No video

ကားဈေးကွက်ကို ဥပမာပေး၍ ငွေကြေးဖောင်းပွခြင်းအကြောင်းကိုရှင်းလင်းတင်ဆက်ထားပါတယ်...

  Рет қаралды 2,640

K2K Knowledge Bank

K2K Knowledge Bank

11 ай бұрын

ကားစျေးကွက်ကို ဥပမာပေးပြီး တင်ဆက်သွားမှာ ဖြစ်ပါတယ်။
ကျွန်တော်အရင်က ပိုက်ဆံဆိုတာ ဘာလဲ ဆိုတဲ့ ဗီဒီယို လေးထဲမှာ ထုတ်ကုန်တွေတိုးမလာပဲ​ ပိုက်ဆံတွေသာထုတ်နေရင် ငွေကြေးဖောင်းပွလာလိမ့်မယ်ဆိုတဲ့အကြောင်း တင်ဆက်ထားခဲ့ဖူးတာ ရှိပါတယ်။ ဒီကနေ့ ငွေကြေးဖောင်းပွခြင်း အကြောင်းသည် ဒီထက်အဆင် မြင့်သွားပြီဖြစ်တာကြောင့် အခြေခံဖြစ်တဲ့ ပိုက်ဆံအကြောင်းကို တော့ မိတ်ဆွေတို့အရင်ဦးစွာ သိထားဖို့ လိုအပ်မယ်ထင်ပါတယ်။ ဒါကြောင့် သွားကြည့်ပေးဖို့တိုက်တွန်းပါရစေ။
ကျွန်တော်တို့ပတ်ဝန်းကျင်မှာ သိသာနေတဲ့ စျေးနှုန်းအပြောင်းအလဲတွေကို ပြရမယ်ဆိုရင် ကားစျေးကွက်ကို ပြရမယ်ထင်ပါတယ်။ ဒီလိုဘာကြောင့်ဖြစ်နေတာလဲ? တကယ်ပဲငွေကြေးဖောင်းပွနေတာလား? စျေးပြန်ကျနိုင်ချေရောရှိလား စသဖြင့် မေးခွန်းတွေ ကို အဖြေပေးဖို့ဆိုတာသည် လွယ်တော့မလွယ်လှပေမဲ့ ဒီကနေ့ ကျနော်တင်ဆက်မယ့် အကြောင်းအရာလေးက အဖြေတစ်ပိုင်းတစ်စ ပေးနိုင်လိမ့်မယ်လို့မျှော်လင့်ပါတယ်။
ငွေကြေးဖောင်းပွခြင်းအကြောင်းကို တင်ဆက်တဲ့နေရာမှာ အပိုင်း (၃) ပိုင်းနဲ့ တင်ဆက်သွားမှာ ဖြစ်ပါတယ်။ ပထမတစ်ပိုင်းမှာ Money Supply Equation ကို အသုံးပြုမယ်။ ဒုတိယပိုင်းမှာ တော့ Inflation အမျိုးအစားဖြစ်တဲ့ demand pull inflation နဲ့ cost push inflation ဆိုတဲ့ နှစ်မျိုးကို ခပ်သွက်သွက်လေး တင်ဆက်ပေးသွားပါ့မယ်။
အဲ့တော့ ပထမအပိုင်းအနေနဲ့ မိတ်ဆွေတို့ကို ကျွန်တော်အရမ်းကြိုက်နှစ်သက်တဲ့ equation တစ်ခုနဲ့မိတ်ဆက်ပေးချင် ပါတယ်။
Money Supply (M) x Velocity of Money (V) = Price Level (P) x Quantity of Goods and Services Produced (Q)
ဒီ ညီမျှခြင်းလေးကို တစ်ချက်ရှင်းပြရင်း တွေးစရာအတွေးလေးတွေကို တင်ဆက်ပေးချင်ပါတယ်။ ပထမဦးစွာ equation ရဲ့ ဘယ်ဘက်မှာပါရှိတဲ့ money supply ဆိုတာလေးကို အရင်ရှင်းပါ့မယ်။ Money Supply ဆိုတာသည် ဒီ စီးပွားရေးစျေးကွက်အတွင်းမှာရှိနေတဲ့ လည်ပတ်နေတဲ့ ငွေတွေ ကိုဆိုလိုတာဖြစ်ပါတယ်။ ငွေစက္ကူ ပိုက်ဆံတွေပါမယ်။ Mobile Banking ဘာညာထဲမှာ ရှိနေတဲ့ Digital Currency တွေပါမယ်။ လည်ပတ်ငွေ အကုန်လုံးကို ဆိုလိုတာဖြစ်ပါတယ်။ ဒီကြားထဲ ပိုက်ဆံအသစ် ရိုက်ထုတ်မယ်ဆိုရင်လည်း သူနဲ့သက်ဆိုင်ပါတယ်။
Velocity of Money ဆိုတာသည် မြန်မာလို ဒဲ့ပြန်ရင်တော့ ပိုက်ဆံ စီးဆင်းမှုနှုန်းလို့ ဆိုရမှာပါ။ စျေးကွက်ထဲမှာရှိနေတဲ့ ကျွန်တော်တို့ တစ်ဦးနဲ့တစ်ဦး ငွေပေးချေမှု အမြန်နှုန်းကို ပြောတာလည်းဖြစ်ပါတယ်။ ဥပမာ ကျနော်က ရွှေဝယ်တယ်။ ရွှေရောင်းတဲ့အကိုကြီးက ပိုက်ဆံရတော့ ကားဝယ်တယ်။ ကားရောင်းတဲ့ ဦးလေးကြီးက ရလာတဲ့ငွေနဲ့ အဆောက်အအုံဆောက်တယ်။ ဒီမှာဆို တစ်ဦးနဲ့တစ်ဦး ယုံကြည်မှုရှိတဲ့အခါ Velocity မြင့်ပြီး ငွေစီးဆင်းမှု မြန်ဆန်တာကို တွေ့ရမှာဖြစ်ပါတယ်။ သို့သော် စျေးကွက်အတွင်း တစ်ဦးနဲ့တစ်ဦး ယုံကြည်မှုတွေ ပျောက်လာပြီး ငွေပေးချေမှုတွေ နှေးလာတဲ့ အခါ၊ မြန်နှုန်း ကျလာတာကို မိတ်ဆွေတို့ သတိထားကြည့်ရင် သိပါလိမ့်မယ်။ ဥပမာ ကျနော်က ရွှေရောင်းတဲ့ဦးလေးကြီးကို မယုံတော့ ငွေချေဖို့ကြာနေမယ်။ သူကလည်း ကားရောင်းသူကို မယုံလို့ ကားဝယ််ဖို့ ကြာသွားမယ်။ ဒါမျိုးပေါ့နော်။ အဲ့တော့ကာ---
Equation ရဲ့ ဘယ်ဘက်ခြမ်းမှာသည် စျေးကွက်အတွင်းလည်ပတ်နေတဲ့ ပိုက်ဆံ တွေနဲ့ သူ့ရဲ့ စီးဆင်းမှုနှုန်းကို မြှောက်ထားတာကို တွေ့ရမှာဖြစ်ပါတယ်။ ဒါဟာ စီးပွားရေး စျေးကွက်ရဲ့ တန်ဖိုးလို့ဆိုရင်လည်းမမှားပါဘူး။ equation ရဲ့ တစ်ဖက်မှာလည်း မြှောက်ထားတဲ့အရာ နှစ်ခု ရှိလို့နေပြန်ပါတယ်။
Price Level သူ့ကိုတော့ တချို့က CPI (Consumer Price Index) လို့လည်း ခေါ်ကြတယ်။ အဓိပ္ပာယ်ကတော့ စျေးကွက်အတွင်းမှာ ဖြစ်နေတဲ့ Goods and Services တွေရဲ့ ပျမ်းမျှ ကုန်စျေးနှုန်းပဲဖြစ်ပါတယ်။
Quantity of Goods and Services ဆိုတာသည် စျေးကွက်ထဲမှာရှိတဲ့ ထုတ်ကုန်အရေအတွက်၊ ထုတ်ကုန်ဆိုတာ ကုန်ပစ္စည်းတစ်ခုထဲကို ပြောတာမဟုတ်ပဲ ဝန်ဆောင်မှုတွေလည်း ပါဝင်တာကို သတိချက်ရမှာဖြစ်ပါတယ်။
ဒီနှစ်ခုကို မြှောက်လိုက်ခြင်းသည် စီးပွားရေးစျေးကွက်ထဲမှာရှိနေတဲ့ ထုတ်ကုန်ကို သူ့ပျမ်းမျှတန်ဖိုးနဲ့ မြှောက်တာကြောင့် ကျွန်တော်တို့ စျေးကွက်ရဲ့ တန်ဖိုးကြီးကို ဖော်ပြပေးလိုက်တာနဲ့တူပါတယ်။
နှစ်ခုစလုံး က စီးပွားရေး စျေးကွက်ကြီးရဲ့ တန်ဖိုး ကို ဖော်ပြပေးတာဖြစ်တာကြောင့်လည်း ညီမျှခြင်းချထားဖြစ်ပါတယ်။
အဲ့တော့ပိုနားလည်ရလွယ်အောင် စီးပွားရေး စျေးကွက်ကြီး တစ်ခုလုံးကို မပြောပဲ လက်ရှိလူပြောများနေတဲ့ ကားစျေးကွက်နဲ့ ဥပမာပေးကြည့်ရအောင်ဗျာ။
ကားစျေးကွက်ရဲ့ money supply
ကျွန်တော်တို့ မြန်မာပြည်မှာ လုပ်ငန်းရှင်တော်တော်များများ လုပ်ငန်းတွေရပ်နားလိုက်ကြပြီး wealth တွေ generate လုပ်တဲ့ စီးပွားရေးထက် တခြားသော asset များ ဝယ်စုဆောင်းတဲ့ ဘက်ကို လှည့်လာကြပါတယ်။ သင်္ဘောသားတချို့တောင် သင်္ဘောမလိုက်တော့ပဲ ကားအရောင်းအဝယ်ဘက်ကို ဝင်လာတာကို ကြည့်ခြင်းက ဒါကို သက်သေပြနေတယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။ သူဌေးတစ်ဦးမှာ တကယ်အသုံးပြုတဲ့ ကားထက် အသုံးမလိုပဲ ဝယ်စုထားတဲ့ ကားက ပိုများနေသလိုမျိုးပေါ့ဗျာ။ ပြီးတော့ ပိုက်ဆံအပိုရှိတဲ့သူကလည်း စုပေါင်းဆက်ပေါင်း share လုပ်ပြီး ကားဝယ်ရောင်းတွေ လက်ထဲ ပိုက်ဆံတွေထည့်လာကြပါတယ်။ ​ အဲ့လို လူတွေ များလာတဲ့ အတွက် Money Supply ဆိုတဲ့ ကားစျေးကွက်အတွင်း လည်ပတ်နေတဲ့ ငွေပမာဏသည် သိသိသာသာ ကို များလာခဲ့ပါတယ်။
နောက် velocity of money
ဒါကတော့ ကားနဲ့ ပတ်သက်ပြီး ယုံကြည်စိတ်ချမှုများလာပြီး မြန်မာငွေကိုတန်ဖိုးကျလာပြီဆိုတဲ့ သတင်းလွှင့်သူတွေကြောင့် လက်ထဲမှာ ငွေမကိုင်ထားချင်တဲ့ အတွေးတွေဖြစ်လာပါတယ်။ ဒီလိုလူတွေရဲ့မလုံခြုံမှုအတွေးတွေကြောင့် တစ်စီးရောင်းပြီးတာနဲ့ တစ်စီး ပြန်ရှာဝယ်ကြပါတော့တယ်။ အဲ့အခါကျတော့ ငွေစီးဆင်းမှုနှုန်းက အရမ်းမြန်နေပါတယ်။ ဒါကြောင့် velocity of money သည်လည်း သိသိသာသာများလာမှာသေချာပါတယ်။
ဒီလို တိုးလာတဲ့ တန်ဖိုးနှစ်ခုကို ဆ တိုး မြှောက်လိုက်တဲ့အခါမှာ equation ဘယ်ဘက်ခြမ်း သည် မူလထက်များစွာတန်ဖိုး မြင့်မားသွားတာကို မိတ်ဆွေတို့ တွေ့မြင်ရမှာဖြစ်ပါတယ်။ ဒါကို ညီမျှအောင်လုပ်ဖို့အတွက် ညီမျှခြင်းတစ်ဖက်မှာတာဝန်ရှိပါတယ်။ အဲ့တော့ equation ညာဘက်ခြမ်းကို ကျနော်တို့ကြည့်ရအောင်။

Пікірлер: 15
@thetpaing4852
@thetpaing4852 Ай бұрын
🎉🎉🎉money supply equation❤❤ knowledgeable...
@k2kknowledgebank
@k2kknowledgebank 14 күн бұрын
ကျေးဇူးတင်ရှိပါတယ််ခင်ဗျာ။
@waigyi3721
@waigyi3721 11 ай бұрын
အမြဲအားပေးပါတယ်❤❤❤❤❤❤❤❤❤❤❤
@k2kknowledgebank
@k2kknowledgebank 11 ай бұрын
ကျေးဇူးပါဗျာ
@user-yn3yx3fh6u
@user-yn3yx3fh6u 11 ай бұрын
ကျေးဇူးပါဆရာ 🙏
@k2kknowledgebank
@k2kknowledgebank 11 ай бұрын
အားပေးတာကျေးဇူးပါ
@user-by3dj1fx5v
@user-by3dj1fx5v 4 ай бұрын
ရွှေဈေးကွက်တက်တာလည်း မျှဝေပေးပါဦး ပြန်ကျနိုင်ခြေရှိလား
@k2kknowledgebank
@k2kknowledgebank 3 ай бұрын
ကြိုးစားကြည့်ပေးပါ့မယ်ဗျ။​
@RedmiNote11pro-bc6pl
@RedmiNote11pro-bc6pl 11 ай бұрын
လာမဲ့အပတ်material tutoအတွက်ဘာတွေလေ့လာထားသင့်လဲဗျ
@k2kknowledgebank
@k2kknowledgebank 11 ай бұрын
စာတွေပါ
@myothant6317
@myothant6317 11 ай бұрын
မျှော်နေရတာပဲ bro
@k2kknowledgebank
@k2kknowledgebank 11 ай бұрын
ပေါ်လာပြီဗျာ....
@Than_Htike_Aung
@Than_Htike_Aung 11 ай бұрын
စောင့်နေရတာကြာပြီ အခုမှပဲပြန်ပေါ်လာတော့တယ်
@k2kknowledgebank
@k2kknowledgebank 11 ай бұрын
လေ့လာသုံးသပ်သွားပါဦး။
@Than_Htike_Aung
@Than_Htike_Aung 11 ай бұрын
တကယ်တော့ တာဝန်အရှိဆုံးလူတွေက ပြည်သူတွေပါပဲ ပြည်‌သူတွေသာ ငွေကြေးအလုပ်လုပ်ပုံ‌အကြောင်းကိုသိရင် ဒီလို‌ေတွဖြစ်စရာ‌အကြောင်းမရှိပါဘူး နောက်ပြီးကျောင်းစာတွေကလည်း လက်တွေ့ဘဝမှာပြန်ပြီး အသုံးချလို့မရတဲ့ပညာရေးဖြစ်နေတာကြောင့်ပါ ပါတယ် အဓိက ကတော့ ပညာရေးအခြေခိုင်နေဖို့လိုပြီး ဒါကျက် ဒါဖြေစနစ်ကြီးကို ပြောင်းပေးနိုင်ရင် အကောင်းဆုံဖြစ်မယ်လို့ယုံကြည်ပါတယ်
Jumping off balcony pulls her tooth! 🫣🦷
01:00
Justin Flom
Рет қаралды 28 МЛН