Internet သဘောတူလိပ်စာ (IP address)

  Рет қаралды 1,623

K2K Knowledge Bank

K2K Knowledge Bank

Күн бұрын

K2k စာဖတ်ပရိသတ်များအားလုံး မင်္ဂလာပါခင်ဗျာ။ ဒီလရဲ့ နည်းပညာ ကဏ္ဍ က နေပြန်လည်ကြိုဆို လိုက်ပါတယ်။ ဒီမတိုင်ခင်က နည်းပညာကဏ္ဍက တင်ဆက်ခဲ့တဲ့ အင်တာနက်အမည်ပေးကင်ပွန်းတပ်ပွဲ (Domain Name System) အကြောင်းကို အားလုံးမှတ်မိကြမယ်ထင်ပါတယ်။ ဒီတစ်ပတ်မှာ လည်း အားလုံးဗဟုသုတရနိုင်မယ့် ခေါင်းစဥ်တစ်ခုကို ရွေးချယ်ထားပါတယ်။ ခေါင်းစဥ်လေးကိုတော့ အင်တာနက် သဘောတူလိပ်စာ လို့ အမည်ပေးထားပြီး (Internet Protocol) IP address အကြောင်းအရာလေးနဲ့ ပတ်သက်ပြီး တင်ဆက်ပေးမှာဖြစ်ပါတယ်။ ဒီအကြောင်းအရာလေးကို ရွေးချယ်ဖြစ်ခဲ့တာ က DNS အကြောင်းတင်ဆက်စဥ်က IP address ကို ထည့်သွင်းဖော်ပြခဲ့ပြီး တချို့သော ပရိသတ်များက IP address ကို သိချင်ကြတာကြောင့် ဒီကနေ့ ရွေးချယ်ဖြစ်ခဲ့ခြင်းဖြစ်ပါတယ်။
စာရေးသူတို့တွေ အသီးသီးမှာ နေရပ်လိပ်စာအသီးသီး ရှိကြပြီး အင်တာနက်တွေ ဖုန်းတွေ မထွန်းကာခင်က တစ်ဦးနဲ့တစ်ဦး ဆက်သွယ်ဖို့ရာ စာတိုက်တွေကတစ်ဆင့် စာပို့ခြင်းကို အသုံးပြုကြရပါတယ်။ ဒီလိုစာပို့တဲ့ နေရာမှာ စာပို့သမားအနေဖြင့် သက်ဆိုင်ရာ လိပ်စာတွေကို မှန်ကန်စွာရောက်ရှိဖို့အတွက် မြို့နာမည်၊ လမ်းနာမည်၊ အိမ်အမှတ် စတာတွေကို မမှားအောင် ဂရုတစိုက်ဖတ်၍ ပို့ပေးရပါတယ်။ ဒါကြောင့် အိမ်လိပ်စာရှိခြင်း က ဒီလိုတစ်ဦးနဲ့ တစ်ဦး ဆက်သွယ်လို့ရအောင်ကူညီပေးနိုင်တယ်လို့ ဆိုရမှာဖြစ်ပါတယ်။ ထိုနည်းတူ အင်တာနက် တွေထွန်းကားလာတဲ့ အခါမှာလည်း ကွန်ပျူတာတွေ တစ်လုံးနဲ့တစ်လုံးဆ်က်သွယ်ဖို့ရာ ကွန်ပျူတာတစ်လုံးစီအတွက် လိပ်စာ ရှိဖို့လိုအပ်လာပြန်ပါတယ်။ အင်တာနက်ဆိုတာ ကွန်ပျူတာတွေချိတ်ဆက်ထားတဲ့ ကွန်ယက်တွေကို ထပ်မံချိတ်ဆက်ထားတဲ့ ကွန်ယက်ကြီးဖြစ်တာကြောင့် အင်တာနက် သဘောတူလိပ်စာဆိုတာ ဒီကွန်ယက်ပေါ်က ကွန်ပျူတာတွေအချင်းချင်း သဘောတူထားကြတဲ့ လိပ်စာ ကို ဆိုလိုတာပဲဖြစ်ပါတယ်။
IP address ဆိုသည်ကို တချို့မြင်ဖူးတဲ့ ပရိသတ်တွေရှိကောင်းရှိနိုင်ပါတယ်။ IP address ကို လက်ရှိမှာ version နှစ်မျိုးနဲ့ မြင်တွေရမှာဖြစ်ပြီး IPv4 (version 4) နဲ့ IPv6 (version 6) တို့ပဲဖြစ်ပါတယ်။ IPv4 ကတော့ အများဆုံးတွေ့ရမယ့် အမျိုးအစားဖြစ်တာကြောင့် ဒိ version 4 ကို ဦးစွာရှင်းပြပေးလိုပါတယ်။ Bits အကြောင်းကို တင်ဆက်စဥ် က ပြောခဲ့သလို 1 byte သည် 8 bits ဖြစ်တာကို စာဖတ်သူတို့ သိထားမယ်လို့ယုံကြည်ပါတယ်။ ယခု IPv4 သည် 1 byte ပမာဏ ရှိတဲ့ ဂဏန်း (၄) လုံးကို period ခြား ရေးသားထားတဲ့ ပုံစံဖြစ်ပါတယ်။ ဥပမာ 172.16.254.1
1 byte ဆိုတာ 8bits ဖြစ်တာကြောင့် 00000000 မှ 11111111 အထိ တစ်နည်းအားဖြင့် 0 မှ 255 အထိ ကိန်းလုံး 28=256 လုံးရေးခွင့် ရှိပါတယ်။ စာဖတ်သူ ခေါင်းရှုပ်သွားပီလားမသိဘူး။ စာရေးသူ ဆိုလိုတာက အထက်ကဥပမာ IP address ပုံစံ ဆိုရင် 0.0.0.0 မှ 255.255.255.255 ဆိုတဲ့ တန်ဖိုးအထိ လိပ်စာတွေပေးလို့ရတယ်လို့ ဆိုလိုတာဖြစ်ပါတယ်။
0.0.0.0 မှ 255.255.255.255 အထိ ကွန်ပျူတာပေါင်း မည်မျှ ရှိမယ်လို့ စာဖတ်သူထင်ပါသလဲ? ကိန်း ၄ လုံးမှာ တစ်ခုကို 8 bits ရှိတာကြောင့် ၄ လုံးအတွက် 32 bits ပမာဏရှိမှာဖြစ်ပါတယ်။ 232 = 4294967296 နှင့် ညီမျှသော ကွန်ပျူတာ အရည်အတွက် ဖြင့် အင်တာနက် ပေါ်မှာ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ သို့သော် စာဖတ်သူတို့အနေနဲ့ စဥ်းစားရမှာ က ဒီအရည်အတွက်ဟာ မျက်မှောက်ခေတ်အင်တာနက်အသုံးပြုသူအရည် အတွက် နဲ့ နှိုင်းယှဥ်မယ်ဆိုရင် လောက်ငှနိုင်ချေ နည်းတာကို သတိထားမိမယ်ထင်ပါတယ်။ လူတစ်ယောက်သည်ပင်လျှင် ဖုန်းတစ်လုံး ကွန်ပျူတာတစ်လုံး ဖြင့် အင်တာနက်ပေါ်မှာ ချိတ်ဆက်နေတာကြောင့် ဒီအရည်အတွက်ဟာ နည်းပါးတယ်လို့ ဆိုရမှာဖြစ်ပါတယ်။ ဒါကြောင့် နည်းပညာရှင်တို့က အခုဆိုရင် IP address version 6 (IPv6) စီသို့ တဖြည်းဖြည်း ပြောင်းလဲလာနေပြီဖြစ်ပါတယ်။
IPv6 ဆိုတာ အစု (၈) စု ပါရှိပြီး အစုတစ်စု စီကို 16 bits ရှိတာကြောင့် စုစုပေါင်း 128 bits ပမာဏရှိပါတယ်။ ဒါ့အပြင် အစု တစ်ခုချင်းစီကို semicolon ဖြင့် ခြားပြး ဖော်ပြတာပဲဖြစ်ပါတယ်။ ဥပမာ 0123 : 4567 : 89ab : cdef : 0123 : 4567 : 89ab : cdef
128 bits ဖြစ်သွားတာကြောင့် 2128= 340,282,366,920,938,463,463,374,607,431,768,211,456 နှင့် ညီမျှသော ကွန်ပျူတာအရည်အတွက်ကို အင်တာနက် ပေါ်မှာ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ ဒီအရည်အတွက်ဟာ အလွန်များပြားပြီး များလှစွာသော မျိုးဆက်များအတွက် လောက်ငှမယ့်ပမာဏပဲဖြစ်ပါတယ်။
ယခုလို IP address တွေကြောင့် အင်တာနက် ဆိုတာ အဆင်ပြေလာတာဖြစ်ပြီး အင်တာနက်ကြောင့် စာရေးသူတို့တွေ ရဲ့ သတင်းအချက်အလက်စီးဆင်းမှုတွေ ပိုမိုမြန်ဆန်လာနေတာပဲဖြစ်ပါတယ်။ IP address ကို လက်ရှိမှာ အမျိုးအစား ၂ မျိုးနဲ့ မြင်တွေ့နိုင်ပါတယ်။ ဥပမာ စာရေးသူရဲ့ ဖုန်း သည် MPT ISP (Internet service provider) နဲ့ ချိတ်ဆက်သုံးနေချိန် google မှာ “what is my IP address” လို့ ရိုက်လိုက်ရင် 136.228.174.65 ဆိုပြီး IPv4 address ကိုဖော်ပြပြီး အင်တာနက်အပိတ်အဖွင့်လုပ်ပြီး နောက်တစ်ကြိမ် ပြန်ရိုက်ကြည့်ရင် နောက်တစ်မျိုးပြောင်းပြီး ပြတာကိုတွေ့ရပါတယ်။ ဒါကို Dynamic IP address လို့ခေါ်ပါတယ်။ အင်တာနက်ကို ချိတ်ဆက်တဲ့အကြိမ်တိုင်းကို အင်တာနက်ဝန်ဆောင်မှုပေးတဲ့ ကုမ္ပဏီက IP address ပြောင်းလဲပေးတာဖြစ်ပါတယ်။
နောက်တစ်မျိုးကတော့ Static IP address လို့ခေါ်ပြီး IP address ကို အင်တာနက်ပေါ်မှာ အသေထားရှိတဲ့ ကွန်ပျူတာတွေဖြစ်ပါတယ်။ ဒါတွေကိုတော့ DNS Servers များက အသုံးပြုကြပါတယ်။ DNS server တွေအကြောင်းကို တင်ဆက်ပြီးပြီမို့ စာဖတ်သူတို့ နားလည်မယ်လို့ မျှော်လင့်ပါတယ်။
ဒီဆောင်းပါးလေးကို K2K IP address ကနေ စာဖတ်သူ ရဲ့ ဖုန်း (သို့မဟုတ်) ကွန်ပျူတာရဲ့ IP address ထံကို ပေးပို့ခြင်းကြောင့် ဖတ်ရှုနိုင်နေတာဖြစ်ပါတယ်။ ဒီလောက်ဆိုရင် စာဖတ်သူ အင်တာနက်ပေါ်က လိပ်စာတွေအကြောင်းကို အကြမ်းဖျင်း နားလည်ပြီလို့ ယူဆ ပါတယ်။
အချုပ်အားဖြင့်ဆိုရသော် အင်တာနက် အသုံးပြုသူတွေအနေနဲ့ အင်တာနက် လုပ်ဆောင်ပုံများကို ပညာရှင်တစ်ယောက်ကဲ့သို့ ထဲထဲဝင်ဝင် နားမလည်နိုင်တောင်မှ အခေါ်အဝေါ်များနှင့် လုပ်ဆောင်ပုံ အကြမ်းဖျင်းကို တော့နားလည်သင့်တယ်လို့ ယူဆ တဲ့အတွက် နည်းပညာကဏ္ဍကနေ တင်ဆက်နေတာဖြစ်ပြီး နောက်တစ်ပတ် အလှည့်ကျလာတဲ့ ကဏ္ဍကတော့ စီးပွားရေးကဏ္ဍ ပဲဖြစ်ပါတယ်။

Пікірлер: 2
@nyanlinhtet9043
@nyanlinhtet9043 2 жыл бұрын
binary number အကြောင်း အသေးစစိတ်ရှင်းပြပေးပါဗျ😁
@k2kknowledgebank
@k2kknowledgebank 2 жыл бұрын
နောက်အလှည့်နည်းပညာကဏ္ဍမှာတင်ဆက်ပေးနိုင်အောင်ကြိုးစားပါ့မယ်။
IP Address ဆိုတာဘာလဲ ( Episode 3 )
19:34
Okkar Min Maung
Рет қаралды 11 М.
Running With Bigger And Bigger Lunchlys
00:18
MrBeast
Рет қаралды 117 МЛН
РОДИТЕЛИ НА ШКОЛЬНОМ ПРАЗДНИКЕ
01:00
SIDELNIKOVVV
Рет қаралды 1,8 МЛН
Will A Guitar Boat Hold My Weight?
00:20
MrBeast
Рет қаралды 258 МЛН
Cute
00:16
Oyuncak Avı
Рет қаралды 12 МЛН
IPv6 from scratch - the very basics of IPv6 explained
14:34
OneMarcFifty
Рет қаралды 189 М.
Running With Bigger And Bigger Lunchlys
00:18
MrBeast
Рет қаралды 117 МЛН