Рет қаралды 46,406
"ခေတ်ပျက်"
Written and performed by Zenn Kyi, Band - ROS
(Track from the new album "Satellite အိပ်မက်များ" - Coming soon!)
Lyrics:
မွန်းတယ် မွန်းတယ်ဟေ့
အသက်ရှူကြပ်လာတယ်
သွေးတွေပျက်လာတယ်
ချွေးတွေထွက်လာတယ်
ကြည့်နေရတာတွေ
ဖတ်နေရတာတွေ
ကောင်းတာရှားလာတယ်
အမုန်းတွေများလာတယ်
မကောင်းမှသတင်းဖြစ်တော့တဲ့ ဒီမျက်မှောက်ခေတ်ကြီးထဲ
အကောင်းမတွေးတတ်တော့တဲ့သူတွေများတာဘာမှမဆန်းကြယ်
(စိတ်ဆိုတာမဆေးကြောပေးတာကြာရင်
ချေးတက်တတ်တယ် သတိထား)
I don’t care
I won’t care ဆိုတဲ့သူတွေအများကြီးပဲ ဒီခေတ်ပျက်ကြီးထဲ
ဘယ်လိုလုပ်မလဲ ဘာလုပ်မလဲ
Zombie လိုလူတွေအများကြီးပဲ ဒီခေတ်ပျက်ကြီးထဲ
စက်ရုပ်ကြီးတွေလို
အတွေးအခေါ်မတတ်တော့လို
ကြားနေသမျှလည်းယုံ
ပြောနေသမျှလည်းယုံ
မွန်းကြပ်လွန်းတယ်ဘေဘီ
အတွေးတွေအစွန်းရောက်ကုန်ပြီ
ပြောသမျှစကားတွေလွန်ပြီ
တယောက်နဲ့တယောက်လည်းမယုံပြီ
မကောင်းမှသတင်းဖြစ်တော့တဲ့ ဒီမျက်မှောက်ခေတ်ကြီးထဲ
အကောင်းမတွေးတတ်တော့တဲ့သူတွေများတာဘာမှမဆန်းကြယ်
(ယုံကြည်မှုမရှိတော့ရင်အကြောက်တရား
ကြောက်တဲ့အရာတွေကိုမုန်းတတ်တာ လူ့သဘာဝပဲ)
ခေတ်ပျက် recorded in 2019 @ The Guardians Studio, Yangon (Myanmar)
Lyric video created in 2022.
#ZennKyi #Satelliteအိပ်မက်များ #ခေတ်ပျက်