောက်ပါဘူး ကိုယ်ဘာဖြစ်နေလဲ သိနေပါသေးတယ် ဘယ်လို ပျောက်အောင်လုပ်ရမလဲမသိတာတစ်ခုပါဘဲ ကကိုယ့်ဘာသာ မဖြေရှင်းတတ်လို့သာ ဆရာဝန်နဲ့ပြသရတာပါ စိတ်ရောဂါဟာ ရုပ်ပိုင်းဆိုင်ရာရောဂါတွေလို ဆရာဝန်က ကုပေးလို့မပျောက်ပါဘူး ကိုယ့်အပေါ်မှာသာအများကြီးမူတည်နေပါတယ် ဆရာဝန်ကလည်း စိတ်ရောဂါမဖြစ်ဖူးသူမို့ .သူသင်ကြားနားလည်သလောက်နဲ့ ကုသပေးနေကြရတာပါဘဲ လူတစ်ယောက်ရဲ့စိတ်ကို ပြောင်းလဲပစ်ဖို့ဆိုတာ.လွယ်ကူတဲ့ကိစ္စမဟုတ်ပါဘူး အပိုင်း ၂
@maswe4047
@maswe4047 3 ай бұрын
❤❤
@kokochotun6617
@kokochotun6617 3 ай бұрын
စိတ်ကြွတာရော စိတ်ကျတာရောဟာ စိတ်ခံစားချက်များသာဖြစ်ပါတယ်.လူတစ်ယောက်ဟာ ကိုယ့်စိတ်မှာ ဘယ်လိုခံစားနေလဲ နေလို့ကောင်းလား နေလို့မကောင်းဘူးလားဆိုတာ အမှန်အတိုင်း သိနေသမျှ ရူးမသွားနိူင်ပါဘူး အသိနဲ့သတိရှိနေသမျှ ဘာမှမဖြစ်နိူင်ဘူး မိမိဘာသာ ပျောက်ကင်းအောင် ကုသနိူင်ပါတယ် ပုံမှန်အားဖြင့် လူတစ်ယောက်ဟာ ကိုယ်တွေ့ကြုံရတဲ့အကြောင်းအရာအလိုက် စိတ်ခံစားချက်အမျိုးမျိုးဖြစ်ပေါ်ခံစားကြရတယ် အချိန်တစ်ခုအတွင်းမှာ အဲဒီခံစားချက်တွေက သူ့အလိုလိုပျောက်သွားကြတာပါဘဲ တမင်ဖျောက်ပစ်စရာမလိုဘူး.စိတ်သဘာဝဟာ.ဒီလိုပဲ.အနိစ္စ မမြဲဘူးပေါ့. ဒါပေမဲ့ စိတ်ရောဂါဖြစ်လာရင် အဲဒီလိုသူ့အလိုလိုခံစားချက်တွေက ပျောက်မသွားပဲ ကြာရှည်ဖြစ်နေတယ် စိတ်ထဲမှာ နေမကောင်းတဲ့ ခံစားချက်ဖြစ်နေပြီး ဒီအခြေအနေကို ဘယ်လို လွန်မြောက်အောင် ရုန်းထွက်နိူင်မလဲမသိကြ.မသိတော့ စိုးရိမ်စိတ်ဝင်လာ စိုးရိမ်စိတ်က နေမကောင်းတဲ့ခံစားချက်ကိုပိုဆိုးစေ.နဲ့ရုန်းမထွက်နိူင်ဖြစ်နေတတ်တယ်. အဓိကကတော့ စိတ်အကြောင်းမသိတဲ့အတွက် ကိုယ်ဘာလုပ်ရမှန်းမသိ.မသိတော့ ဆရာဝန်ဆီသွားပြရ ဆရာဝန်ကလည်းနေရာတိုင်းမှာမရှိနိူင် ရှိပြန်တော့လည်းဈေးကြီးလို့ လူတိုင်းမတတ်နိူင်နဲ့ ကူရာမဲ့ ဖြစ်ကြရပါတယ် အပိုင်း..၁
@kokyaw-nh6nd
@kokyaw-nh6nd 3 ай бұрын
ဖြစ်နေတာကတော့ကြာပါပြီ videoထဲက အတိုင်းပါပဲ။ ကိုယ့်ကိုကိုယ်လဲ ပြန်ဆန်းစစ်ကြည့်တော့ အမှားအမှန်လဲ ပြန်ဆင်ခြင်နိူင်သေးတယ်လို့ မြင်ပါတယ် ဗဟုသုတ စိတ်ခွန်အားစာပေတွေလဲ ေလ့လာနေပါတယ်။ ဒီလိုနည်းနဲ့ ကြိုးစားလို့ အဆင့်တတ်မလာရင် မသက်သာလာရင် ဆရာဝန်နဲ့တိုင်ပင်ပြီး သောက်ဆေးထိုးဆေးတွေ မှီဝဲဖို့ လိုအပ်ပြီလားဗျ။ အဲ့လိုမဖြစ်အောင်တော့ ကြိုးစားနေပါတယ်ဗျာ😢
@kaungmyatsoe.rocker8526
@kaungmyatsoe.rocker8526 3 ай бұрын
ကျွန်တော် ဖြစ်နေတာနဲ့ 80% လောက် ထပ်တူကျနေတယ်. ဘယ်လိုဆက်လုပ်ရမလဲ...😢
@myothihaanyarthar5939
@myothihaanyarthar5939 3 ай бұрын
တရားသာ ပုံမှန်ထိုင်ကြည့်ပါ အဲ့ရောဂါ သက်သာစေပါတယ်
@KhunminmawKoon
@KhunminmawKoon 3 ай бұрын
@@myothihaanyarthar5939 ညီရဲ့ ဖြစ်တယ် တရားထိုင်းလို့မရဘူး
@zarchiphyo
@zarchiphyo 3 ай бұрын
ကျနော် အဲ့ရောဂါခံစားနေရပါဝယ် ဆရာဝန် သွားပြတယ် ဆရာဝန်က ကျနော်ပြောတဲ့စကားတွေကိုသေခြာနားမထောင်သလို ကျနော့်စိတ်ကို သက်သာအောင်လဲထိရောက်တဲ့စကားမျိုးပြန်မပြောဘဲ ဆေးပေး နှစ်ပါတ်တစ်ခါပြန်ပြခိုင်းတယ် ကျနော် သူပေးတဲ့ဆေး‌အစွမ်းနဲ့ ဆေးခန်းပြန်ပြရက်ချိန်းအထိ နေ့လည်းမသိဘူ ညလည်းမသိ အိပ်နေတာဘဲ ‌ဆေးကုန် ပြန်ပြ ဒီဆေးပြန်ပေး ပြန်အိပ် အချိန် သုံးလလောက်ကြာပြီးငွေးတော်တော်ကုန်သွားသလိုအလုပ်ပါ မရှိတော့ဘူးဗျာ စေတနာပါပြီးရောဂါကို ထိရောက်သက်သာအောင် ကုပေးတဲ့ ဆရာဝန်သိခြင်ပါတယ်။
@TG-myanmarBurma
@TG-myanmarBurma 3 ай бұрын
မေတ္တာရိပ်ဆေးခန်း ကမ္ဘာအေးဘုရားလမ်း မရမ်းကုန်း (အသေအချာစုံစမ်းပြီးမှ ကုသမှုခံယူပါ)
@blackoink6647
@blackoink6647 3 ай бұрын
ဆရာဝန်ပြောင်းပြပါရှင်
@SapphireMoeMyintHtet
@SapphireMoeMyintHtet 3 ай бұрын
@@zarchiphyo counselling လုပ်ပေးနိုင်တဲ့ သူနဲ့ပဲ စကားပြောပါ
@kokochotun6617
@kokochotun6617 3 ай бұрын
@@zarchiphyo ဒီ Conment တွေထဲက. kokochotun ရဲ့posts တွေကို ဝင်ဖတ်ကြည့်ပါ ဆရာဝန်မလို ကိုယ်တိုင် မိမိဘာသာ ပျောက်ကင်းအောင်ကုသနည်းဖြစ်ပါတယ် လက်တွေ့အောင်မြင်ပြီး အချိန်မကုန် ငွေမကုန် မိမိဘာသာ ကိုယ့်အားကိုယ်ကိုး ကုသနိူင်တဲ့နည်းပါ အားလုံးအကျိုးရှိအောင်မျှဝေပေးနေတာပါ ဆေးသောက်ရုံနဲ့ မပျောက်ပါ
@esthersoe3306
@esthersoe3306 3 ай бұрын
If you need,I can give some time to listen to you free of charge.I am a med doc in myanmar.
@tkw-d9m
@tkw-d9m 3 ай бұрын
psycho education ကို အစ အဆုံး ထိ ကို အပိုင်းလိုက် တင်ပေးပါလား၊ ကျနော်တို့နိုင်ငံမှာလိုပါတယ်။ ဆရာဝန်မပြနိုင်သူများပါတယ်။ မိမိကိုယ်ကို ဆိုက်ကို ရှိ၊ မရှိ စစ်နည်းလည် တင်ပေးပါ။
@AyeAye-nx3db
@AyeAye-nx3db 3 ай бұрын
ခေတ်ပျက်ထဲကရိုးသာစွာလုက်စားတဲ့သူဟာ စိတ်မကျနဲ့အကျနှစ်မျိုးပံဖြစ်မယ် စိတ်ဓာတ်ခိုင်နေတဲ့သူလောက်ပဲ စိတ်မကျမှာ
@AyeAye-nx3db
@AyeAye-nx3db 3 ай бұрын
အဲဒါဆေးကုလို့မရဘူး စိတ်ခွန်းအားရှိနေမှ ခံနိုင်မယ့်အရာ
@SL水龙
@SL水龙 3 ай бұрын
မူးယဇ်ဆေး(မက်)သုံးစွဲထားသူကလွဲပြီး သာမန်လူဖြစ်ဖို့ခဲယဉ်းတဲ့စ်တ်အခြေနေတစ်ခုပါ။ သာမန်လူတေဖြစ်တဲ့အခါ မိမိဘာသာပြန်ချိန်ညှိရလွယ်ပေမဲ့ မူးယဇ်ကြောင့်ဖြစ်ရင်တော့ ကာယကံရှင်ကိုယ်တိုင်သိနေပမဲ့ ဆေးရှိန်ပြယ်တဲ့ထိ လက်ပိုက်ထိုင်ကြည့်နေရတဲ့စိတ်အခြေနေတစ်ခု။ မူးယဇ်ရှောင်ရှားပါ။
@settmon9783
@settmon9783 3 ай бұрын
ကျနော်အဲ့ရောဂါစွဲနေပါပြီး😢😢😢😢
@check-datamm
@check-datamm 3 ай бұрын
fighting bro တူတူပဲ ဖြစ်နေတာ
@dawayeayemar2320
@dawayeayemar2320 3 ай бұрын
မဂ်လာပါကျေးဇူးအထူးတင်ပါတယ်ဗဟုသုလေးတွေရပါတယ်ရှင်🙏🙏🙏
@tdar-nf7cg
@tdar-nf7cg 3 ай бұрын
ပြန်မဖြစ်အောင်ဆေးက အမြဲစွဲသောက်ရပါသလား ??
@Tatnaylin-sc4zj
@Tatnaylin-sc4zj 3 ай бұрын
@@tdar-nf7cg ဘာဆေးမှသောက်စရာမလိုပါဘူးခင်ဗျာ သူငယ်ချင်းကောင်း မိတ်ဆွေကောင်း စစ်စစ် တစ်ယောက် ကိုရအောင်ရှာထားပါ ဆေးထက်ကောင်းပါတယ်
@kyawzwehtet7751
@kyawzwehtet7751 3 ай бұрын
အခု Psycho အဝေးသင်မှာအဲအကြောင်းကျက်‌ေနရပါတယ်😑
@Orchid-ib1bg
@Orchid-ib1bg 3 ай бұрын
Bipolar Disorder 😂😂😂, unless we change our country on to the other planet.
@Ben-bo3of
@Ben-bo3of 3 ай бұрын
😁
@SL水龙
@SL水龙 3 ай бұрын
ကိလေသာမကုန်သေးတဲ့လူတိုင်းဟာ သူ့ဟာနဲ့သူယဉ်ယဉ်လေးရူးနေကြတာ။ အဲ့လိုလူက လူ့စိတ်ဖြစ်စဉ်အခြေနေတစ်ခုကို Jargon နာမ်မယ်တစ်ခုပေးပြီး တခြားသူကို သင်ပေးတော့ ပညာရပ်တစ်ခုဖြစ်သွားရော။ 😅😅
@kyuubi6254
@kyuubi6254 3 ай бұрын
စောက်ရေးမပါတာတွေဘာမှအသုံးဝင်တာလည်းမဟုတ်ပဲနဲ့လျှောက်ပြောနေအသက်ကကြီးနေပြီဘုရားတရားပဲလုပ်နေပါဗျာဘွားတော်ကြီးရာ😂
Ful Video ☝🏻☝🏻☝🏻
1:01
Arkeolog
Рет қаралды 14 МЛН
«Жат бауыр» телехикаясы І 26-бөлім
52:18
Qazaqstan TV / Қазақстан Ұлттық Арнасы
Рет қаралды 434 М.
Почему Катар богатый? #shorts
0:45
Послезавтра
Рет қаралды 2 МЛН
«Жат бауыр» телехикаясы І 30 - бөлім | Соңғы бөлім
52:59
Qazaqstan TV / Қазақстан Ұлттық Арнасы
Рет қаралды 340 М.
အမေရိကန်နိုင်ငံရေးလောကထဲက မြန်မာတစ်ဦး
35:04
RFA လွတ်လပ်တဲ့အာရှအသံ
Рет қаралды 96 М.
Ful Video ☝🏻☝🏻☝🏻
1:01
Arkeolog
Рет қаралды 14 МЛН