အရမ်းစားကောင်းတဲ့ ဝက်နံရိုးမှိုအချိုချက် braised pork ribs with shitake mushroom

  Рет қаралды 3,567

Cook for K1

Cook for K1

Күн бұрын

လူကြီးရော ကလေးတွေပါကြိုက်တဲ့ ဝက်နံရိုးမှိုအချိုချက်လေးပါ။
ဝက်နံရိုးမှိုအချိုချက်လေးနဲ့ လိုက်ဖက်တဲ့ဟင်းအတွဲအစပ်ကတော့ ငပိရည်ရယ်...မုန်လာဥချဉ်ရည်လေးပါ။
ပထမဆုံး ဝယ်လာတဲ့ ဝက်နံရိုးကို တရေပြုတ်ပစ်ပါမယ်။ ဒယ်အိုးထဲ ရေထည့်။ ပါးပါးလှီးထားတဲ့ ချင်း(ဂျင်း) ၃ပြားလောက်ထည့်။ ဝက်နံရိုးထည့်။ မီးဖွင့်ပြီး ရေဆူလာတာနဲ့ ၃ မိနစ်လောက်တည်ပြီးရင် ဝက်နံရိုးတွေကို ဆယ်ထားပေးပါ။
အခုလို တရေပြုတ်ပေးခြင်းအားဖြင့် အသားညှီနံ့ကို သက်သာစေပါတယ်။
ဂျပန်ရှီတာကေမှိုခြောက်ကို ရေဆေးပြီးစိမ်ထား‌ပေးပါ။ မှိုတွေက ပွပြီး ပျော့လာပြီဆိုမှ မှိုရဲ့ အညှာပိုင်းကို ‌ညှပ်ထားပေးပါ။
ဒယ်အိုးထဲဆီထည့်ပြီး သကြား ၁ ဇွန်းထည့်ပြီး ဆီသတ်ပေးပါ။ မီးအားအလယ်အလတ်နဲ့ပတ် ဆီသတ်ပေးပါ။ သကြားတွေပျော်ပြီးနီညိုရောင်သန်းလာပြီဆိုရင် နာနတ်ပွင့် ၂ပွင့်။ ချင်း (ဂျင်း) ၄ ပြား။ ဓားပြားရိုက်ထားတဲ့ ကြက်သွန်ဖြူ ၇ မွှာလောက် ထည့်ပေးပါ။ ပြုတ်ထားတဲ့ ဝက်နံရိုးတွေထည့်တယ်။ ထည့်ပြီးတာနဲ့ ၆မိနစ်လောက်ကြော်ပေးပါ။ ဝက်နံရိုးတွေ တချို့နေရာက အရောင်စပြောင်းလာပြီဆိုရင် တရုတ်မဆလာ ဇွန်း တဝက်ထည့်ပါ။ ပဲငံပြာရည်အကြည် ၂ ဇွန်း။ ပဲငံပြာရည်အပျစ် ၁ ဇွန်းထည့်ပြီး နောက်ထပ် ၂ မိနစ်လောက်မွှေပေးပါ။ ပြီးမှ မှိုထည့်မယ်. မွှေးလာတဲ့အထိ မွှေပေးပါ။ ပြီးမှ အသားမြှုပ်ရုံ ရေထည့်ပြီး မီးအေးအေးနဲ့ ၄၅ မိနစ်လောက်ချက်ပေးပါ။ အသားတွေနူးအိသွားပြီဆိုရင် ရေကို တဝက်လောက်ခမ်းအောင် မီးအားပြင်းလိုက်ပြီးချက်လိုက်ရင် မွှေးပြီးစားကောင်းတဲ့ ဝက်နံရိုးမှိုအချိုချက်လေးကို သုံးဆောင်နိုင်ပြီဖြစ်ပါတယ်ခင်ဗျာ။
Cookfork1 ၏ အခြားသော လူမှုကွန်ယက်တွေဖြစ်တဲ့ ဖေ့စ်ဘုတ်။ အင်စတာဂရမ်။တစ်တော့ မှာလည်း မတူညီသော တင်ဆက်မှုများဖြင့် တင်ပေးထားပါတယ်ခင်ဗျာ။

Пікірлер: 15
@khukhu9043
@khukhu9043 Жыл бұрын
Thanks you
@Cookfork1
@Cookfork1 Жыл бұрын
Thank you ❤️😊
@winzayar2222
@winzayar2222 Жыл бұрын
👏👏👏
@Cookfork1
@Cookfork1 Жыл бұрын
Thank you ❤️😊
@dawpaukpauk4304
@dawpaukpauk4304 Жыл бұрын
ကျေးဇူးပါ အားပေးနေပါတယ် 😻😊👍 စားချင်တာ အဲ့မှိုကမရှိ😋 မိနစ်၄၀ ချက်တာတောင့်မှိုလေးကမပျော့သွားဘူးနော် ဘေးကင်းကျန်းမာ အဆင်ပြေပါစေ
@Cookfork1
@Cookfork1 Жыл бұрын
ဟုတ်တယ်ဗျ။ အမြဲတမ်းအားပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်အစ်မ🌷ကျန်းမာပျော်ရွှင်ပါစေ🙏
@dawpaukpauk4304
@dawpaukpauk4304 Жыл бұрын
@@Cookfork1 ပေးတဲ့ဆုနဲ့ပြည့်ပါရစေ 😻
@khannilargyi153
@khannilargyi153 Жыл бұрын
ထမင်းကြော်နဲ့လည်းလိုက်မယ်နော်ဆရာ ကျေးဇူးပါဆရာ
@Cookfork1
@Cookfork1 Жыл бұрын
ပဲပြုပ်ထမင်းကြော်‌လေးနဲ့လည်း လိုက်တယ် 😊
@lewahaye43
@lewahaye43 Жыл бұрын
အားပေးတာနော်။ဝက်သားမစားဘူးသယ်ရင်းရဲ့💕💕💕
@Cookfork1
@Cookfork1 Жыл бұрын
ကျေးဇူးတင်ပါတယ် သူငယ်ချင်း 😻
@GdMdg-qp7gr
@GdMdg-qp7gr 11 ай бұрын
အမြဲအားပေးလျက်ပါအကိုထိုင်းမှာအဲ့လိုမှိုများကြီးပေါတယ်တယ်ချက်စားကြည့်မယ်နော်အကို
@Cookfork1
@Cookfork1 11 ай бұрын
ဟုတ်။ ချက်စားကြည့်ပါခင်ဗျာ 😊ကျေးဇူးတင်ပါတယ်ခင်ဗျာ🙏
@khamtip7017
@khamtip7017 Жыл бұрын
So good 😍😍😍
@Cookfork1
@Cookfork1 Жыл бұрын
Thank you ❤️😊
Underwater Challenge 😱
00:37
Topper Guild
Рет қаралды 47 МЛН
Whoa
01:00
Justin Flom
Рет қаралды 55 МЛН
ကြက်ဥဖောက်ချက် “ Burmese Eggs Curry Recipe “
4:30
Eat With Me - Cook With Me
Рет қаралды 21 М.
Dim Sum Spare Ribs w/ Black Beans Recipe - Pai's Kitchen - Asian Recipe
8:46
Underwater Challenge 😱
00:37
Topper Guild
Рет қаралды 47 МЛН