အလင်းနှစ် ဆိုတာ ဘာလဲ

  Рет қаралды 24,877

MM Pop Science

MM Pop Science

Жыл бұрын

အလင်းနှစ်ဆိုတာ ဘာလဲ။ အလင်းနှစ် ဆိုတာ အကွာအဝေးကို တိုင်းတဲ့ ယူနစ်လား။ အချိန်ကို တိုင်းတဲ့ ယူနစ်လား။ အကွာအဝေး ရော အချိန်ရော တိုင်းနိုင်သလား။
စကြာဝဠာထဲက ကြယ်တွေ ဂလက်ဆီတွေ တစ်ခုနဲ့ တစ်ခု အကွာအဝေးကို အလင်းနှစ်နဲ့ ပြောလေ့ ရှိပါတယ်။ ဒီ အလင်းနှစ် ဆိုတာနဲ့ ပါတ်သက်လို့ သိပ်ပြီး သေချာ မသိကြတဲ့ သူတွေ အတော်များများ တွေ့ဖူးပါတယ်။ ကွန်မန့်တွေ ထဲမှာလဲ ခနခန လာမေး ကြပါတယ်။
ပထမဆုံး အလင်းနှစ်ဆိုတာ ဘာလဲ ဆိုတာ ရှင်းပြပါမယ်။ အလင်းနှစ် ဆိုတာ အကွာအဝေးကို တိုင်းတဲ့ ယူနစ် ဖြစ်ပါတယ်။ အချိန်ကို တိုင်းတာ မဟုတ်ပါဘူး။ အချို့က အလင်းနှစ် ဆိုတာ အချိန်လို့ ထင်ကြလို့ပါ။
အလင်းနှစ်ဆိုတာက အလင်းတန်းတစ်ခု တစ်နှစ်အတွင်းသွားလို့ ရောက်တဲ့ အကွာအဝေးကို ပြောတာ ဖြစ်ပါတယ်။ အလင်းရောင်ဟာ တစ်စက္ကန့်ကို ကီလိုမီတာ ၃၀၀,၀၀၀ ခန့် (မိုင် ၁၈၆,၀၀၀ ခန့် ခရီးရောက်ပါတယ်)။ တစ်နှစ်ဆို ခရီး အကွာအဝေး မိုင် ၆ ထရီလီယံ ရောက်ပါတယ်။ ဂဏန်းနဲ့ ရေးရင် ၆,၀၀၀,၀၀၀,၀၀၀,၀၀၀ မိုင် ပေါက်ပါတယ်။ စကြာဝဠာထဲ က ကြယ်တွေ ဆိုတာက တစ်ခုနဲ့ တစ်ခု အလွန်ဝေးတော့ ပုံမှန် ကျွန်တော်တို့ သုံးနေကျ ဂဏန်းတွေနဲ့ ချရေးရင် သုညတွေ များလွန်းတာနဲ့ အဆင်မပြေ တော့ပါဘူး။ ဒါ့ကြောင့် အလင်းနှစ်နဲ့ သုံးရတာ ဖြစ်ပါတယ်။
ကျွန်တော်တို့နဲ့ အနီးဆုံး ဖြစ်တဲ့ Proxima Centauri ကြယ်ဟာတောင် အလင်းနှစ် ၄.၂ နှစ် ဝေးပါတယ်။ အဲ့သည် ကြယ်ရဲ့ အကွာအဝေးကိုပဲ ဂဏန်းနဲ့ ချရေးကြည့် ကြပါဗျာ။ ဒါဆို ဘာ့ကြောင့် အလင်းနှစ်ကို သုံးရသလဲ ဆိုတာ သဘောပေါက်မှာပါ။ (4.2 light year ~ 25,200,000,000,000 miles)
နောက်ပြီး အလင်းရောင်ရဲ့ အလျှင်ဟာ ပြောင်းလဲမှု မရှိပါဘူး။ (အလင်းဖြတ်သွားတဲ့ ကြားခံနယ် တူရင် မပြောင်းတာကို ပြောတာပါ။) လေမရှိတဲ့ လေဟာနယ် ထဲမှာ အလင်းဟာ တစ်နာရီကို 670,616,629 mph (1,079,252,849 km/h) နှုန်းနဲ့ တသမတ်ထဲ ပြေးနေပါတယ်။ တစ်နှစ် အတွက် သွားတဲ့ ခရီး သိချင်ရင် ဒီဂဏန်းကို တစ်နှစ်မှာ ရှိတဲ့ နာရီပေါင်း ၈,၇၆၆ နာရီနဲ့ မြှောက်လိုက်ရင် အလင်းနှစ် တစ်နှစ်မှာ ရှိတဲ့ ခရီး အကွာအဝေးကို ရပါပြီ။ အလင်းနှစ် တစ်နှစ်ရဲ့ ခရီးအကွာအဝေးဟာ 5,878,625,370,000 မိုင် ရှိပါတယ်။

Пікірлер: 76
@hlatin-win2783
@hlatin-win2783 9 ай бұрын
I am proud of your Space knowledge to know other Persons,new Gens abroad. Thanks U.
@htetwaiyanoo2809
@htetwaiyanoo2809 10 ай бұрын
နေဝင်သွားပြီး 8min အကြာအထိ ကျွန်တော်တို့ကနေလုံးကိုမြင်နေရသေးတာလားဗျ
@mastermoe01
@mastermoe01 10 ай бұрын
yes
@sanzayyar3897
@sanzayyar3897 Жыл бұрын
ကျေးဇူးတင်ပါတယ် အရမ်းစိတ်ဝင်စားဖို့ကောင်းတဲ့ဗီဒီယိုပါ
@user-ey9kl8pv2d
@user-ey9kl8pv2d 11 ай бұрын
ကျေးဇူးတင်ပါတယ်
@hlatin-win2783
@hlatin-win2783 9 ай бұрын
Light = 1per Scond = 186000 Running Mile. Lgt Year = 6×0×12¢=6,000'000'000'000
@user-of7dv4fy1w
@user-of7dv4fy1w 10 ай бұрын
ကျေးဇူးပါဆရာ
@shwinpaw
@shwinpaw 11 ай бұрын
Hello Thank.
@user-fp2zr9wj6y
@user-fp2zr9wj6y 10 ай бұрын
ကောင်းပါတယ် ဆက်လေ့လာပြီး ဆက်တင်ပြပါဦး မြန်မာနိုင်ငံဲကြီးတိုးတက်ပါစေ
@user-zq4rm7jp7v
@user-zq4rm7jp7v 10 ай бұрын
ကျေးဇူးပါအကို
@user-ts8qd7qz2n
@user-ts8qd7qz2n 10 ай бұрын
နားလည်လွဟ်တယ် ကျေးဇူးတင်ပါတယ် တကယ် စိတ်ဝင်စားဖို့ကောင်းတယ် ဗုဒ္ဓ ဟောကြားခဲ့တဲ့ စကြာဝဠာ တရညးကို ည်း တင်ပြပေးပါအုံး
@user-gd4uc6yl8g
@user-gd4uc6yl8g 10 ай бұрын
ကျေနပ်ပါတယ်ညီ
@kokohtay2387
@kokohtay2387 9 ай бұрын
ကျေးဇူးပါဆရာ၊သိချင်တာလေးတွေမေးခွင့်ပြုပါဆရာ💅
@kokochin8226
@kokochin8226 Жыл бұрын
မရှင်းလို့မေးပါရစေ ဒီလိုပါ အခုလက်ရှိ တယ်လီစကုပ်နဲ့မြင်ရတဲ့ Alpha Centuri ကြယ်ဟာ လွန်ခဲ့တဲ့ အလင်းနှစ် 4.2 တုန်းကပုံဆိုတာဟုတ်ပါသလား.အဲဒီကြယ်ရဲ့ လက်ရှိအနေအထားကိုသိချင်ရင် နောက်အလင်းနှစ် 4.2 ကမြင်ရမယ်ဆိုတာမျိုးပေါ့.ရှင်းပြပေးပါဦး
@aungsoe8316
@aungsoe8316 Жыл бұрын
အဲ့သဘောပဲဗျ
@MMPopSci
@MMPopSci Жыл бұрын
ဟုတ်ပါတယ်။ အလင်းနှစ် ၄.၂ အကွာက ကြယ်က အလင်းဟာ ကမ္ဘာကို ရောက်ဖို့ အချိန် ၄.၂ နှစ် ကြာမှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် သူ့ဆီက အလင်း ကမ္ဘာကို ရောက်ချိန်မှာ ဒီ အလင်းက သယ်ဆောင်လာတဲ့ အချက်အလက် တွေဟာ အတိတ် ၄.၂ နှစ် က အချက်တွေ ဖြစ်ပါတယ်။
@nyeinphoo2179
@nyeinphoo2179 8 ай бұрын
အဲဒါဆိုရင်အလင်းနှစ် ၄.၂ နှစ်ကွာတဲ့ဂြိုလ်ကိုသွားလို့ရောက်ခဲ့ရင်လွန်ခဲ့တဲ့အလင်းနှစ် ၄.၂ နှစ်ကြာခဲ့တဲ့ပုံရိပ်ကိုရောက်သွားမယ်ပေါ့အိုးမိုင်ဂေါ့
@aungminkhant9408
@aungminkhant9408 7 ай бұрын
​@@nyeinphoo2179ရောက်ကိုမရောက်နိုင်တာပါဗျ ညီအစ်ကို ပြောသလိုမျိုး ရောက်သွားခဲ့တယ်ဆိုရင် အဲ့ဒါကအတိတ်မဟုပါဘူး အဲ့ဒီဂြိုဟ်ရဲ့ ပစ္စုပ္ပန်ကို ရောက်သွားတာပါ
@user-sm1wf9wg5x
@user-sm1wf9wg5x 4 ай бұрын
​​@@nyeinphoo2179 ထားပါတော့ နေက အခု ည၉နာရီမှာ လုံး၀ပျောက်ကွယ်ပြီး physically အရမရှိတော့ဘူးထားပါစို့။ ဒါမယ့် ကျွန်တော်တို့ကမ္ဘာကနေ ၉နာရီ၈မိနစ်၂စက္ကန့်အထိ နေကိုမြင်နေအူးမယ်။ နေရဲ့ information တွေ သတင်းအချက်တွေမြင်နေအူးမယ်။ ထို့နောက် နေကိုမြင်ရမည်မဟုတ်။ Really: ဆိုတော့၉နာရီမှာ နေ ကဤလောကမှာမတည်ရှိတော့ဘူး။ ကမ္ဘာကနေကြည့်ရင်တော့မြင်နေရသေးတယ် ၉နာရီ ၈မနစ် ၂စက္ကန့်အထိ။ ထားပါတော့ ၈နာရီ၅၈မိနစ်မှာ ကျွန်တော်တို့က လုံး၀မပေါ်သေးတဲ့ဒုန်းပျံနဲ့ နေရဲ့အလင်း​ေရာင်ကမ္ဘာကိုရောက်တဲ့အမြန်နှုန်း ၈မိနစ် ၂စက္ကန့် အတိုင်း နေဆီကိုအရောက်သွားမယ်ဆိုပါစို့။ ၉နာရီ၆မိနစ်မှာ နေဆီကိုရောက်မယ်မလား။ ကျွန်တော်တို့ရောက်မယ့် ၉နာရီ၆မိနစ်မှာ နေဟာ ရှိမနေတော့ပါဘူး။ ဘာလို့ဆို နေဟာ ၉နာရီမှာ ဤလောက ကနေ လုံး၀ပျောက်ကွယ်သွားလို့ပါ။ ဒါပေမယ့် ၉နာရီ ၈မိနစ်ထိ ကမ္ဘာမြေပေါ်ကနေတော့ နေကို မြင်နေရအူးမှာပါ။
@khinmaungthein2624
@khinmaungthein2624 Жыл бұрын
​ကျေး​ကျေးပါ။❤
@MMPopSci
@MMPopSci Жыл бұрын
Thanks for your support
@soezarhein
@soezarhein Ай бұрын
အလင်းနှစ်၁ နှစ်အကွာအဝေးကပုံရိပ်ဟာ ကမ္ဘာကိုရောက်ဖို့ အချိန်၁နှစ်ကြာတာပေါ့
@cfct7195
@cfct7195 Жыл бұрын
ဆက်လက်တင်ပြပါအုံး အားပေးနေတယ်။
@MMPopSci
@MMPopSci Жыл бұрын
ကျေးဇူးပါ ခင်ဗျာ
@thihazaw1699
@thihazaw1699 Жыл бұрын
လိုရင်းတိုရှင်းနဲ့အကောင်းဆုံးအဖြေကိုရလိုက်လိုကျေးဇူးပါbro🎉 ဒီထက်မကအောင်မြင်ပါစေ vdတိုင်းအားပေးနေပါတယ်
@aungkokomyint3548
@aungkokomyint3548 5 ай бұрын
ရှင်းပြပေးတာ ကျေးဇူးပါ အကို
@linzawko6887
@linzawko6887 5 ай бұрын
တရားသဘောနဲ့သိပ္ပံပညာကဆက်စပ်နေတာပဲ
@shinthantaung8149
@shinthantaung8149 9 ай бұрын
ဒါဆို ကျွန်တော်က ကမ္ဘာကနေ အလင်းနှစ် ၂၀ အကွာအ ​ေ၀းကိုသွားပြီး တယ်လီစကုပ်နဲ့ ကမ္ဘာကိုပြန်ကြည့် ရင်ကျွန်တော်တို့ ငယ်ငယ်ကအတိတ်ကိုပြန်မြင်ရမှာပေါ့နော်
@TrazonAnita-tu9xp
@TrazonAnita-tu9xp 10 ай бұрын
ဘရိုရေ့ အချိန်ကွာဟချက်က ဘာကြောင့်ဖြစ်ရတယ် ဆိုတာကို ရှင်းပြပေးပါခများ ဥပမာ အာကာသထဲ ခရီးသွားရင် အချိန်အပိုင်းအခြား အသက်အရွယ် ကွာဟသွားတာကို ကြားဖူးပီး သဘော သေခြာမပေါက်လို့ပါခမျာ့
@user-ek8hw6lw5y
@user-ek8hw6lw5y 11 ай бұрын
Telescope အကြောင်းအချိန်ရရင်‌ပြောပေးပါ
@user-kk6mc8xm4y
@user-kk6mc8xm4y 2 ай бұрын
parsec က ဘယ်က ဖြစ်ပေါ်လာတယ်ဆိုတာ သိချင်ပါတယ်
@waiwaitun-xx8uj
@waiwaitun-xx8uj Жыл бұрын
အကိုရေ မြေအောက်ကဘာရှိတာဆိုတာကျတော်ကိုvideoလေးနဲ့တင်ပြပေးပါလားအဲဒါကဖြစ်နိုင်လောက်လား
@pyayesonewin8853
@pyayesonewin8853 8 ай бұрын
Persecအတိုင်းအတာက ဘယ်လိုတွေပိုပြီး အလင်းနှစ်အတိုင်းအတာထက်အားသာလို့ ပညာရှင်တွေကသုံးရတာလဲမသိလို့ဗျ၊ ပြောပြပေးပါအုံးဆရာ။
@user-dc4jo3zr4d
@user-dc4jo3zr4d 6 ай бұрын
အလင်းနှစ်ကိုနောက်ပြန်သွားရင်ဘာတွေဖြစ်လာနိုင်မလဲဗျ
@mango8436
@mango8436 Жыл бұрын
အရမ်း ဗဟုသုတွေရပါတယ် ပြီးတော့ ဆရာရှင်းပြတာတွေက နားလည်ရလွယ်ပါတယ် နောက်လည်းများများတင်ပေးပါ ဆရာ❤❤❤❤❤❤❤❤
@MMPopSci
@MMPopSci Жыл бұрын
ကျေးဇူးပါခင်ဗျ 🥰
@zxyus1850
@zxyus1850 9 ай бұрын
ကောင်းကင်ကို မြေပြင်ကနေ ဓာတ်မီးနဲ့ ထိုးလိုက်ရင်ကော အဲ့အလင်းဟာ အာကာသထဲရောက်သွားပီးခရီးဆက်နေနိုင်လားခင်ဗျ အလင်းရဲ့သက်တမ်းကကောဘယ်လောက်လောက်ထိရှိလဲခင်ဗျ
@fearcrisis2872
@fearcrisis2872 9 ай бұрын
ယူနီဗားစ် ထဲမှာ အသေးငယ်ဆုံးအမှုန်ဟာဘာပါလဲ
@bagyiaye5224
@bagyiaye5224 Жыл бұрын
က.ဝ အချိန်
@tunmg9805
@tunmg9805 10 ай бұрын
အလင်းကလေဟာနယ်ကိုဖြတ်သန်းနိုင်သလားဆရာ
@boybetween0999
@boybetween0999 9 ай бұрын
နေကအလင်းက လေဟာနယ်ကိုဖြတ်ပီးလာရတာပဲလေ
@user-cp6be7ds5t
@user-cp6be7ds5t 10 ай бұрын
တစ်ခုသိချင်လို့ပါ Telescopeကကြည့်လိုက်လို့အလင်းနှစ်4.2နှစ်အကွာကဂြိုလ်တစ်ခုပေါ်မှာသက်ရှိတစ်ခုလမ်းလျှောက်နေတာတွေ့ခဲ့ရင်အဲ့တာလွန်ခဲ့တဲ့လေးနှစ်ကျော်ကပဲလားဗျ
@MMPopSci
@MMPopSci 10 ай бұрын
ဟုတ်ပါတယ် ခင်ဗျာ
@boomtheiconmyanmar5569
@boomtheiconmyanmar5569 10 ай бұрын
ကျွန်တော့် အမြင်အရဆိုရင် မှားနေတယ် ခင်ဗျ .. အလင်းက သူ့ ဂုဏ်သတ္တိ နဲ့ သူ သွားနေပေမယ့် အလင်းရဲ့ Source သူ့နေရာမှာ ပျောက်ဆုံးသွားရင် လုံးဝ မရှိတော့ပါဝူး .. နေလုံးက အခုချိန်ပျောက်သွားရင် (၈) မိနစ်ကြာမှ မှောင်သွားမှာမျိုး မဟုတ်ပါဝူး .. ချက်ချင်းကို မှောင်ပါတယ် .. အလင်းမှုန်လေးတွေက ဖြတ်သန်းသွားလာနေရတယ်ဆိုတာမျိုးက အလင်း Source တည်ရှိနေသေးလို့ပါ .. အကိုရှင်းပြထားသလို အလင်းက ဒီကမ္ဘာမြေကို ရိုက်ခပ်မှမြင်ရတာမျိုးတွေဆိုရင် ဟိုး အနီအောက်ရောင်ခြည်တွေ ဖမ်းယူကြည့်ရှုရတဲ့ အကွာဝေးတွေ Dark Energy ဖြစ်နေတဲ့ လက်ရှိ အမှောင်နေရာတွေက လွန်ခဲ့တဲ့ တစ်ရက်ကမှ ကြယ်တစ်ခုခု ပေါက်ဖွားလာရင် သူကွာဝေးနေတဲ့ အကွာဝေး အတိုင်း ကြာချိန်စောင့်ပီးမှ ဒီဖက်မှာ မြင်ရမယ့်ပုံလို့ ယူဆနေသလိုကြီးဖြစ်ပါတယ် .. ယခု လက်တွေ့ဆန်တဲ့ သိပ္ပံ ကိစ္စရပ်ကြီးက အတိတ်အကြောင်းကိုပဲ လေ့လာသင်ယူနေရရင် ပစ္စုပ္ပန် နဲ့ ဝေးသွားပါပီ .. ဒီဖက်ကမ္ဘာနဲ့ ဟိုဖက် ကမ္ဘာ ခြမ်းအလင်းမိနစ် အနည်းငယ်ခြားရင်တောင်ဖုန်းပြောတဲ့အခါ အင်တာနက် သုံးတဲ့အခါ တစ်စက္ကန့် နောက်မကျတဲ့ခေတ်မှာ .. တစ်ဖက်နဲ့ တစ်ဖက် အချိန်ကြာမြင့်စွာ Contact ရှိတာမျိုး မြင်ရမှာမျိုးဆိုတာက လွဲနေပါတယ် .. အလင်းနှစ် (၁၀) စက္ကန့်ဝေးတဲ့ အကွာဝေးမှာ မာကျုရီ မီးသီးကို ထားပီး ဒီဖက်ကနေ မီးပိတ်ခိုင်းလိုက်ရင် (၁၀) စက္ကန့်ကြာမှ မီးပိတ်သွားမှာလားဆိုတာ မှန်ပြောင်းနဲ့ စောင့်ကြည့်ပီးစမ်းကြည့်ရင် ကျွန်တော်ပြောတဲ့ သဘောတရားကို သိပါလိမ့်မယ် အာကသထဲမှာ ကျွန်တော်တို့ အကိုတို့ မသိနိုင်တဲ့ ကြားခံဒြပ်စင်တွေ လမ်းကြောင်းတွေ အကာအရံတွေ လည်း ရှိနေဦးမှာပါ ဂျုပီတာဂြိုလ်ကြီး မီးစတောက်ရင် နေနှစ်စင်း ပေါ်လာမယ်ဆိုတာ မှန်ကောင်းမှန်နိုင်မယ် .. အလင်းနှစ်ကို လူတွေ ထင်နေကြသလို ကြယ်ကြည့်တယ်ဆိုတာ အတိတ်ကို ကြည့်တယ်ဆိုတာတွေကလည်း မှားနေပါတယ် ..
@BoBikyawkyaw
@BoBikyawkyaw 10 ай бұрын
​@@boomtheiconmyanmar5569 video တင်တဲ့ bro ပြောတာက သိပ္ပံပညာရှင်တွေရှာဖွေခဲ့တာ နောက်ပြီး ဒါကိုအခုခေတ်မှာလူေတွအကုန်လက်ခံထားတာ အခု comment ရေးတဲ့ bro ပြောနဲ့ စမ်းသက်ချက်တွေက bro ကိုယ်တိုင်ကောလုပ်ဖူးလို့လား
@fearcrisis2872
@fearcrisis2872 9 ай бұрын
စိတ်ဝင်စားစရာပဲ ။ သေင်္ချတောင်ဆရာတော်ပြုစုတဲ့ကျမ်းထဲဖတ်ဖူးတာကတော့ ၃၁ ဘုံထဲမှာ "နေဝသညာ နာသညာယတန" ဘုံ ဆိုတဲ့ဗြဟ္မာဘုံဟာ လူ့ဘုံနဲ့အဝေးဆုံးဘုံလို့ဆိုပါတယ် ။ အဲဒီဘုံရဲ့နာမည်ကို ဘာသာပြန်ထားတာက "ရှိသည်လည်းမဟုတ် မရှိသည်လည်းမဟုတ်" ဆိုတဲ့ဘုံတခုလို့ပြန်ဆိုထားပါတယ် ။ ပြောချင်တာက အဲဒီဆရာတော်ရေးထားတာက ဂြိုလ်လနက္ခတ်တာရာ စတဲ့အရာဝတ္ထုမှန်သမျှဟာ အဲဒီဘုံအထိအတွင်းမှာသာရှိတယ် အဲဒီဘုံရဲ့အလွန်မှာ ဂြိုလ်လနက္ခတ်တာရာ ဘာဆိုဘာမှမရှိတော့ဘူးလို့ရေးသားထားတာတွေ့ရတယ် ။ နောက်တခုက စင်္ကြဝဠာထဲမှာ နေရာလပ်မရရှိအောင်အပြည့်တည်ရှိနေတဲ့အရာ (သို့) အမှုန်တမျိုးရှိတယ်လို့ဆိုထားတယ် ။ ပါဠိလိုနာမည်တော့ရှိတယ် မေ့နေလို့ ။ အဲဒီအမှုန်ဟာ စင်္ကြဝဠာတခွင်ရဲ့အခြေခံ ကြားခံ Source ဖြစ်နေမလားပဲ ။
@lintun5792
@lintun5792 9 ай бұрын
အလင်း ၁စက္ကန့် ၁၈၀,၀၀၀မိုင် လျှပ်စစ် ၁စက္ကန့် ၁၇၀,၀၀၀မိုင် Earth တစ်ဖက်နဲ့တစ်ဖက် ၇,၉၀၀မိုင် Earthပေါမှာ မြင်တာနဲ့တိုင်းလို့မရဘူး Earth ပေါမှာတိုင်းချင်ရင် အလင်း (၁၀) စက္ကန့်အလျင်တိုင်းချင်ရင် မီးသီးက ဝါယာကြီုးကို earth ကို အပတ် (၃၀၀)ပတ်ပီး battery နဲ့ တပ်လိုက်
@komyo8026
@komyo8026 10 ай бұрын
ခင်ဗျက ကီလိုမီတာ 3000 ပြောလိုက် 300000ပြောလိုက်နဲ့ရှုပ်နေပြီ
@winthurain7293
@winthurain7293 10 ай бұрын
ဘယ်လောက်အကွာအဝေးမှာရှိနေတယ်ဆိုတာကို ဘယ်လိုတိုင်းကြလဲအကို့
@hlatin-win2783
@hlatin-win2783 9 ай бұрын
ယနေ့ခေတ်မျိုးဆက်သစ်တွေအာကာသအသိအမြင်ရနိုင်တာမို့ဆရာအားကျေးဇူးတင်ပါသည်။
@sanaymgmg9334
@sanaymgmg9334 Жыл бұрын
ဆရာပြောသလိုဘဲထင်နေတာ😁ခုလိုပြောပြပေးပါကျေးဇူးပါ
@kohtet3583
@kohtet3583 Жыл бұрын
နေရဲ့ အလင်းက ကမ္ဘာပေါ်ကို ရောက်နေပြီးသားမဟုတ်ဘူးလားဗျ ကမ္ဘာရဲ့ လည့်ပတ်နေမူကြောင့်သာ မှောင်လိုက် လင်းလိုက်ဖြစ်နေတာ မဟုတ်ဘူးလားဗျ
@MMPopSci
@MMPopSci Жыл бұрын
အလင်းဆိုတာ photon အမှုန်လေးတွေလေ။ သူတို့က ဆက်တိုက် လာနေတာ။ ခုမြင်ရတာ လွန်ခဲ့တဲ့ ၈ မိနစ်က နေက ထွက်လာတဲ့ ဖိုတွန်တွေ
@user-yc8yt8sx8z
@user-yc8yt8sx8z 10 ай бұрын
ကျွန်တော်တို့မြင်နေရတဲ့ကြယ်တစ်ခုချင်းစီကblack holeတစ်ခုလားခင်ဗျ
@naturelife7210
@naturelife7210 5 ай бұрын
star နဲ႔ black hole ကမတူပါဘူးအကို
@kodykmt
@kodykmt 9 ай бұрын
ဘရိုက FB curiosity က အက်မင်နဲ့အတူတူပဲလားဗျာ ဒါမှမဟုတ် နောက်တစ်ယောက်ပါလား
@MMPopSci
@MMPopSci 9 ай бұрын
သိပ္ပံ page ကပါ ခင်ဗျ။ Curiosity page နဲ့ မဆိုင်ပါဘူး။
@thormaskoko3186
@thormaskoko3186 7 ай бұрын
နှစ်တနှစ်ရဲ့ အလင်း ပေါ့
@user-jd1if8tk1f
@user-jd1if8tk1f 9 ай бұрын
ဓူဝံကြယ်အကြောင်းပြောပြပေးပါခင်ဗျား
@htet2209
@htet2209 Жыл бұрын
broရဲ့ကျေးဇူကြောင့်အလင်းနစ်လဲသိပြီကောင်းကင်ကြီးဘာလို့ပြာလဲလည်းသိပြီ
@MMPopSci
@MMPopSci Жыл бұрын
ကျေးဇူးပါခင်ဗျာ
@myohlaingwin2776
@myohlaingwin2776 Жыл бұрын
broရဲ့ videoကို ကြိုက်ပေမယ့် မကြည့်နိုင်ဘူးဖြစ် နေတယ် profile က ပုံရဲ့ ခေါင်းပေါ်က လုံးလုံးတွေပြွတ်စိနေတာကို မကြည့်နိုင်ဘူး😞
@MMPopSci
@MMPopSci Жыл бұрын
😁😁😁
@ulaygyi7139
@ulaygyi7139 Жыл бұрын
တကယ်အသိဥာဏ်ဗဟုသုတရစေတဲ့ စကြာဝဠာအလင်းနှစ် ရှင်းပြချက်လေးပါ.ရှင်းလင်းပြောကြားတင်ပြပေးသူလည်း နေ့ရက်စဉ်တိုင်း ကိုယ်စိတ်နှစ်ဖြာဘေးရန်ကွာ ရွှင်လန်းချမ်းမြေ့ နိုင်ပါစေ.
@karyankaryan3771
@karyankaryan3771 Жыл бұрын
သက်တန်းတွေကိုဘယ်လိုတိုင်းပါသလဲဆရာ တင်ပြမှု့တွေကောင်းလှပါတယ် ကျေးဇူးပါ
@chooucraft5767
@chooucraft5767 Жыл бұрын
bro viedo ကို ပြန်ယူသုံးလို့ရနိုင်မလားဗျ
@MMPopSci
@MMPopSci Жыл бұрын
မရပါဘူး ခင်ဗျာ။
@chooucraft5767
@chooucraft5767 Жыл бұрын
@@MMPopSci ဟုတ်ကဲ့ပါ
@sanaymgmg9334
@sanaymgmg9334 Жыл бұрын
Telescope နဲ့ကြည့်ပြီးအလင်းနှစ်ဘယ်လောက်ဆိုတာဘယ်လိုတိုင်းပါသလဲဆရာ.ဥပမာနေရဲ့အလင်း၈မိနစ်ခန့်ကြာတယ်ဆိုတာဘယ်လိုတိုင်းသလဲအလင်းနှစ်သန်းနဲ့ချီပြီးဝေးတဲ့ကြယ်တွေကောဘယ်လိုတိုင်းပါသလဲဆရာ
@KoKo-xu3hb
@KoKo-xu3hb 10 ай бұрын
ကျနော်လည်းအဲ့ဒါကိုသိချင်နေတာ ဘယ်လိုတိုင်းလည်းပေါ့
@htet2209
@htet2209 Жыл бұрын
ဗဟုသုတရပါတယ်ရှင်းပြတာလဲတော်တော်နားလည်ပါတယ်များများတင်ပါအစ်ကိုကျေးဇူပါ
@MMPopSci
@MMPopSci Жыл бұрын
Thanks for your support 🥰
@thihakyaw9083
@thihakyaw9083 9 ай бұрын
ဘာနဲ့တိုင်းတာလဲအလင်းကိုပြေားတာဥပမာဓာတ်မီးလားလေဆာရောင်ကြည်လားနေရောင်ကြည်လားဘာအလင်းအားနဲ့တိုင်တာထားတာလဲဖြေပေးပါဓာတ်မီးဆိုဓာတ်မီးအားပေါ့လေဆာဆိုလေဆာအားပေါ့အလင်းနောက်မှာအားတွေသိချင်တယ်
@sanaymgmg9334
@sanaymgmg9334 Жыл бұрын
အလင်းအလျင်လောက်မြန်တဲ့ယာဥ်နဲ့သွားရင်အလင်းနှစ်၁ထောင်အကွာအဝေးကိုအချိန်နှစ်၁ထောင်ကြာသွားရမယ်လို့ဆိုလိုတာလားဆရာ
@user-pe6xb8ec4x
@user-pe6xb8ec4x Жыл бұрын
တင်ပြသမျှအကုန်ကြိုက်တယ်ရှင်းတယ်သတင်ပြတာ
@MMPopSci
@MMPopSci Жыл бұрын
အားပေးတဲ့အတွက် ကျေးဇူးပါခင်ဗျာ
နေအဖွဲ့အစည်း (Solar System)
15:08
MM Pop Science
Рет қаралды 42 М.
Incredible magic 🤯✨
00:53
America's Got Talent
Рет қаралды 67 МЛН
Дарю Самокат Скейтеру !
00:42
Vlad Samokatchik
Рет қаралды 3,3 МЛН
How Deep Neural Networks Work - Full Course for Beginners
3:50:57
freeCodeCamp.org
Рет қаралды 3,7 МЛН
နေရဲ့ အရောင်က ဘာအရောင်လဲ
13:24
ကြယ် နဲ့ ဂြိုဟ် ဘာကွာသလဲ
17:55
Как слушать музыку с помощью чека?
0:36
Собери ПК и Получи 10,000₽
1:00
build monsters
Рет қаралды 2,4 МЛН
Красиво, но телефон жаль
0:32
Бесполезные Новости
Рет қаралды 509 М.