အင်တာနက်ဥမင်တူးခြင်း (VPN အကြောင်း)

  Рет қаралды 1,423

K2K Knowledge Bank

K2K Knowledge Bank

3 жыл бұрын

www.k2kknowledgebank.com/vpn/
K2k စာဖတ်ပရိသတ်များအားလုံး မင်္ဂလာပါခင်ဗျာ။ ဒီလရဲ့ IT ကဏ္ဍ က နေပြန်လည်ကြိုဆို လိုက်ပါတယ်။ ဒီတစ်ခေါက်ရွေးချယ်ထားတဲ့ခေါင်းစဥ်လေးကတော့ အင်တာနက်ဥမင်တူးခြင်း ပဲဖြစ်ပါတယ်။ ဒီခေါင်းစဥ် လေးကို ရွေးချယ်ဖြစ်ခဲ့တာက စာရေးသူတို့ နိုင်ငံမှာ လက်ရှိဖြစ်ပျက်နေတဲ့ နိုင်ငံရေးအခြေအနေကြောင့် VPN ဆိုတဲ့အသုံးအနှုန်းဟာ လူသိများလာခဲ့တာကြောင့် ရှင်းရှင်းလင်းလင်းသိစေဖို့ရာ ရည်ရွယ်တဲ့ အတွက်ပဲဖြစ်ပါတယ်။ ဥမင်လှိုဏ်ခေါင်း ဆိုတဲ့ အသုံးအနှုန်းကို စာဖတ်သူမိတ်ဆွေများ ရင်းနှီးပြီးသား ဖြစ်မှာပါ။ တစ်နေရာနဲ့ တစ်နေရာ လျှို့ဝှက်စွာ သွားလာဖို့ အတွက် အသုံးပြုတဲ့ ဒီဥမင်လှိုဏ်ခေါင်းတွေဟာ ရှေးယခင် စစ်ရေးစစ်ရာများတွင်ပင် လွန်စွာအသုံးဝင်ခဲ့တဲ့နည်းလမ်းများဖြစ်ပါတယ်။ အင်တာနက်ဥမင်ဆိုတာကရော အသုံးဝင်သလား? ရှင်းလင်းချက်လေး ကြည့်ကြရအောင်။
တကယ်တော့ဒီကနေ့ အကြောင်းအရာလေးဟာ စာရေးသူအရင်ကတင်ဆက်ခဲ့ဖူးတဲ့ အင်တာနက်သဘောတူ လိပ်စာ(IP address) ၊ အင်တာနက်အမည်ပေးကင်ပွန်းတပ်ပွဲ(Domain Name System) ၊ စတဲ့ အကြောင်းအရာလေးတွေကို ဖတ်ဖူး ကြည့်ထားဖူးမယ် ဆိုရင်တော့ ပိုပြီးနားလည်ရလွယ်မယ်ထင်ပါတယ်။ URL မှာ domain name တစ်ခုကို ရိုက်လိုက်မယ်ဆိုရင် သက်ဆိုင်ရာ ကွန်ပျူတာစီကို ရောက်ရှိသွားပြီး တောင်းဆိုတဲ့ ဒေတာအချက်အလက်တွေကို မိမိရဲ့ ကွန်ပျူတာထံကို ပြန်လည်ပေးပို့မှာပဲဖြစ်ပါတယ်။ စာရေးသူ ခဏခဏ ပြောဖူးသလို အင်တာနက်ဆိုတာ ကွန်ပျူတာတွေချိတ်ဆက်ထားတဲ့ ကွန်ယက်တွေကို ထပ်မံချိတ်ဆက်ထားတဲ့ ကွန်ယက်ကြီးဖြစ်တာကြောင့် အင်တာနက်ဆိုတာ အများပြည်သူပိုင် Public Network တစ်ခုဖြစ်ပါတယ်။ ဒါကြောင့် ဒီကွန်ယက်ပေါ်မှာ အသွားအလာလုပ်နေတဲ့ အချက်အလက်တွေဟာ အများပြည်သူ အားလုံးက မြင်တွေ့နေနိုင်တယ်ဆိုတဲ့ သဘောကိုဆောင်နေတာဖြစ်ပါတယ်။ ဥပမာ စာဖတ်သူအနေနဲ့ အင်တာနက်ပေါ်မှာ ကြက်ကြော်ဝယ် မယ်ဆိုရင် စာဖတ်သူကြက်ကြော်ဆိုင်သွားတာကို အားလုံးက မြင်တွေ့နေရတယ်ဆိုတဲ့ သဘောကိုဆောင်နေတာဖြစ်ပါတယ်။
ဒီတော့ စာရေးသူတို့က ကိုယ်ဘယ်ဆိုင်သွားသလဲဆိုတာကို မသိစေချင်ဘူးဆိုပါစို့။ ဒါဆိုရင် ကိုယ်သွားမယ့်ဆိုင် စီကို ဥမင်တူးရပါမယ်။ ဒါမှသာ မည်သူမှမသိပဲ သွားလိုရာသွားနိုင်မှာဖြစ်ပါတယ်။ အလားတူပုံစံမျိုးကို အင်တာနက် ကွန်ယက်ပေါ်မှာ VPN (Virtual Private Network) ဆိုတဲ့စနစ်ကိုအသုံးပြုနိုင်ပါတယ်။ ဗမာလို ရှင်းရှင်းပြောရရင်တော့ အင်တာနက်ပေါ်မှာ ဥမင်တူးတဲ့ အဓိပ္ပာယ်ပဲဖြစ်ပါတယ်။ အင်တာနက်ပေါ်ဥမင်တူးဖို့ ဘာတွေလိုမလဲဆိုတော့ VPN ဆိုတာ Client-Server စနစ်ဖြစ်တာကြောင့် စာဖတ်သူတို့ဖုန်း၊ ကွန်ပျူတာထဲမှာ VPN server စီကို ချိတ်ဆက်ဖို့အတွက် client application တစ်ခုလိုအပ်မှာဖြစ်ပါတယ်။ လုပ်ဆောင်ပုံအဆင့်ဆင့်ကို ပြောရမယ်ဆိုရင် ပထမဦးစွာ Client ဖြစ်တဲ့ စာရေးသူတို့ရဲ့ ဖုန်း သို့မဟုတ် ကွန်ပျူတာကနေတစ်ဆင့် ISP (Internet Service Provider) အင်တာနက်ဝန်ဆောင်မှုပေးတဲ့ Server စီကို VPN server ထံချိတ်ဆက်ပေးဖို့ တောင်းဆိုမှာဖြစ်ပါတယ်။
စာရေးသူအရင်က အင်တာနက်သဘောတူလိပ်စာမှာတင်ဆက်ခဲ့သလို အင်တာနက် အသုံးပြုသူတစ်ဦးချင်းစီကို ISP ကနေ IP address တစ်ခုစီ ပေးရပါတယ်။ သို့သော် စာဖတ်သူဟာ အင်တာနက်ဥမင်တူးမယ်ဆိုရင်တော့ VPN ကသတ်မှတ်ပေးတဲ့ လိပ်စာကိုသာအသုံးပြုရမှာဖြစ်ပါတယ်။ VPN server ကနေမှတစ်ဆင့် စာဖတ်သူတို့ တောင်းဆိုသမျှ Web Page တွေကို စာဖတ်သူတို့ အသီးသီးထံ ပေးပို့ ပေးမှာဖြစ်ပါတယ်။ ပုံမှန်ဆိုရင် အခုလိုပေးပို့တဲ့ အခါမှာ ကြက်ကြော်ဆိုင်သွားသလို အားလုံးက မြင်နေရမှာဖြစ်ပါတယ်။ ပြောချင်တာက အင်တာနက်ဝန်ဆောင်မှုပေးတဲ့ ကုမ္ပဏီတို့၊ အစိုးရအဖွဲ့အစည်းတို့က ထောက်လှမ်းကြည့်ရှုနိုင်မှာဖြစ်သော်လည်း VPN နဲ့ ဥမင်တူးထားတဲ့အခါမှာ တော့ စာဖတ်သူတို့ တောင်းဆိုတဲ့ Web Page အချက်အလက်တွေကို မည်သူတစ်ဦးတစ်ယောက် က မှ ခြေရာခံကြည့်လို့မရပါဘူး။ ဘယ်လိုမျိုးခြေရာခံလို့ မရအောင် လုပ်ထားသလဲ?
ပထမအချက်က စကားဝှက် ပုံစံမျိုးနဲ့ Encrypt လုပ်ပြီးပေးပို့တာကြောင့် ဖြစ်ပါတယ်။ Encryption Decryption ကို စာရေးသူ အရင်က Cryptography ဆိုတဲ့ ဆောင်းပါးလေးထဲမှာ ရှင်းပြခဲ့ဖူးပါတယ်။ အင်တာနက်ပေါ်မှာ စကားဝှက် ဖွက်တာကို Encrptiong လုပ်တယ်လို့ခေါ်ပါတယ်။ Encryption လုပ်ထားတဲ့ စကားဝှက်ကို ဖြည်ဖို့အတွက် Key ဆိုတာကို လိုအပ်ပါတယ်။ ဒီ Key ကို သိမှသာ ပေးပို့ လိုက်တဲ့ အချက်အလက်တွေကို နားလည်မှာပဲဖြစ်ပါတယ်။ ဒီလို Key ကို အသုံးပြုပြီး အဓိပ္ပာယ်ဖော်တာကို Decryption လို့ခေါ်ပါတယ်။
ဥပမာဆိုကြပါစို့။ စာရေးသူက မြောက်ဒဂုံမှာနေပါတယ်။ စာရေးသူကို ဆူးလေကသူငယ်ချင်းက စာပို့လိုက်တယ်ဆိုကြ ပါစို့။ လမ်းမှာ စာကို ဖြတ်ပြီး ဖတ်ဖို့ ထောက်လှမ်းရေးတွေရှိပါတယ်။ အထူးသဖြင့် မြောက်ဒဂုံက ကားမှတ်တိုင်မှာပါ။ ထောက်လှမ်းရေးတွေမရှိတဲ့ လမ်းကနေ ဆူးလေက သူငယ်ချင်းက စာကိုသယ်လာမှာပါ။ ဒါပေမဲ့ မြောက်ဒဂုံမှတ်တိုင်ဂိတ်က ထောက်လှမ်းရေးကို တော့ ရှောင်လို့ရမှာမဟုတ်ပါဘူး။ သို့သော်သူက Encrypt လုပ်ထားတဲ့ စာကို ကြည့်ပြီး ဘယ်ကလာပြီး ဘာတွေရေးထားမှန်းမသိတာကြောင့် ရိပ်မိမှာမဟုတ်ပါဘူး။ ဒါဟာစကားဝှက် သုံးခြင်းရဲ့ အကျိုးပဲဖြစ်ပါတယ်။ ဒီဥပမာမှာ သုံးခဲ့တဲ့ မြောက်ဒဂုံမှတ်တိုင်ဂိတ်က ထောက်လှမ်းရေးကတော့ အင်တာနက်ဝန်ဆောင်မှုပေးတဲ့ ISP serversဖြစ်ပြီး ဆူးလေက သူငယ်ချင်းဆိုတာ VPN server ပဲဖြစ်ပါတယ်။
ဒုတိယ တစ်ခုက လမ်းကြောင်းများစွာကနေ သွားတဲ့စနစ်ပါ။ ခုနက ဥပမာမှာဆိုရင် ဆူးလေက သူငယ်ချင်းက YBS 29 စီးရင် မြောက်ဒဂုံကိုတန်းရောက်ပါတယ်။ သို့သော် ဒီလမ်းကြောင်းမှာ ထောက်လှမ်းရေးရှိနေပြီဆိုတာ သိလိုက်တာနဲ့ တခြားမှတ်တိုင်မှာ ဆင်းပြီး ၂ ဆင့် ၃ ဆင့် စီးပြီး လာရင် လည်း မြောက်ဒဂုံ ကို ရောက်မှာဖြစ်ပါတယ်။ ဒီဥပမာမှာ ပြောတဲ့ ကားမှတ်တိုင်တွေဆိုတာ Router တွေနဲ့ ဆင်တူပါတယ်။ အဆင့်ပေါင်းများစွာ သွားရတဲ့အတွက် Internet Speed မှာ ပုံမှန်ထက်များစွာ နှေးမှာပဲဖြစ်ပါတယ်။
K.Y.Lynn

Пікірлер: 3
@dominicmikis624
@dominicmikis624 14 күн бұрын
ကျေးဇူးတင်ပါတယ်ဗျ
@komyo5507
@komyo5507 9 ай бұрын
ရှင်းပြတာ အတော်ကောင်းတယ်ဗျာ.. အတော်ဗဟုသုတရပါတယ်.. ကျေးဇူးပါ
@k2kknowledgebank
@k2kknowledgebank 4 ай бұрын
ကျေးဇူးပါဗျာ။
Internet သဘောတူလိပ်စာ (IP address)
5:28
K2K Knowledge Bank
Рет қаралды 1,4 М.
WHO DO I LOVE MOST?
00:22
dednahype
Рет қаралды 77 МЛН
We Got Expelled From Scholl After This...
00:10
Jojo Sim
Рет қаралды 74 МЛН
FOOLED THE GUARD🤢
00:54
INO
Рет қаралды 63 МЛН
The Neuroscience of “Attention”
17:48
Hedu AI by Batool Haider
Рет қаралды 23 М.
Will the battery emit smoke if it rotates rapidly?
0:11
Meaningful Cartoons 183
Рет қаралды 36 МЛН