ဦးထောင်ဘိုအဝိုင်းနားက ကန်တိုမင်သင်္ချိုင်း နဲ့ ရွှေ တိဂုံမှသင်္ချိုင်​​းရွှေ့ပြောင်းခြင်း

  Рет қаралды 12,610

Yangon Rangoon

Yangon Rangoon

Күн бұрын

ရွှေတိဂုံစေတီတော်ရှိတဲ့ သိင်္ဂုတ္တရကုန်းမြေဟာ ရန်ကုန်မြို့အနီးတစ်ဝိုက်က အမြင့်ဆုံးကုန်းဖြစ်တာကြောင့် မြို့နဲ့ပတ်သတ်တဲ့ပဋိပက္ခတွေမှာ ဗျူဟာမြေနေရာအဖြစ် ဗြိတိသျှတပ်ရဲ့ အဓိကအားထားတဲ့နေရာပါ။ ၁၈၅၂ ခုနှစ် ဒုတိယအင်္ဂလိပ်-မြန်မာစစ်ပွဲအတွင်းတွင် ဗြိတိသျှတို့က စေတီတော်တွင်တပ်စွဲထားပြီး ကျဆုံးခဲ့တဲ့ဗြိတိသျှစစ်သားများကို ရင်ပြင်တော်အရှေ့မြောက်ထောင့် ယခု သာယာဝတီမင်းခေါင်းကြီးအနီးက ညောင်ပင်နားမှာတွင် မြှုပ်နှံခဲ့သည်။ ထို့နောက် အင်္ဂလိပ်တို့သည် တောင်ကုန်း၏ အနောက်ဘက်တွင် လက်နက်တိုက်နှင့် တန်းလျားများဆောက်လုပ်ကာ ဗုဒ္ဓဘာသာဝင်များအား အနောက်ဘက်မုခ်မှ ဘုရားကိုတက်ရောက်ဖူးမြော်ခွင့် ပိတ်ပင်ခဲ့လေသည်။ ထို့ကြောင့် ဘုရားဖူးများသည် အရှေ့ဘက်မုခ် တောင်ဘက်မုခ်၊ မြောက်ဘက်မုခ်တို့မှသာ တက်ရောက်ဖူးမြော်ခွင့်ရပြီး အနောက်ဘက်မုခ်မှတက်ရောက်ဖူးမြော်ခွင့် ၇၇ နှစ်ကြာသည်ထိမရခဲ့ပေ။ ဗြိတိသျှခံတပ်နှင့် သုသာန်ကို ဘုရားဝင်းအတွင်းမှ ရွှေ့ပေးရန် ဗုဒ္ဓဘာသာလူထုတွေ့ဆုံပွဲများ အကြိမ်ကြိမ် တောင်းဆိုခဲ့ရာ နောက်ဆုံးတွင် ၁၉၂၉ ခုနှစ်တွင် ရန်ကုန်ရှိ သိင်္ဂုတ္ထရကုန်းမြေရှိ ဗြိတိသျှသုသာန်ကို ရွှေတိဂုံဘုရားတောင်ဘက်မုခ်အနီအနီး ကန်တိုမင်စစ်သင်္ချိုင်းပြောင်းရွှေ့ခဲ့သည်။ ဂူသင်္ချိုင်း စီတန်းသယ်ယူတဲ့အခမ်းအနားကို ပြင်ပလူများ သွားလာခြင်းမပြုရန် တားမြစ်ထားပြီး လက်နက်ကိုင်အစောင့်များအား လုံခြုံရေးချ၍ ပြောင်းရွှေ့ခဲ့သည်။ သင်္ချိုင်းကိုပြောင်းရွှေ့ပြီးနောက် လအနည်းငယ်အကြာတွင် ခံတပ်ကိုလည်း ဖယ်ရှားခဲ့လေသည်။ #old #yangon #cantonment

Пікірлер: 4
Do you choose Inside Out 2 or The Amazing World of Gumball? 🤔
00:19
This mother's baby is too unreliable.
00:13
FUNNY XIAOTING 666
Рет қаралды 22 МЛН
Spongebob ate Patrick 😱 #meme #spongebob #gmod
00:15
Mr. LoLo
Рет қаралды 21 МЛН
အကောက်တောင် သမိုင်းအကြောင်း...
7:33
Sayar Goshal Lay NUG Talk show
30:37
Burmese into English
Рет қаралды 14 М.
Do you choose Inside Out 2 or The Amazing World of Gumball? 🤔
00:19