အာဏာအကြောင်းတောင်းဆိုလာတဲ့ ညီငယ်လေးအတွက် အချိန်ပေးပြီး ဖန်တီးပေးထားပါတယ်။

  Рет қаралды 3,458

K2K Knowledge Bank

K2K Knowledge Bank

Күн бұрын

K2K ပရိသတ်များအားလုံး မင်္ဂလာပါခဗျာ။ ဒီတစ်ခါအလှည့်ကျလာတာကတော့ နိုင်ငံရေး ကဏ္ဍပဲဖြစ်ပါတယ်။ ဒီတစ်ခေါက်အတွက်တော့ ညီငယ်တစ်ယောက်တောင်းဆိုထားတာလေး ကို တင်ပြရင်းနဲ့ မိတ်ဆွေတို့လည်း ဗဟုသုတ ရနိုင်မယ့် ခေါင်းစဥ်လေးတစ်ခုကို ရွေးချယ်ထားပြန်ပါတယ်။
ခေါင်းစဥ်လေးအမည်ကတော့ အာဏာသည် ဤသို့ဖြစ်၏ လို့ အမည်ပေးထားပါတယ်။ ကျွန်တော်တို့တွေရဲ့ နေ့စဥ် လူမှုဘဝ မှာ အာဏာသည် တမျိုးတဖုံနဲ့ ကျွန်တော်တို့ အသီးသီးကို သက်ရောက်မှု ရှိနေတယ်ဆိုတာ ငြင်းလို့မရတဲ့ အမှန်တရားတစ်ခုပဲ ဖြစ်ပါတယ်။ အဲ့တော့ ဒီကနေ့ ဒီအကြောင်းအရာလေးကို တင်ဆက်ခြင်းဖြင့် မိတ်ဆွေတို့အနေနဲ့ အာဏာဆိုတဲ့ ဝေါဟာရရဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်လေး ကို အခြေခံကျကျနားလည်ပြီး မိမိတို့ပတ်ဝန်းကျင် လူမှုအသိုင်းအဝိုင်းထဲက အာဏာရဲ့ စီးဆင်းမှုတွေကို နားလည်သဘောပေါက်နိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်။
ဒီနေ့ ဗီဒီယို လေးကို အဓိက အပိုင်း(၂) ပိုင်းနဲ့ တင်ဆက်သွားချင်ပါတယ်။ ပထမ တစ်ပိုင်းမှာ အာဏာရဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်နဲ့ အာဏာတည်ပုံ ပုံစံအမျိုးမျိုးကို ရှင်းပြသွားမှာဖြစ်ပြီးတော့၊ ဒုတိယ တစ်ပိုင်းမှာတော့ အာဏာရူးခြင်းအကြောင်းကို တင်ဆက်သွားချင်ပါတယ်။
နိုင်ငံ့အရေးမှာတော့ အစိုးရတစ်ရပ်မှာရှိသင့်ရှိထိုက်တဲ့ အာဏာကို အုပ်ချုပ်ရေးအာဏာ(Excutive Power)၊ ဥပဒေပြုရေးအာဏာ(Legislative Power)၊ တရားစီရင်ရေး အာဏာ (jurisdictional power) ဆိုပြီး (၃) ရပ်ခွဲခြားထားပါတယ်။ နိုင်ငံတစ်နိုင်ငံစီရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေအလိုက် ဒီအာဏာ (၃) ရပ်ဟာ ဆင်းသက်လာပုံခြင်းမတူကြတာကြောင့် မိမိနိုင်ငံရဲ့ အာဏာဆင်းသက်ပုံကို လေ့လာချင်ရင် ဖွဲ့စည်းပုံ အခြေခံဥပဒေ constitution ကို သာ လေ့လာပြီးသုံးသပ်ကြည့်ရမှာဖြစ်ပါတယ်။
အဲ့တော့ ကျွန်တော်တို့တွေ အာဏာဆိုတဲ့ ဝေါဟာရရဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်လေးကနေစလိုက်ကြ ရအောင်။ အာဏာဆိုတာ အင်္ဂလိပ်လိုတော့ Power လို့ခေါ်တာပေါ့နော်။ သူ့ရဲ့ definition က
“The ability to make others do what you would have them do” တဲ့။ မြန်မာလို အဓိပ္ပာယ်ကတော့ တခြားသူများကို ကိုယ်လုပ်စေချင်တဲ့အရာကို လုပ်ဆောင်အောင် ပြုလုပ်နိုင်တဲ့ စွမ်းရည်ကို အာဏာလို့ ခေါ်တာဖြစ်ပါတယ်။
ဆိုလိုတာကဗျာ ကျွန်တော်တို့ စိတ်ထဲမှာ ဒီလူတစ်ယောက်ကို ဒါလုပ်စေချင်တယ်လို့ တွေးလိုက်မိပြီး အဲ့ဒီလူကို တကယ်လုပ်အောင် ဆောင်ရွက်နိုင်တဲ့ စွမ်းရည်ကို အာဏာလို့ခေါ်တာဖြစ်ပါတယ်။ မိတ်ဆွေတို့ကိုယ်တိုင် ပတ်ဝန်းကျင်မှာ ကြုံတွေ့ကြဖူးမယ်ထင်ပါတယ်။ ရုံးမှာဖြစ်ဖြစ်၊ ရပ်ကွက်မှာဖြစ်ဖြစ်၊ မိသားစုထဲမှာဖြစ်ဖြစ် တစ်စုံတစ်ဦးရဲ့ ဆန္ဒကို မဖြစ်မနေ အကောင်အထည်ဖော်ပေးရတာမျိုးပါ။ ကြောက်လို့ပဲဖြစ်ဖြစ်၊ အားနာလို့ပဲဖြစ်ဖြစ်၊ ကျေးဇူးရှိလို့ပဲဖြစ်ဖြစ် စသဖြင့် ပေါ့။ တခါတခါ ကျေနပ်လို့လုပ်ပေးလိုက်ရတာမျိုးရှိသလို၊ တခါတခါ မကျေနပ်ပဲ မတတ်သာလို့သာ လုပ်ပေးလိုက်ရတဲ့အခါမျိုးလည်းရှိပါတယ်။ ဒါဟာ ကျွန်တော်တို့ သတိမထားမိပဲ အာဏာ သက်ရောက်ခြင်းခံလိုက်ရတာမျိုးဖြစ်ပါတယ်။ အာဏာကို သူ့ရဲ့ လုပ်ဆောင်နိုင်တဲ့ ပုံစံအလိုက် ယေဘူယျအားဖြင့် ခွဲခြားကြည့်မယ်ဆိုရင် အမျိုးအစား ၆ မျိုး ခွဲခြားနိုင်ပါတယ်။
(၁) ပထမဆုံးတစ်မျိုးကတော့ Physical Power ( ရုပ်ပိုင်းဆိုင်ရာအာဏာ)
ဒီအာဏာအမျိုးအစားက (၆) မျိုးထဲမှာ အခြေခံအကျဆုံးဖြစ်ပြီးတော့ အရိုးရှင်းဆုံးဖြစ်ပါတယ်။ သူကဘယ်လိုမျိုးလဲ ဆိုတော့ ရက်စက်ကြမ်းတမ်းတဲ့အမှုကိစ္စတွေကို ပြုလုပ်နိုင်တဲ့ လူမျိုးမှာ ရှိတဲ့ အာဏာဖြစ်ပါတယ်။ ဥပမာ ကျွန်တော်တို့ စာသင်ခန်းထဲမှာတို့ ၊ ကျောင်းမှာတို့ လူကောင်ကြီးတဲ့ သူကို ကြောက်ရသလိုပေါ့ဗျာ။ ဒါဟာ ဒီလိုလူတွေမှာ ရှိတဲ့ power အာဏာအမျိုးအစားဖြစ်ပါတယ်။ အဲ့ထက် အဆ ပေါင်းများစွာ အင်အားကြီးမားပြီး စနစ်တကျတည်ရှိနေတဲ့ လက်နက်ကိုင် အဖွဲ့တွေမှာဆို ဒီလိုအာဏာအမျိုးအစား ရှိမယ်ဆိုတာ ကျွန်တော်တို့ စဥ်းစားကြည့်လို့ရနိုင်ပါတယ်။ ဒါကြောင့် Physical ပိုင်းဆိုင်ရာ အင်အားကြီးခြင်းသည်လည်း အာဏာရှိတယ်လို့ ခေါ်ဆိုနိုင်ပါတယ်။
(၂) ဒုတိယ တစ်မျိုးကတော့ ချမ်းသာမှု (Wealth)
ပိုက်ဆံချမ်းသာတာသည်လည်း လူတစ်ယောက်ကို အာဏာ ပေးစွမ်းနိုင်ပါတယ်။ ဒါလည်း လက်မခံနိုင်စရာတော့မရှိပါဘူး။ ပိုက်ဆံရှိမယ်ဆိုရင် ဒီလောက မှာ တော်တော်များများသော ရလဒ်တွေကို ဝယ်ယူရရှိနိုင်ပါတယ်။ ဥပမာမယ် တစ်စုံတစ်ဦးကို ပိုက်ဆံပေးပြီး ခိုင်းလိုက်မယ်ဆိုရင် ထိုသူက မိမိလုပ်စေချင်တဲ့အရာကို ပြီးမြောက်အောင် ဆောင်ရွက်ပေးမှာဖြစ်ပါတယ်။ ဒါဟာကျွန်တော်တို့ အထက်မှာပြောခဲ့တဲ့ အာဏာရဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်နဲ့ သွားပြီး ကိုက်ညီနေတာကို တွေ့ရမှာဖြစ်ပါတယ်။ ဒါကြောင့် ချမ်းသာသူဟာ အာဏာရှိတယ်လို့ သတ်မှတ်ကြတာဖြစ်ပါတယ်။ ​ခုနက ဥပမာမှာဆိုရင် အတန်းထဲက လူကောင်ကြီးတဲ့ ကောင်ကို ကျွန်တော်တို့တွေ ပိုက်ဆံရှိရင် မုန့်ကျွေးပြီး ခိုင်းလို့ရတာပေါ့ဗျာ…..
(၃) နံပါတ် (၃) အာဏာကတော့ လုပ်ပိုင်ခွင့်အာဏာဖြစ်ပါတယ်။ ဥပမာ စာသင်ခန်းမှာဆိုရင် အတန်းပိုင်ဆရာမမှာရှိတဲ့ အာဏာပုံစံမျိုးဖြစ်ပါတယ်။ ဆရာမရဲ့ ဆုံးဖြတ်ချက်သာ အမှန်ဖြစ်ပါတယ်။ ဒါသည်လည်း စွမ်းရည်တစ်မျိုးဖြစ်တာကြောင့် အာဏာလို့ ပြောရမှာဖြစ်ပါတယ်။
(၄) နံပါတ် (၄) အချက်ကတော့ လူမှုအဖွဲ့အစည်းမှာ သတ်မှတ်ထားတဲ့ စံနှုန်းတွေကြောင့် အာဏာရှိနေတဲ့သူမျိုးတွေဖြစ်ပါတယ်။ ကျွန်တော်တို့ ဗုဒ္ဓဘာသာမြန်မာလူမျိုးများအတွက်တော့ နမူနာ ပြဖို့ ခက်ခက်ခဲခဲ မဟုတ်လှပါဘူး။​ ဘာသာတရားက သတ်မှတ်ပေးထားတဲ့ သီလ၊ သမာဓိ၊ ပညာ ဒီ (၃) ရပ်အားကောင်းတဲ့ သူတွေဟာ ပတ်ဝန်းကျင်မှာ ကြည်ညိုကြသူပေါများကြပါတယ်။ ဒါကြောင့် လူ့အဖွဲ့အစည်းက သတ်မှတ်ထားတဲ့ စံနှုန်းတွေကို မီတဲ့ သူတွေသည်လည်း အာဏာရှိကြသူများဖြစ်ပါတယ်။ စာသင်ခန်းဥပမာ ကိုပြောမယ်ဆိုရင် အတန်းထဲမှာ စည်းကမ်းလိုက်နာ၊ စာတော်ပြီး သူငယ်ချင်းစိတ်ဓါတ်အပြည့်ရှိတဲ့၊ သမာသမတ်ကျကျ နေတဲ့ ကျောင်းသားကို ကျွန်တော်တို့လေးစားကြသလိုပေါ့။
(၅) နံပါတ် (၅) အာဏာကတော့ လူတွေကို တစ်စုတစည်းတည်း ဖြစ်သွားအောင် ပေါင်းစည်းပေးနိုင်တဲ့ Ideas အတွေးအခေါ်တွေဖြစ်ပါတယ်။ ဥပမာ သမိုင်းမှာ Fascism,,
...
K.Y.Lynn

Пікірлер: 32
@เยนนายโซ-ญ6ถ
@เยนนายโซ-ญ6ถ 3 ай бұрын
ဟိုကောင်နဲ့ လေးချက်လုံးကိုက်ညီနေပါတယ်
@k2kknowledgebank
@k2kknowledgebank 2 ай бұрын
:D
@KoZay-e1g
@KoZay-e1g Ай бұрын
ကျနော်လဲ ရူးနေပါတယ် အာဏာရူးပါတယ်
@k2kknowledgebank
@k2kknowledgebank 23 күн бұрын
ကုရာဆေးမရှိပါဘူး
@Than_Htike_Aung
@Than_Htike_Aung Жыл бұрын
စီးပွါးရေးအသိပညာ အကြောင်းအရာ Video အသစ်တွေ တင်ပေးပါ bro
@k2kknowledgebank
@k2kknowledgebank Жыл бұрын
ခေါင်းစဥ်တစ်ခုက ကြာကြာလေ့လာပြီးမှတင်ရတာမို့ပါ
@အိုက်စိုင်းမြန်မာ-ဘ၆လ
@အိုက်စိုင်းမြန်မာ-ဘ၆လ 7 ай бұрын
❤အရှိလိုက်တာ😂
@k2kknowledgebank
@k2kknowledgebank 7 ай бұрын
ကျေးဇူးပါ။
@sithu8997
@sithu8997 Жыл бұрын
''လူတိုင်းဆင်းရဲခြင်း ဟူသောဒုက္ခအား ခံနိုင်ကြသည်၊ ချမ်းသာခြင်းဟူသောဒုက္ခအား ခံနိုင်ခြင်းမရှိ။''
@k2kknowledgebank
@k2kknowledgebank Жыл бұрын
မှန်လိုက်တာဗျာ။
@chanmyae4471
@chanmyae4471 Жыл бұрын
အရမ်းကိုဗဟုသုတရစေပါတယ် ကျေးဇူးပါအကို
@k2kknowledgebank
@k2kknowledgebank Жыл бұрын
🙏ကျေးဇူးပါ။
@aungkhantzawaung1632
@aungkhantzawaung1632 Жыл бұрын
အားပေးနေပါတယ်ဆရာ politics နဲ့ပတ်သက်တာတွေ ထပ်တင်ပေးပါဦး
@k2kknowledgebank
@k2kknowledgebank Жыл бұрын
နောက်တစ်ခေါက် အလှည့်မှာ တင်ဆက်ပါ့မယ်ဗျာ။
@KyalTagon-tb7wr
@KyalTagon-tb7wr 10 ай бұрын
ဩဇာ ။။။။။
@myanmarmusic8192
@myanmarmusic8192 Жыл бұрын
ကျေးဇူးပါဆရာ
@Than_Htike_Aung
@Than_Htike_Aung Жыл бұрын
အမြဲအားပေးနေပါတယ်ဗျ
@k2kknowledgebank
@k2kknowledgebank Жыл бұрын
အမြဲကျေးဇူးတင်တယ်ဗျာ
@chitkoko7733
@chitkoko7733 Жыл бұрын
စစ်တပ်နဲ့ ပတိသတ်တာ တင်ပေးပါ ဆရာ
@k2kknowledgebank
@k2kknowledgebank Жыл бұрын
တင်ပေးပါ့မယ်
@sharingknowledge6167
@sharingknowledge6167 Жыл бұрын
Mingalarbar အစ်ကိုခင်ဗျ။
@k2kknowledgebank
@k2kknowledgebank Жыл бұрын
မင်္ဂလာပါ ညီ
@wailinaung8353
@wailinaung8353 Жыл бұрын
ကျေးဇူးပါဗျ 😊 အခုလိုသိရလို့
@k2kknowledgebank
@k2kknowledgebank Жыл бұрын
ကျေးဇူးပါ။
@KyalTagon-tb7wr
@KyalTagon-tb7wr 10 ай бұрын
ဩဇာ ။ဂတိ သစ်စာ တည် သော အခါ ၊နွယ်မြတ် သစ်ပင် ဆေးဖတ် ဝင်၏။
@k2kknowledgebank
@k2kknowledgebank 7 ай бұрын
ဟုတ်ကဲ့ဗျ။​
@seinelae9933
@seinelae9933 Жыл бұрын
❤️❤️❤️
@k2kknowledgebank
@k2kknowledgebank Жыл бұрын
ကျေးဇူးပါ
@minhtaw953
@minhtaw953 10 ай бұрын
Power of people please
@k2kknowledgebank
@k2kknowledgebank 7 ай бұрын
ဟုတ်ကဲ့ ။
@koyawleelahdee1019
@koyawleelahdee1019 Жыл бұрын
လူပျောက်
@k2kknowledgebank
@k2kknowledgebank Жыл бұрын
ဗျာ.....
ဖက်ဒရယ်စနစ်ဆိုတာ ဘာလဲ
8:59
International IDEA
Рет қаралды 21 М.
إخفاء الطعام سرًا تحت الطاولة للتناول لاحقًا 😏🍽️
00:28
حرف إبداعية للمنزل في 5 دقائق
Рет қаралды 28 МЛН
OYUNCAK MİKROFON İLE TRAFİK LAMBASINI DEĞİŞTİRDİ 😱
00:17
Melih Taşçı
Рет қаралды 12 МЛН
ဖက်ဒရယ် ဟုခေါ်သည်  (Rise of Federalism)
9:49