Рет қаралды 16,702
အားလုံးပဲမင်္ဂလာပါ။ ကျွန်တော့် blog လေးကနေ သိပ္ပံကဏ္ဍ၊ နည်းပညာကဏ္ဍ၊ စီးပွားရေးကဏ္ဍ၊ နိုင်ငံရေးကဏ္ဍ ဆိုပြီး တစ်လှည့်စီတင်ဆက်နေတာဖြစ်ပြီး ဒီတခေါ်အလှည့်ကျတာကတော့ သိပ္ပံ ကဏ္ဍပဲ ဖြစ်ပါတယ်။ အရင် အလှည့်တွေတုန်းက သိပ္ပံကဏ္ဍမှာ ကျွန်တော့်အနေနဲ့ တိုင်းပြည်ရဲ့ လက်ရှိအခြေနေအရ ခေတ်စားလာလိမ့်မယ်လို့ ယုံကြည်ရတဲ့ ပစ္စည်းတစ််ခုနဲ့ ပတ်သက်ပြီး ဗီဒီယိုတစ်ခု လုပ်ခဲ့ဖူးပါတယ်။ အဲ့တာကတော့ Battery အကြောင်း ပဲဖြစ်ပါတယ်။ ဘက်ထရီရဲ့ အခြေခံ သဘောတရားများကို ရှင်းပြရင်း မိတ်ဆွေတို့ကိုလည်းဗဟုသုတ တိုးစေဖို့ ရည်ရွယ်တင်ဆက်ခဲ့တဲ့ ဗီဒီယိုလေးလည်းဖြစ်ပါတယ်။
00:00 - 01:42 - Intro
01:42 - 04:21 - Disadvantages of Lead-acid Battery
04:21 - 05:24 - About Akira Yoshino
05:24 - 06:23 - Why Choose Lithium
06:23 - 07:20 - Mechanism of Lithium Battery
07:20 - 07:43 - Problem of Li Battery
07:43 - 08:29 - Solution to the Problem
08:29 - 09:26 - Conclusion
အဲ့ဗီဒီယိုလေးရဲ့အောက်မှာ ထပ်မံ တောင်ဆိုထားတာလေးတွေကို မြင်တွေ့မိတာကြောင့် ဒီကနေ့ ဘက်ထရီနဲ့ ပတ်သက်တဲ့ နောက်ထပ် ဗီဒီယိုတစ်ခုကို တင်ဆက်ဖို့ ရွေးချယ်ခဲ့ခြင်းလည်းဖြစ်ပါတယ်။ ဒါ့အပြင် လျှပ်စစ်ကားနဲ့ပတ်သက်ပြီး ဘက်ထရီတွေကို လူတွေ ပိုပြီး စိတ်ဝင်စားမှု ပြသလာတာကြောင့် မိတ်ဆွေတို့လည်း သိချင်နေကြမယ်ဆိုတာ သေချာပါတယ်။ ဒါကြောင့် ဒီခေါင်းစဥ်ကို ရွေးချယ်ခဲ့တာလည်းပါပါတယ်။ ဒီကနေ့ဗီဒီယိုလေး က အရင်ဟာရဲ့အဆက်ဖြစ်တာကြောင့် အရင် video ကို မကြည့်ရသေးသူတွေကို သွားရောက်ကြည့်ရှုဖို့ တိုက်တွန်းချင်ပါတယ်။
အဲ့ဒီ ဗီဒီယိုလေးကို Recall ပြန်ခေါ်ရမယ်ဆိုရင်---ဘက်ထရီတစ်ခုမှာ Anode Cathode နဲ့ Electrolyte ဆိုပြီး အခြေခံ သိရမယ့်အချက် ၃ ခုရှိနေပါတယ်။
Anode ဆိုတာ Electron တွေကို ထုတ်လွှတ်ပေးတဲ့ အမ ငုတ်ဖြစ်ပြီးတော့ Cathode ဆိုတာကတော့ Electron တွေကို လက်ခံတဲ့ အဖိုငုတ်ပဲဖြစ်ပါတယ်။ Electrolyte ဆိုတာသည် electron တွေထွက််လာအောင် Anode နဲ့ ဓါတ်ပြုမှုတွေဖန်တီးပေးရတဲ့ လျှပ်ပျော်ရည်ပဲဖြစ်ပါတယ်။
Lithium Ion Battery ဘာလို့ပေါ်လာတယ်ဆိုတာ ကို ရှင်းဖို့အတွက် အရင်ဆုံး အက်ဆစ် နဲ့ ခဲ ဘက်ထရီ တွေရဲ့အားနည်းချက်ကို သိဖို့လိုပါတယ်။ တစ်နည်းအားဖြင့် အက်ဆစ် နဲ့ ခဲ ဘက်ထရီတွေရဲ့ ပြဿနာကို သိဖို့ လိုပါတယ်။ အားလုံးမြင်သာထင်သာ ရှိစေမယ့် ပြဿနာလေးကို အရင်ပြောပြပါမယ်။ ကျွန်တော်လွန်ခဲ့တဲ့ တစ်နှစ်က 200 AH ရှိတဲ့ Lead Acid ဘက်ထရီအိုးတစ်လုံးကို ဝယ်ခဲ့တယ်ဗျ။ ဘက်ထရီ အစိုပေါ့နော်။ ဘက်ထရီ အစိုလို့ ပြောတက သုံးရတဲ့ electrolyte က အက်ဆစ် အရည်ဖြစ်တာကြောင့် အစိုအိုးလို့ ခေါ်တာပဲဖြစ်ပါတယ်။ အဲ့ဒီ ဘက်ထရီလေးက ကြားထဲမှာ အက်ဆစ်ရည်ခန်းသွားလို့ မိုးရည် ဖြည့်ပေးလိုက်ရပါသေးတယ်။ ဒီနှစ်လည်းရောက်ရော အားမခံတဲ့ ပြဿနာဖြစ်လာပါတယ်။ အဲ့တော့ အလွယ်ပြောရရင် ကြာကြာမခံဘူးပဲ ဆိုကြပါတော့ဗျာ။ သက်တမ်း တိုတော့ ဝယ်သုံးရတာ သိပ်အဆင်မပြေဘူးပေါ့ဗျာ။ အဲ့တာနဲ့ ကျွန်တော် အခု Gel type battery ပြောင်းဝယ်ပြီး ရုံးမှာ အသုံးပြုနေပါတယ်။ ခုချိန်ထိတော့ အစိုအိုးထက် အားပိုခံတာကို တွေ့ရပြီး တော်တော်အဆင်ပြေနေပါတယ်။
Anode ကနေ electron များထုတ်ပေးလို့ လျှပ်စစ်အား ရရှိမှုကို နားလည်ပြီးပြီဆိုရင် ဒီ electron များ ထုတ်ပေးဖို့အတွက် electrolyte နဲ့ anode ဓါတ်ပြုမှုဖြစ်ရခြင်းကို ထပ်သိရပါမယ်။ ဒါမှသာ ဒီဓာတ်ပြုမှုကြောင့် လျှပ်ပျော်ရည်အတွင်း လျှော့နည်းသွား ions တွေကို ပြန်ဖြည့်တဲ့ လုပ်ငန်းစဥ်ကို အားသွင်းတဲ့လုပ်ငန်းစဥ် တစ်နည်းအားဖြင့် Charging လုပ်တယ်လို့ ခေါ်ပါတယ်။
lead acid battery တွေ အားသွင်းတာနဲ့ အားထုတ်သုံးတာ (discharging) နဲ့ဖြစ်စဥ်တွေ မှာ ဓာတ်ပြုမှုတွေဖြစ်ပြီး chemical transformation တွေဖြစ်စေပါတယ်။ ဒါက သက်တမ်းတိုရခြင်းရဲ့အဓိက အကြောင်းအရင်းဖြစ်ပါတယ်။ ဘာနဲ့ဥပမာပေးရမလဲဆိုရင် အစက အက်ဆစ်ထည့်ထားတယ် နောက်တော့ တဖြည်းဖြည်းခမ်းလာတယ်။ ခမ်းလာတာက ပျောက်သွားတာမဟုတ်ပဲ အက်စစ်ဒြပ်စင်တွေက တခြားအသွင်တစ်မျိုးပြောင်းလဲသွားတာဖြစ်ပါတယ်။
Lead Acid ဘက်ထရီတွေသည် chemical trasnformation အများကြီးဖြစ်တာ၊ ဒါကြောင့် သက်တမ်း တိုတောင်းတာရယ်၊ အားများများသုံးဖို့ အိုးကြီးကြီး အလေးချိန်ကြီးကြီးလိုတာ… စတာတွေကြောင့် ပိုကောင်းတဲ့ ဘက်ထရီတစ်ခုနဲ့ အစားထိုးဖို့အတွက် နည်းပညာသစ်တစ်မျိုးကို ကျွန်တော်တို့ လူသားတွေ လိုအပ် လာခဲ့ပါတယ်။ ဒီနည်းလမ်းသာရှာမတွေ့ခဲ့ရင် ကျွန်တော်တို့ အသုံးပြုနေတဲ့ ဖုန်းတွေ ကွန်ပျူတာတွေဆိုတာ ပေါ်ပေါက်လာနိုင်မှာမဟုတ်ပါဘူး။ ဘာလို့ဆို ပေါ့ပါးပြီး စွမ်းဆောင်ရည်မြင့်တဲ့ ဘက်ထရီမှသာ ဒီ ပစ္စည်းတွေနဲ့သင့်တော်မှာဖြစ်ပါတယ်။
ဒီပြဿနာတွေကို အဖြေပေးဖို့ ဂျပန်လူမျိုး သိပ္ပံပညာရှင်တစ်ဦးဟာ Lithium Ions Battery ဆိုတဲ့ နည်းပညာနဲ့အတူ ပေါ်ထွက်လာခဲ့ပါတယ်။ သူ့နာမည်ကတော့ Akira Yoshino လို့ခေါ်ပါတယ်။ သူ့ရဲ့ ပြောပြချက်တွေအရ သူက ဓာတုဗေဒ ဘာသာရပ်ကို စပြီး စိတ်ဝင်စားလာစေခဲ့တာကတော့ Michael Faraday ရေးသားတဲ့ “The Chemical History of a Candle” ဆိုတဲ့ စာအုပ်လေး ဖတ်ပြီးတဲ့နောက်မှာဖြစ်ပါတယ်။ သူဒီ စာအုပ်ကို ဖတ်တဲ့အချိန်က ၉ နှစ်သားပဲရှိပါသေးတယ်။ ဖယောင်းတိုင် မှာ ရှိတဲ့ စွမ်းအင်တွေ က ဘယ်လိုအလုပ်လုပ်သလဲဆိုတာကို စိတ်ဝင်တစားလေ့လာရင်းကနေ ဒီကလေးလေးဟာ နောက်ဆုံးမှာ ဓာတုဗေဒ ဘာသာရပ်မှာ နိုဘယ်ဆုရရှိခဲ့ တဲ့အထိဖြစ်လာခဲ့ပါတယ်။
K Y Lynn