ကြက်သားခပတ်ချက်လေးပါ Chicken Kebab

  Рет қаралды 9,718

Cook for K1

Cook for K1

Күн бұрын

မဆလာရနံ့မွှေးမွှေးလေးနဲ့ စားကောင်းတဲ့ ကြက်သားခပတ်ချက်လေးပါ။
ပထမဆုံး ဇီယာစေ့ကို (စားပွဲတင်ဇွန်း ၁ ဇွန်း) ငရုတ်ဆုံထဲမှာ ထည့်ပြီးညက်နေအောင် ကြိတ်ထားပေးပါ။ ကြိတ်ထားတဲ့ ဇီယာမှုန့်ထဲကို အသားမဆလာ (စားပွဲတင်ဇွန်း ၁ ဇွန်း) ထည့်ပြီးမွှေပေးပါ။ ဇီယာစေ့အနံ့ပိုမှ သာ ပိုမွှေးတာကြောင့် မဆလာထဲကို ဇီယာမှုန့်ထပ်ထည့်ရခြင်းဖြစ်ပါတယ်။
ကြက်ပေါင်သား ကို တကိုက်စာအရွယ်လှီးထားပါ။
ခုနက ရောထားတဲ့ မဆလာ (စားပွဲတင်ဇွန်း ၁ ဇွန်း)
အချိုမှုန့် - အနည်းငယ် (မစားရင် မထည့်လည်းရပါတယ်)
ဆား - အနည်းငယ်
နနွင်းမှုန့် - အနည်းငယ်
ငရုတ်သီးမှုန့် - (စားပွဲတင်ဇွန်း ၁ ဇွန်း)
ဟင်းချက်တဲ့ ဆီ - (စားပွဲတင်ဇွန်း ၁ ဇွန်း)
သံပရာသီး - ၁ လုံး (သို့) ဒိန်ချဉ် (စားပွဲတင်ဇွန်း ၁ ဇွန်း)
ထည့်ပြီး အားလုံးရောနယ်ပြီး နှပ်ထားပေးပါ။
ကြက်သွန်နီ - ၁ လုံးကို အကွင်းလေးတွေဖြစ်အောင် လှီးထားပေးပါ။
ခရမ်းချဉ်သီး - ၁ လုံး ကိုလည်း အကွင်းလေးတွေလှီးထားပေးပါ။
ငရုတ်သီးစိမ်းကို လှီးထားပေးပါ။
ဒယ်အိုးထဲမှာ ဆီထည့်မယ်။ ဆီပူလာရင်
ချင်း ၂ ပြားလောက်ထည့်မယ်။
ကြက်သွန်ဖြူ ၅ မွှာလောက် ဓားပြားရိုက်ထားတာ ထည့်မယ်။ အားလုံးမွှေးလာပြီဆိုရင်
နှပ်ထားတဲ့ ကြက်သားတွေထည့်ပြီး ကြော်ပေးပါ။
ကြက်သားတွေအရောင်ပြောင်းလာရင် ရေအနည်း
ငယ်ထည့်ပြီး နူးတဲ့ အထိ တည်ထားပါ။
ကြက်သားတွေနူးရင် ရေခမ်းဆီပြန်လာအောင် မီးအားမြှင့်ပြီးချက်ပေးပါ။
ဆီပြန်လာရင် ငရုတ်သီးစိမ်း။ ခရမ်းချဉ်သီး တွေထည့်ပြီး ၂ မိနစ်လောက် ကြော်ပေးပါ။
ပြီးမှ ကြက်သွန်နီကွင်းတွေထည့်ကြော်ပေးပါ။
၁ မိနစ်လောက်ကြော်ပြီးတာနဲ့ မဆလာ - (စားပွဲတင်ဇွန်း ၁ ဇွန်း)
ထည့်ပါ။ နောက်ဆုံးမှာမှ ပူစီနံ လက်တဆုပ်လောက် အုပ်ပြီး မွှေပေးလိုက်ရင် မွှေးပြီးစားကောင်းတဲ့ ကြက်သားခပတ်ကို သုံးဆောင်နိုင်ပြီဖြစ်ပါတယ်ခင်ဗျာ။
သူငယ်ချင်းအားလုံးကျန်းမာပျော်ရွှင်ကြပါစေ။
Cookfork1 ၏ အခြားသော လူမှုကွန်ယက်တွေဖြစ်တဲ့ ဖေ့စ်ဘုတ်။ အင်စတာဂရမ်။တစ်တော့ မှာလည်း မတူညီသော တင်ဆက်မှုများဖြင့် တင်ပေးထားပါတယ်ခင်ဗျာ။

Пікірлер: 26
@warwar6685
@warwar6685 2 ай бұрын
ကျေးဇူးပါ နည်းတမျိုးရသွားလို့😊😊😊
@Cookfork1
@Cookfork1 2 ай бұрын
ကျေးဇူးတင်ပါတယ်ခင်ဗျာ ❤️
@user-dh5ov6uh1c
@user-dh5ov6uh1c 11 ай бұрын
ကျေးဇူးပါ
@Cookfork1
@Cookfork1 11 ай бұрын
ကျေးဇူးတင်ပါတယ်ခင်ဗျာ🙏
@hninphyukaung6909
@hninphyukaung6909 Жыл бұрын
အရင်က ခပတ်ဆိုရင် တောက်တောက်စဉ်းမှရတယ်ထင်ထားတာ အခုနည်းလေးက ကောင်းတယ် ။ ပူစီနံအုပ်တာ အသက်ပဲ။ Thank Always 😻😻😻
@Cookfork1
@Cookfork1 Жыл бұрын
ပူစီနံက ဒီဟင်းရဲ့အသက် 😊
@sakthivelmarimuthu8146
@sakthivelmarimuthu8146 Жыл бұрын
Very nice cooking video🎥👌
@Cookfork1
@Cookfork1 Жыл бұрын
Thank you so much🙏
@dawpaukpauk4304
@dawpaukpauk4304 Жыл бұрын
ကျေးဇူးပါ အားပေးနေပါတယ် 😻😊👍 မဆလာနံ့မွှေးမွှေးလေးနဲ့ စားကောင်းမှာ ပဲ ဘေးကင်းကျန်းမာ အဆင်ပြေပါစေ
@Cookfork1
@Cookfork1 Жыл бұрын
အမြဲတမ်းအားပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်အစ်မ🌷ကျန်းမာပျော်ရွှင်ပါစေ🙏
@ayeayethant4933
@ayeayethant4933 Жыл бұрын
Good
@Cookfork1
@Cookfork1 Жыл бұрын
Thank You 🙏
@sawmyatnwe9276
@sawmyatnwe9276 8 ай бұрын
ဒီ​နေ့ချက်နည်းအတိုင်းချက်တယ် ..အစ်မခါတိုင်းချက်တာက ကြက်သားစဥ်းပြီးချက်တယ် သံပုရာသီးမထည့်ဖူးဘူး .. အခုနည်းအတိုင်းထည့်နှပ်တာ အသားကအစ နူးပြီးအရသာ​ပြောင်းသွားတယ် .ပူစီနံထည့်လိုက်​တော့.​စား​ကောင်းတယ်သား​ရေ..ကျေးဇူးတင်ပါတယ် .. ​
@Cookfork1
@Cookfork1 8 ай бұрын
ဟုတ်ကဲ့ အစ်မ 🤗 ကျေးဇူးတင်ပါတယ်ခင်ဗျာ
@zinthu1144
@zinthu1144 Жыл бұрын
ချက်စားကြည့်အုံးမယ်
@Cookfork1
@Cookfork1 Жыл бұрын
ဟုတ်။ ချက်စားကြည့်ပါခင်ဗျာ 😊
@lewahaye43
@lewahaye43 Жыл бұрын
လွယ်နေရောပဲနော်။မီးခနခနပျက်‌နေတာတော်ပဲ👏👏❤️❤️😆
@Cookfork1
@Cookfork1 Жыл бұрын
ဟုတ်။ ချက်စားကြည့်ပါခင်ဗျာ 😊
@caxpertheunfriendlyghost
@caxpertheunfriendlyghost 11 ай бұрын
ပူစီနံအစားဘာသုံးလို့ရသေးလဲဗျ
@Cookfork1
@Cookfork1 11 ай бұрын
နံနံပင်ရတယ်ခင်ဗျ။ ပူစီနံကတော့ အလိုက်ဖက်ဆုံးပေါ့။
@caxpertheunfriendlyghost
@caxpertheunfriendlyghost 11 ай бұрын
@@Cookfork1 ရှမ်းနံနံရောရတယ်မလားအစ်ကို
@Cookfork1
@Cookfork1 11 ай бұрын
ရပါတယ်ခင်ဗျ။
@heinpyaetun834
@heinpyaetun834 Жыл бұрын
အရင်ကတင်ထားသေးတယ်မလား
@Cookfork1
@Cookfork1 Жыл бұрын
ဟုတ်တယ်ဗျ။ ပြန်ချက်ဖြစ်လို့ အသစ်ပြန်ရိုက်လိုက်တာ 😻
@thartharlay3479
@thartharlay3479 Жыл бұрын
အရသာ​ရှိမယ့်ပုံဘဲ❤❤❤
@Cookfork1
@Cookfork1 Жыл бұрын
ဟုတ်။ စားကောင်းတယ်ဗျ,❤️
ကြက်သားခပတ် (Chicken kebab)
6:58
Cook for K1
Рет қаралды 124 М.
WILL IT BURST?
00:31
Natan por Aí
Рет қаралды 43 МЛН
Or is Harriet Quinn good? #cosplay#joker #Harriet Quinn
00:20
佐助与鸣人
Рет қаралды 48 МЛН
Violet Beauregarde Doll🫐
00:58
PIRANKA
Рет қаралды 50 МЛН
Whoa
01:00
Justin Flom
Рет қаралды 55 МЛН
#24 - اصول اولیه چربی سوزی
24:56
Farshid Jalilian
Рет қаралды 489 М.
ခရမ်းသီးကြက်ဥကပ်ကြော်
6:57
Thai myanmar Make food
Рет қаралды 8 М.
WILL IT BURST?
00:31
Natan por Aí
Рет қаралды 43 МЛН