Рет қаралды 273,549
Bunny Phyoe - နင်ပျော်ရင်
Lyrics video
Song name - နင်ပျော်ရင်
Artist - Bunny Phyoe
Please subscribe.
တော်ပါပီ အချစ်ဆိုစိတ်ကနာ
အပူတွေ ငါ ထပ်မလိုချင်တော့ပါ
ဒီလိုငါ ဆုံးဖြတ်ထားပီးမှ
အို တွေ့ခဲ့တယ် မင်းနဲ့
ဒီတခါ နောက်ဆုံးလို့ဆုံးဖြတ်ကာ
အကုန်ငါပုံအော လို့ချစ်ထားသမျှ
ခန့်မှန်းရသိပ်ခက်တဲ့
နင်တဖြည်းဖြည်းနဲ့ ပြောင်းလဲ
အချစ်တွေ ငါ့အပေါ် ကုန်သွားမလား
နင်ပျော်ရင် လုပ်လိုက်ပါအချစ်လေး
ဒီလူကိုပေးခဲ့လိုက် အရှုံးတွေ
ရှေ့ဆက်မင်း အမြဲတမ်းပျော်ပါစေ
မကြည့်နဲ့တော့ ငါ့ဘက်ကမျက်ရည်
နင်ပျော်ရင်လုပ် လိုက်ပေါ့ အချစ်ရေ
အရင်ဆိုနင် ငါ့ကို အမြဲပြောတာ
အချိန်ကြာလာလည်း ပိုဂရုစိုက်ပါ
ငါဂရုစိုက်လို့ပြောတဲ့
ဒီစကားများ အခုမင်းအတွက်
ချုပ်ခြယ်တယ် နင်မြင်တဲ့အခါ
ငါဘာလုပ်ရမလဲ ငါမသိတော့ဘူး
ဆုံးရှုံးမှာကြောက်လို့ စိတ်တွေပူ
အချစ်ကလွဲပီးလည်း ဘာမှမပေးနိုင်သူ
မပျော်ဘူးဆို ဆွဲလို့မထားရက်ဘူး
ကလေးရေ
နင်မွန်းကျပ်လို့ ရုန်းထွက်ချင်ရင်လည်း
နင်ပျော်ရင် လုပ်လိုက်ပါအချစ်လေး
ဒီလူကိုပေးခဲ့လိုက် အရှုံးတွေ
ရှေ့ဆက်မင်း အမြဲတမ်း ပျော်ပါစေ
မကြည့်နဲ့တော့ ငါ့ဘက်ကမျက်ရည်
နင်စိတ်ကြိုက်ပေါ့ အချစ်လေး
ဒဏ်ရာတွေ ငါ့အတွက်တော့ရိုးနေ
အသည်းကွဲလို့ဘဝ မပျက်နိုင်ပေမယ့်
ငါ့ဘဝထက် ချစ်ခဲ့တော့ ခက်တယ်
နင်ပျော်ရင် လုပ်လိုက်ပေါ့ အချစ်ရေ
အချစ်တို့ခြင်းတူခဲ့ရင်လေ
ငါပိုချစ်ရသောသူဖြစ်ပါစေ
ဝဋ်ကြွေးတွေရှိခဲ့ဖူးရင်လေ
ဒီဘဝမှာပဲ ကျေရပါစေ
နောက်ဘဝများဆုံခဲ့ရင်လေ
ဒီထက်တိုးပိုချစ်မယ်လေ အချစ်ရေ
(key change)
နင်ပျော်ရင် လုပ်လိုက်ပါ အချစ်လေး
ဒီလူကိုပေးခဲ့လိုက် အရှုံးတွေ
ရှေ့ဆက်မင်း အမြဲတမ်း ပျော်ပါစေ
မကြည့်နဲ့တော့ ငါ့ဘက်ကမျက်ရည်
နင်စိတ်ကြိုက်ပေါ့ အချစ်လေး
ဒဏ်ရာတွေ ငါ့အတွက်တော့ရိုးနေ
အသည်းကွဲလို့ဘဝ မပျက်နိုင်ပေမယ့်
ငါ့ဘဝထက် ချစ်ခဲ့တော့ ခက်တယ်
နင်ပျော်ရင် လုပ်လိုက်ပေါ့ အချစ်ရေ
အချစ်တို့ခြင်းတူခဲ့ရင်လေ
ငါပိုချစ်ရသောသူဖြစ်ပါစေ
ဝဋ်ကြွေးတွေရှိခဲ့ဖူးရင်လေ
ဒီဘဝမှာပဲ ကျေရပါစေ
နောက်ဘဝများဆုံခဲ့ရင်လေ
ဒီထက်တိုးပိုချစ်မယ်လေ အချစ်ရေ
နင်စိတ်ကြိုက်ပေါ့အချစ်လေး
ဟူးးးး ဝူးးးး
#bunnyphyoe #ninpyawyin #lyrics