Milky Way ခေါ် နဂါးငွေ့တန်း ဂလက်ဆီ

  Рет қаралды 44,697

MM Pop Science

MM Pop Science

Жыл бұрын

အာကာသ မိုးကောင်းကင်မှာ ညဖက် မြင်ရတဲ့ Milky Way (မစ်ကီးဝေး) ဆိုတာကို မြန်မာလိုတော့ နဂါးငွေ့တန်းလို့ ခေါ်ကြပါတယ်။ အာကာသ မိုးကောင်းကင်မှာ ညဖက် ကြည့်လိုက်ရင် ဖြူဖြူ အတန်းရှည်ကြီးကို တွေ့ကြရမှာ ဖြစ်ပါတယ်။ အာကာသ ထဲက ဒီ အဖြူရောင် အတန်းကြီးကို နို့ရောင်လမ်း၊ နို့ရည်ဆမ်းလမ်း (Milky Way) ဆိုပြီး ခေါ်ခဲ့ကြတာပါ။
မစ်ကီးဝေးဟာ တကယ်တော့ ဂလက်ဆီ တစ်ခု ဖြစ်ပါတယ်။ ဂလက်ဆီ ဆိုတာက ကြယ်တွေ စုနေတဲ့ ကြယ်စုကြီး ဖြစ်ပါတယ်။ ဒါပေမယ့် ဒီ ကြယ်စုဟာ ကြယ်အလုံးရေ ရာဂဏန်းလောက်နဲ့ ဖွဲ့စည်းထားတာ မဟုတ်ပါဘူး။ အာကာသ စကြဝဠာ ထဲက ဂလက်ဆီ တွေဟာ ကြယ်အလုံးရေ ဘီလီယံ ရာနဲ့ချီ ပါဝင် ဖွဲ့စည်း ထားကြတာ ဖြစ်ပါတယ်။
ရှေးခေတ်က မစ်ကီးဝေး သည် ဂလက်ဆီ တစ်ခု ဆိုတာကို မသိခဲ့ ကြပါဘူး။ ဂရိ တွေးခေါ် ပညာရှင် အရစ္စတိုတယ်လ် က မစ်ကီးဝေး ဆိုတာ အာကာသ ကောင်းကင်နဲ့ မြေကြီး ဆုံရာ နယ်စည်း ဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။ သူ့ အယူအဆ ကိုပဲ​ ရှေးဂရိ ခေတ်က စလို့ အလယ်ခေတ် တောက်လျှောက်ထိ လက်ခံ ယုံကြည် ခဲ့ကြပါတယ်။
မစ်ကီးဝေးသည် ကြယ်တွေနဲ့ ဖွဲ့စည်း ထားတယ် ဆိုတာက စတင် တင်ပြခဲ့ကြတဲ့ သူတွေကတော့ အာရပ် နက္ခတ် ပညာရှင် တွေပဲ ဖြစ်ကြပါတယ်။ သူတို့က မစ်ကီးဝေးဟာ တကယ်တော့ မြောက်များလှ စွာသော ကြယ်တွေနဲ့ စုဖွဲ့ထားတဲ့ အာကာသ ထဲက ကြယ်အစုအဝေးကြီး ဖြစ်တယ် ဆိုတဲ့ အယူအဆကို စတင် တင်ပြခဲ့ ကြပါတယ်။ ဒါပေမယ့် ဒီ သီအိုရီကို သက်သေပြဖို့ နက္ခတ်ကြည့် မှန်ပြောင်းတွေ မရှိသေးတဲ့ အတွက်ကြောင့် အရစ္စတိုတယ်လ် ရဲ့ အယူအဆကို ပယ်ရှားနိုင်ခဲ့ကြခြင်း မရှိခဲ့ပါဘူး။
၁၆၁၀ ခုနှစ်မှာ ဂယ်လီလီယို Galileo က သူတီထွင်တဲ့ နက္ခတ်ကြည့် မှန်ပြောင်းနဲ့ အာကာသ မိုးကောင်းကင်ကို ကြည့်တဲ့ အခါ မစ်ကီးဝေး ထဲမှာ ကြယ်လေးတွေကို မှိန်ပြပြ တွေ့ခဲ့ ရပါတယ်။ ၁၇၅၀ မှာတော့ အင်္ဂလိပ် နက္ခတ် ပညာရှင် သောမတ်စ် ရိုက် (Thomas Wright) က မစ်ကီးဝေးသည် ကြယ်တွေ စုဝေးနေတဲ့ ဓါတ်ပြားချပ် ကြီးလို ချပ်ပြားဝိုင်းကြီး ဖြစ်ပြီး နေဟာ ဒီ ဓါတ်ပြားချပ် ကြီးထဲက ကြယ်တစ်စင်း ဖြစ်တယ်ဆိုပြီး တင်ပြ ခဲ့ပါတယ်။
၁၈ ရာစု နက္ခတ် ပညာရှင် တွေဟာ မစ်ကီးဝေးဟာ ကြယ်တွေ စုဝေးနေတဲ့ အစုအဝေးကြီး ဖြစ်တယ် ဆိုတာကို သဘောပေါက် လာခဲ့ကြပါတယ်။ ဒါပေမယ့် သူတို့က မစ်ကီးဝေးသည် စကြာဝဠာ ဖြစ်တယ်လို့ ထင်မြင် ခဲ့ကြပြီး မစ်ကီးဝေးရဲ့ အပြင်ဖက် အာကာသ ထဲမှာ ဘာမှ မရှိဘူးလို့ ယူဆခဲ့ ကြပါတယ်။
၁၉၂၀ မှာတော့ အမေရိကန် နက္ခတ် ပညာရှင် တစ်ဦးဖြစ်တဲ့ အက်ဒ်ဝင် ဟတ်ဘယ်လ် (Edwin Hubble) ဟာ Mt. Wilson တောင်ပေါ်က အချင်း လက်မ ၁၀၀ ရှိတဲ့ တယ်လီစကုပ် ကြီးနဲ့ နက်ဗြူလာ တွေကို လေ့လာ ခဲ့ပါတယ်။ ဒီ နက်ဗြူလာ တွေကို ကြည့်တဲ့ အခါမှာ ဒီ နက်ဗြူလာ တွေရဲ့ အနားပတ်လည်မှာ ကြယ်တွေနဲ့ ဖွဲ့စည်း ထားတာကို တွေ့ခဲ့ ရပါတယ်။
နောက်ပြီး ဒီ နက်ဗြူလာ တွေရဲ့ အကွာအဝေးကို တိုင်းတာတဲ့ အခါမှာလဲ အလွန် ဝေးကွာ နေတာကို တွေ့ခဲ့ ရပါတယ်။
ဒီအချက်ကို အခြေပြုပြီး ဟတ်ဘယ်လ်က ဒီ နက်ဗြူလာ တွေသည် မစ်ကီးဝေး လို ဂလက်ဆီ တွေ ဖြစ်ပြီး မစ်ကီးဝေးဟာ စကြဝဠာ ထဲက တခုတည်းသော ဂလက်ဆီ မဟတ်ဘူး ဆိုတာကို ဖော်ထုတ် နိုင်ခဲ့ပါတယ်။
မစ်ကီးဝေးရဲ့ ဗဟိုမှာ အလွန် ကြီးမားတဲ့ Super massive black hole ကြီး တစ်ခု ရှိပါတယ်။ Sagittarius A* လို့ အမည်ပေး ထားတဲ့ ဒီ black hole ကြီးဟာ နေအစင်းပေါင်း ၄ သန်းခွဲ ခန့်နဲ့ ညီမျှတဲ့ ဒြပ်ထု ရှိမယ်လို့ ယူဆ ကြပါတယ်။ ဒီ black hole တွင်းနက်ကြီးရဲ့ ဓါတ်ပုံကို တလောကပဲ အောင်မြင်စွာ ဓါတ်ပုံ ရိုက်ယူ နိုင်ခဲ့ပါတယ်။
ဒီ Super massive black hole ကြီးရဲ့ အနီးက ကြယ်တွေဟာ ဒီ တွင်းနက်ကြီးကို ဗဟိုပြုပြီး လှည့်ပတ်နေကြပါတယ်။ ဒီလို လှည့်ပတ်နေကြတဲ့ ကြယ်တွေ အနက်က S2 လို့ အမည်ပေး ထားတဲ့ ကြယ်ဟာ အခုထိ ရှာဖွေ တွေ့ရှိခဲ့ပြီး သမျှထဲမှာ Sagittarius A* တွင်းနက်ကြီးနဲ့ အနီးဆုံး ကပ်ပြီး လှည့်ပတ်နေတဲ့ ကြယ်ဖြစ်ပါတယ်။

Пікірлер: 63
@uthantint2977
@uthantint2977 Жыл бұрын
ကျေးဇူးတင်ပါတယ်ခင်ဗျား -မိတ်ဆွေ ရဲ့ ရှင်းလင်းပြောဆိုချက်များဟာ အခြားအခြားသော စကြာဝဠာဆိုင်ရာ ရှင်းလင်းတင်ပြချက်များနဲ့ နှိုင်းစာပါက စကားလုံးရွေးချယ်သုံးနှုန်းမဇုကအစ ကျွန်တော်တို့ကဲ့သို့ အခြေခံနည်းသူများနားလည်နှိုင်အောင်ကျိုးစားထားတာတွေ့ရပါတယ်-အမှိ်ပြောရရင် စာရွက်ဖတ်ပြောတဲ့ပုံစံမျိုးမဟုတ်လို့ ပြောသမျှအားလုံးနီးပါးနားလည်နိုင်ပါတယ် စကြာဝဠာဆိုင်ရာဗဟုဿုတများဆက်လက််ပြောကြားပေးဖို့မေတ္တာရပ်ခံအပ်ပါတယ်ခင်ဗျား
@Crazym8343
@Crazym8343 11 ай бұрын
ဗုဒ္ဓဟောကြားတဲ့ အနန္တစကြာဝဠာဆိုတာ သိပ်မှန်နေပြီ
@WaiYanYanOo
@WaiYanYanOo 9 ай бұрын
မှန်တယ် ဗျာ
@empireoflasts
@empireoflasts 5 ай бұрын
ဟုတ်ပါ့
@ashinrazeinda6388
@ashinrazeinda6388 Жыл бұрын
အင်မတန်ကြီးမားတဲ့ဗဟုသုတရတယ်မရှင်းတဲ့အတွေးအမြင်တွေ ခုမှရှင်းတော့တယ် ရှင်းပြတဲ့ဆရာကအင်မတန်တော်ပါ တယ်ထပ်ပြီးကျိုးစားပြီးတင်ပေးပါ ကျေးဇူးအထူးတင်ပါတယ်
@MMPopSci
@MMPopSci Жыл бұрын
တင်ပါ့ ဘုရား။ ပုံမှန်ဆက်တင်နိုင်အောင် ကြိုးစား နေပါတယ်။
@johnAung-yp1uc
@johnAung-yp1uc 4 ай бұрын
အာကာသထဲက အမှုန်တွေ ဒြပ်ထုတွေစုပြီး ကြယ်တွေ ဂြိုလ်တွေ ဖြစ်လာတယ် ကြယ်တွေ ဂြိုလ်တွေကလည်း ဂလက်ဆီရဲ့ ဗဟိုစီကို သွားစုနေကြတယ်။ နောက်ပြီး ဂလက်စီတွေဖြစ်တဲ့ မစ်ကီးဝေးနဲ့အမ်ထယိုမီတာကလည်း စုပေါင်းမယ့်‌ခြေနေဆိုတော့ စကြာ၀ဠာဟာ ခြုံ့၀င်နေတဲ့သဘောလားဗျ။ တခြားသော ကလက်ဆီတွေလည်း ထိုနည်းအတူသာဆို သေခြာနေပြီ ခြုံ့၀င်နေတာ
@user-yn3yx3fh6u
@user-yn3yx3fh6u 11 ай бұрын
ကျေးဇူးပါဆရာ 🙏
@user-iy2ry1vr9h
@user-iy2ry1vr9h Ай бұрын
စကြာဝဠာအနန္တလို့ဟောခဲ့တဲ့ဗုဒ္ဓဉာဏ်တော်ကိုရှိခိုးပါ၏🙏🙏🙏🙏
@Neo6427
@Neo6427 5 сағат бұрын
Cosmic Void အကြောင်း တင်ပေးပါဆရာ
@user-ey9kl8pv2d
@user-ey9kl8pv2d Жыл бұрын
ဗဟုသုတ ရစေပါတယ် ကျေးဇူးတင်ပါတယ်
@hjhkunhtun9547
@hjhkunhtun9547 Жыл бұрын
စိတ်ဝင်စား ပါတယ် ဗဟုသုတတွေ လဲ ရပါတယ် နောက်ထပ်လဲ အများကြီး တင်ဆက်ပေးပါ အုံး ကျေးဇူးတင်ပါတယ်
@MMPopSci
@MMPopSci Жыл бұрын
ဟုတ်ကဲ့ ပုံမှန်ဆက်လက် တင်ဆက်ပေးသွားပါမယ် ခင်ဗျာ
@minminoo6310
@minminoo6310 11 ай бұрын
Thanks
@OoZin-vo5od
@OoZin-vo5od 9 ай бұрын
အလွန်ပဲကျေးဇူးတင်ပါတယ် နှစ်ပေါင်းများစွာ သိချင်နေတဲ့အရာတွေကို သိခွင့်ရလာပါတယ်
@khinmaungthein2624
@khinmaungthein2624 Жыл бұрын
​ကျေး​ဇူးပါ။
@MMPopSci
@MMPopSci Жыл бұрын
Thanks for your support
@balatzy6215
@balatzy6215 10 ай бұрын
❤❤❤
@thanhtike926
@thanhtike926 Жыл бұрын
ကျေးဇူးတင်ပါတယ်ဗျာ့
@MMPopSci
@MMPopSci Жыл бұрын
Thanks for your support
@sanmyat4306
@sanmyat4306 Жыл бұрын
ကျေးဇူးတင်ပါတယ် အမြဲအားပေးနေပါတယ်
@MMPopSci
@MMPopSci Жыл бұрын
Thanks for your support
@Mknjgfffu75
@Mknjgfffu75 4 ай бұрын
Yes 2:18
@saiomngin8323
@saiomngin8323 10 ай бұрын
သေသေချာချာ ရှင်းပြတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်‌ဗျာ။ တကယ်ကို ရှင်းရှင်းလင်းလင်း ကွက်ကွက်ကွင်းကွင်းကို သဘောပေါက်သွားပါတယ်။ အမြဲတမ်းအားပေးနေပါမယ်နော်။ Adminလည်း ကျန်းမာချမ်းသာပြီး လိုရာဆန္ဒပြည့်ဝပါစေခင်ဗျ 🙏🙏🙏
@linthiha
@linthiha Жыл бұрын
ခုလိုလေး သေချာရှင်းပြပေးတာ အများကြီး ကျေးဇူးတင်ပါတယ်ဗျ တခုလောက်မေးပါရစေ အခု ကျတော်တို့ ညကောင်းကင်မှာ မြင်ရတာတာတွေအားလုံးက milky way galaxy ထဲက ကြယ်တွေပဲဆိုတာကော ဟုတ်လားဗျ .. ကျေးဇူးပါ
@MMPopSci
@MMPopSci Жыл бұрын
ဟုတ်ပါတယ်။ သာမန်မျက်စေ့နဲ့ဆို ကြယ်အလုံး ၆၀၀၀ လောက်ထိပဲ မြင်နိုင်ပါတယ်။ ချွင်းချက်က Andromeda Galaxy ပါ။ သူ့ကိုတော့ မျက်စေ့ကောင်းရင် သာမန်မျက်စေ့နဲ့ မြင်နိုင်ပါတယ်။
@cfct7195
@cfct7195 Жыл бұрын
စိတ်ဝင်စားစရာကောင်းပါတယ်ဗျား ဆက်လက်၍တင်ပြပေးပါ။အားပေးနေပါတယ်။
@MMPopSci
@MMPopSci Жыл бұрын
ကျေးဇူးပါခင်ဗျာ
@chitlay6762
@chitlay6762 Жыл бұрын
များများလေးတင်ပေးပါ 😘😘😘😘
@MMPopSci
@MMPopSci Жыл бұрын
ဟုတ်ကဲ့ခင်ဗျ။ အပတ်စဉ် တစ်ပုဒ် အနည်းဆုံး တင်နိုင်အောင် ကြိုးစားနေပါတယ် ခင်ဗျာ။
@FamilyFamily-bs4rq
@FamilyFamily-bs4rq 9 ай бұрын
အနက်ရောင်က ချော်ပုံစံ တစ်ခုခုနဲ့ ခြစ်မယ်ဆိုရင် အနီရောင် သွေးရည်လိုလို အမှုံးမွှားလေးတွေက အစ ရေနဲ့လောင်းရင် ထွက်လာတယ် ကျက်သွေးရောင်
@thein100-ws1ln
@thein100-ws1ln 11 ай бұрын
ဆရာ့တင်ပြချက်တွေကိုအရမ်းပဲသဘောကျတယ်ဗျာ UFOအကြောင်းတွေနဲ့ပတ်သက်ပီးလဲ တင်ပေးပါအုံးနော် ကျေးဇူးပါ
@mightyauga8840
@mightyauga8840 9 ай бұрын
အခုအ​ရှေ့ဖက်မှာ​ပေါ်​နေတဲ့ကြယ်ကဘာကြယ်လဲဗျ? ​သောကြာဂြိုလ်လား အ​နောက်မှာသူ့ကိုမ​တွေ့ရ​တော့လို့?
@FamilyFamily-bs4rq
@FamilyFamily-bs4rq 9 ай бұрын
ရှိတယ်။အပြင်မှာ သူရဲ့ ဒပ်က ကျောက်မှာကပ်တယ်လေ
@khinyu3385
@khinyu3385 Жыл бұрын
နဂါးမပါရင်မပြီးတဲ့ မီယမာ😢😢
@davidaks936
@davidaks936 8 ай бұрын
Milky Galaxy အပြစ်ကို မသွားနိုင်ရင်တောင် အလွန်ကြီးမားတဲ့ မှန်တချပ် galaxy ပြင်ပကိုလွှတ်နိုင်ရင်ကောင်းမယ် ခုဟာက Andromeda Galaxy ကိုကျမြင်ရတယ် ကို့ပုံကိုကျမမြင်ဘူးတဲ့လူလိုဖြစ်နေပီ😂
@thuya1355
@thuya1355 Жыл бұрын
galaxy ဆိုတာကြယ်တွေနဲ့ဖွဲ့စည်းထားတယ်ဆိုတော့ အဲဒီ galaxy ထဲမှာ planet လုံးဝမပါဘူးလားခင်ဗျား
@parrot9414
@parrot9414 10 ай бұрын
Galaxy ကို လည်ပတ်နေတဲ့ ကြယ်တွေမှာ ကြယ်တွေကို ပါပြန်ပတ်နေတဲ့ ဂြိုလ်တွေရှိတယ် ဒါတော့ galaxy ထဲမှာ ဂြိုလ်တွေ မရေမတွက်နိုင်အောင်ရှိတယ်
@tinhtoo632
@tinhtoo632 Жыл бұрын
ဂလက်ဆီ ၂ ခုပေါင်းရင်ကြီးမားသော Blastမဖြစ်နိုင်ဘူးလား သုံးသပ်ပေးစေချင်ပါတယ်။
@komoe8359
@komoe8359 Жыл бұрын
ဆရာကျွန်တော်ကြားဘူးတာကတော့ အလင်းရဲ့အလျှင်က ၁စက္ကန့်ကို မိုင်ပေါင်း ၁သိန်း ၈သောင်း ၆ ထောင် နှုန်းလောက်မြန်တယ်ကြားဘူးပါတယ်။ ဆရာက ၃ သိန်း ဆိုတော့ အရမ်းကွာနေလို့ပါ ဘယ်ဟာက အမှန်လဲ ဆရာ
@MMPopSci
@MMPopSci Жыл бұрын
၃ သိန်းဆိုတာ ကီလိုမီတာနဲ့ ပြောတာပါ
@manfan1097
@manfan1097 Жыл бұрын
တင်ဆက်တာကောင်းတယ် ရှင်းလင်းတယ် ကျနော်ဗီဒီယိုတခုတွေ့တယ် မစ်ကီးဝေးကိုဓါတ်ပုံရိုက်တာတဲ့ အ့လိုပုံရိုက်လို့ရလားဗျ မန့်တေဖတ်ကြည့်တာတော့ ည၂/၃နာရီလောက်ဆွင်မစ်ကီဝေးကတောင်ဘက်မှာပေါ်တယ်လို့တွေ့တယ် အ့ရောဟုတ်လား ပြောပြပါအူး
@MMPopSci
@MMPopSci Жыл бұрын
Milky Way ကို မြန်မာပြည် ကနေ ဓါတ်ပုံရိုက်လို့ ရပါတယ်။ ဒါပေမယ့် မြို့ပြကနေဆိုရင် မြေပြင်က အလင်းကြောင့် မမြင်ရနိုင်ပါဘူး။ မြေပြင်က အလင်း မရှိတဲ့ တောနယ်တွေက ကြည့်မှ မြင်ရမှာပါ။ ကျွန်တော်လဲ မစ်ကီးဝေးကို ချင်းတောင်ပေါ် ရောက်မှ တွေ့ဖူးတာပါ။ မနက်အထိ စောင့်စရာ မလိုပါဘူး ခင်ဗျာ။ သူ့တည်နေရာ ရှာဖို့ဆို Star Walk app ကို ဖုန်းမှာဒေါင်းပြီး ကြည့်လို့ ရပါတယ်။
@manfan1097
@manfan1097 Жыл бұрын
@@MMPopSci ဟုကျေးဇူ့ပါဗျ
@alanroonizt1820
@alanroonizt1820 7 ай бұрын
မျက်စိနဲ့မြင်ရတာလားဆရာ
@thawzinoo1863
@thawzinoo1863 Жыл бұрын
ထပ်ပြိတင်ပေးပါအုံး အကို
@MMPopSci
@MMPopSci Жыл бұрын
ဟုတ်ကဲ့ခင်ဗျ။ အခုတပုဒ်က ပြီးနေပါပြီ။ စတမ်းထိုး ထည့်နေရလို့ပါ။ ဒီ ၁/၂ ရက်အတွင်း တင်ပေးပါမယ် ခင်ဗျာ။
@zyane388
@zyane388 Жыл бұрын
Light yearကအလင်းတနှစ်သွားနှုန်းတော့ဟုတ်ပါပြီဘယ်လိုလို့တိုင်းတာလို့ရတာလဲရှင်း‌ပြပေးပါလားဗျ
@MMPopSci
@MMPopSci Жыл бұрын
ကြယ်တွေရဲ့ အကွာအဝေးကို ဘယ်လိုတိုင်းလဲဆိုတဲ့ ဗီဒီယို အရင်က တင်ထားပြီးပါပြီခင်ဗျ
@zyane388
@zyane388 Жыл бұрын
@@MMPopSci ဟုတ်ကဲ့ပါဆရာ
@user-pe6xb8ec4x
@user-pe6xb8ec4x Жыл бұрын
တင်ပြတာရှင်းတယ်
@MMPopSci
@MMPopSci Жыл бұрын
ကျေးဇူးပါခင်ဗျာ
@user-jo2nf8tm7i
@user-jo2nf8tm7i 11 ай бұрын
ဘယ်သူဖန်ဆင်းထားတာလဲ
@yeyinthtun2386
@yeyinthtun2386 11 ай бұрын
Singularity
@WaiYanYanOo
@WaiYanYanOo 9 ай бұрын
တစ်ဦးတစ်ယောက်တစ်စုံတစ်ခုက ဖန်ဆင်းခဲ့တယ် ဆိုရင် ကျနော့အမြင်တော့ မဖြစ်နိုင်ပါဘူး ဗုဒ္ဓ ဘာသာအရဆို ဓာတုဓာတ်သဘောတွေ ဖြစ်ပျက်မူကိုယ် မကြံစည်အပ်ပါဘူး
@maythu6554
@maythu6554 8 ай бұрын
ဆရာရေ အမှတ််မထင် ဆရာ့video တစ်ပုဒ် စကြည့်တာကနေစပီး ဆရာ့ဖန် ဖြစ်နေပါပီ … ဆရာ့ရဲ့ တင်ဆက်မှုတွေက အရမ်းကို ရှင်းလင်းပြတ်သား နားလည်လွယ်လို့ အရမ်း သဘောကျပါတယ်ရှင့် …. စကြဝဠာအကြောင်းတွေကို စိတ်ဝင်စားခဲ့ပေမယ့် ဘာသာစကားအရသော်၎င်း ဆရာ့လို အသေးစိတ် မလေ့လာနိုင်တာတစ်ကြောင်းကြောင့် အရမ်း အလှမ်းဝေးခဲ့ရပါတယ် …. အခုတော့ တကယ်ကို သိချင်တာတွေ သိခွင့်ရအောင် တင်ဆက်ပေးလို့ အရမ်းလဲကျေးဇူးတင်ပါတယ်ရှင့် ….. ဆက်လက်ပီး ဗဟုသုတ များစွာ တင်ဆက်ပေးပါဦး
@aiinaw6113
@aiinaw6113 Жыл бұрын
အသံကလည်း စိတ်ပျက်စရာ🤮
@manfan1097
@manfan1097 Жыл бұрын
အသံနဲ့ကိုပြောပြသွားတာကောင်းတယ် မကြည့်ချင်ရင်ကျော်သွားလို့ရတယ်လေ အသံကိုဘယ်လိုလုပ်ပီးပြင်မှာလဲစဥ်စားပေါ့ သူလဲအလုပ်လုပ်နေတာလေအ့လိုပြောရင်တဖက်လူကလုပ်ရတာအားလျော့တာပေါ့
@aungheinnaing5542
@aungheinnaing5542 Жыл бұрын
အသံကို စိတ်ပျက်ရင် အသံကို ပိတ်ပြီး စာ ဖတ်ပေါ့
@cfct7195
@cfct7195 Жыл бұрын
မင့်မေစပတ်ဖြစ်လား
@MMPopSci
@MMPopSci Жыл бұрын
ဟုတ်ကဲ့ခင်ဗျ
@alanroonizt1820
@alanroonizt1820 7 ай бұрын
အသံထက်ဗဟုသုတက ကြောက်စရာ ကောင်းအောင်ကိုတိုးတာဗျ အခုမှ သေချာကိုနားလည်လာပြီ
ကြယ် နဲ့ ဂြိုဟ် ဘာကွာသလဲ
17:55
Inside Out 2: Who is the strongest? Joy vs Envy vs Anger #shorts #animation
00:22
IQ Level: 10000
00:10
Younes Zarou
Рет қаралды 11 МЛН
Doing This Instead Of Studying.. 😳
00:12
Jojo Sim
Рет қаралды 20 МЛН
နေအဖွဲ့အစည်း (Solar System)
15:08
MM Pop Science
Рет қаралды 44 М.
အလင်းနှစ် ဆိုတာ ဘာလဲ
8:42
MM Pop Science
Рет қаралды 25 М.
Bluetooth connected successfully 💯💯
0:16
Blue ice Comedy
Рет қаралды 1,6 МЛН
#samsung #retrophone #nostalgia #x100
0:14
mobijunk
Рет қаралды 14 МЛН
Сколько реально стоит ПК Величайшего?
0:37
Частая ошибка геймеров? 😐 Dareu A710X
1:00
Вэйми
Рет қаралды 5 МЛН