ဆားနဲ့ လူ့သက်တမ်းအကြောင်းမေးမြန်းဖို့ ဒေါက်တာဒေါ်ဝင်းဝင်းမြင့်အိမ်ကို ကျွန်တော်ရောက်ခဲ့ပါတယ်။

  Рет қаралды 1,476

K2K Knowledge Bank

K2K Knowledge Bank

Жыл бұрын

Biochemistry ဘာသာရပ်နဲ့ဆိုင်တဲ့ ခေါင်းစဥ်ပေါ့ဗျာ။​ ခေါင်းစဥ်လေးအမည်ကိုတော့ “ဆား နှင့် လူ့သက်တမ်း” ဆိုပြီးအမည်ပေးထားပါတယ်။ ဒီခေါင်းစဥ်ကို ရွေးချယ်ဖြစ်ခဲ့တဲ့ အကြောင်းအရင်း နဲ့ ရည်ရွယ်ချက်က ဒီလိုဗျ။ ကျွန်တော် BBC Learning English ဆိုတဲ့ KZbin Channel လေးမှာ အချိန်ဖြုန်းနေတုန်း Killer Salt ဆိုတဲ့ ခေါင်းစဥ်နဲ့ Video တစ်ခုကို တွေ့မိခဲ့တယ်ဗျ။ ဆားစားသုံးခြင်းက လူ့သက်တမ်းကို 2 နှစ်ခန့် တိုစေတယ်ဆိုတဲ့ အကြောင်းအရာလေးပါ။ အဲ့တော့ ကျနော်တို့မြန်မာနိုင်ငံဟာ သက်တမ်းတိုတဲ့ နိုင်ငံတွေထဲက တစ်နိုင်ငံဖြစ်ပြီးတော့ အငံ စားသုံးမှုနဲ့ ယှဥ်ကြည့်မယ်ဆိုရင်လည်း ထိပ်ဆုံးမှာရှိနေတာကို တွေ့နေရမှာဖြစ်ပါတယ်။ ဒါကြောင့် ဒီခေါင်းစဥ်လေးကို တင်ဆက်ခြင်းက အကျိုးရှိလိမ့်မယ်လို့ လည်းမျှော်လင့်မိပါတယ်။
ဆားဆိုတာ အားလုံးသိကြတဲ့အတိုင်း ကျွန်တော်တို့အိမ်မှာ သုံးတဲ့ဆားသည် NaCl လို့ခေါ်တဲ့ sodium chloride ပဲဖြစ်ပါတယ်။ ဆိုဒီယမ် ဆိုတာ atomic number 11 ရှိတဲ့ ဒြပ်စင် တစ်မျိုးဖြစ်ပြီး ကျွန်တော်တို့ လူသားတွေရဲ့ ဇီဝ ကမ္မ ဖြစ်စဥ်တွေမှာ မရှိမဖြစ်လိုအပ်တဲ့ ဓာတ်တစ်မျိုးလည်းဖြစ်ပါတယ်။
ဒီအကြောင်းအရာလေးကို တင်ဆက်ဖို့အတွက် ကျွန်တော်အဓိက ရှာဖွေလေ့လာခဲ့တဲ့ အကြောင်းအရာ နှစ်ခုရှိပါတယ်။
ပထမတစ်ခုကတော့ ကျွန်တော်တို့ လူသားတွေ ဆိုဒီယမ်ကို ဘာကြောင့် လိုအပ်သလဲဆိုတဲ့အချက်ပဲ ဖြစ်ပါတယ်။
ကျွန်တော်တို့ လူသားတွေ ဆိုဒီယမ်ကိုဘာကြောင့် လိုအပ်တာလဲလို့မေးရင် ဆိုဒီယမ်နဲ့ အတူ မွေးလာလို့ပဲဖြစ်တယ်လို့ ဖြေရမှာပါ။ လူ့ခန္ဓာကိုယ်မှာ ဆိုဒီယမ်က ပါဝင်ပစ္စည်းတစ်ခုအနေနဲ့ ဖွဲ့စည်းထားပါတယ်။ ကျွန်တော်တို့ ခန္ဓာကိုယ်ရဲ့ ဆဲလ်လို့ခေါ်တဲ့ အရာတွေမှာ potassium နဲ့ sodium လို့ခေါ်တဲ့ ဒြပ်စင် နှစ်ခုဟာ မျှတစွာပါဝင်နေပြီး ခန္ဓာကိုယ်ရဲ့ အရေးကြီးတဲ့ လုပ်ဆောင်ချက် အချို့ကို ဟန်ချက်ညီညီ ဆောင်ရွက်ပေးလျှက်ရှိပါတယ်။ ထင်ရှားတဲ့လုပ်ဆောင်ချက်နှစ်ခုကို ပြောပါဆိုရင်တော့ အာရုံကြောစနစ်အတွင်း signal လှိုင်းများပေးပို့ခြင်း နှင့် ခန္ဓာကိုယ်အတွင်း ရေနှင့်သတ္ထုဓါတ်များကို ညီမျှအောင်ထိန်းသိမ်းပေးတဲ့ လုပ်ဆောင်ချက် ဆိုတဲ့ ဒီနှစ်ခုကို ပြရမှာဖြစ်ပါတယ်။ ဒါကြောင့် ဆိုဒီယမ် လို့ပြောရင် Potassium ဆိုတဲ့ အရာကိုလည်းချန်ထားခဲ့လို့ မရပါဘူး။ မီးနဲ့ ရေ၊ အပူနဲ့ အအေး ဆိုတာတွေက လောက မှာမျှတစွာ ရှိနေဖို့ လိုသလို Sodium နဲ့ Potassium သည်လည်း ခန္ဓာကိုယ်အတွင်းမှာ ညီမျှစွာရှိနေပါမှ ခုနက ပြောခဲ့တဲ့ လုပ်ဆောင်ချက်တွေကို မှန်မှန်ကန်ကန် ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။​
ကားတစ်စီးမှာ အစိတ်အပိုင်းအသီးသီးရဲ့ လုပ်ဆောင်မှုတွေကို မှန်မှန်ကန်ကန် ထိန်းသိမ်းနိုင်မှ ကားသက်တမ်းက ကြာရှည်နိုင်မှာဖြစ်သလို လူ့ခန္ဓာကိုယ်မှာလည်း ပါဝင်နေတဲ့ ဓါတ်တွေက မျှမျှတတ ရှိပြီး မှန်မှန်ကန်ကန် လုပ်ဆောင်နိုင်ပါမှ လူ့သက်တမ်းသည်လည်း ကြာရှည်နိုင်မှာဖြစ်ပါတယ်။ ခုပြောတဲ့ sodium နဲ့ potassium ဟာ အစားအသောက်ကနေ အဓိက ကျွန်တော်တို့ရရှိတာဖြစ်ပါတယ်။
အဲ့တော့ ကျွန်တော်တို့တွေရဲ့ ခန္ဓာကိုယ်မှာ အထူးသဖြင့် မြန်မာနိုင်ငံသားတွေရဲ့ အစားအသောက်အနေအထိုင်အရ ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်မှာ ဒီ ဓာတ်တွေမျှတစွာရရှိ နေသလားဆိုတာက ကျွန်တော်ရှာဖွေမိတဲ့ ဒုတိယအချက်ပဲဖြစ်ပါတယ်။
ကျွန်တော်တို့လူသားတွေ ဆိုဒီယမ် ဓာတ်ကို အဓိက ရနေတာကတော့ အိမ်မှာသုံးတဲ့ဆားကပဲဖြစ်ပါတယ်။ ဒါက ကမ္ဘာပေါ်က လူသားတွေအနေနဲ့ခြုံပြောလိုက်တာ ဖြစ်ပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံသားတွေက ရော ဆိုဒီယမ်ကို ဆားအပြင် တခြား ဘယ်ကရနေသလဲ လေ့လာကြည့်ကြရအောင်။ ပထမဦးဆုံး လူတိုင်းနည်းပါး စားတဲ့ ငပိကို တစ်ချက်လေးကြည့်ရအောင်။ ငပိ သည် အဟာရဓါတ်များစွာပါဝင်သည်ဆိုတာ မှန်ပါတယ်။ သို့သော် ငပိလုပ်တဲ့အခါ မှာ ဆားကို အများအပြားအသုံးပြု ရပါတယ်။ ဒါကြောင့် ငပိကြိုက်တဲ့မြန်မာတို့ဟာ ငပိကနေလည်း ဆိုဒီယမ်ကို ရရှိနေကြပါတယ်။ နောက်တစ်ခုက တော့ အချိုမှုန့်၊ အသားမှုန့်၊ စသဖြင့် အမျိုးမျိုးနာမည်တပ်နေတဲ့ ဟင်းခပ် အချိုမှုန့်တွေမှာလည်း ဆိုဒီယမ် ပါဝင်တာကို လေ့လာတွေ့ရှိရပါတယ်။ ကျွန်တော်တို့ နိုင်ငံမှာ တော်တော်များက အချိုမှုန့်ကို ပေါပေါပင်ပင်အသုံးပြုနေကြတာကြောင့် အချိုမှုန့်သည်လည်း ဆိုဒီယမ်ကို ရရှိနိုင်မယ့် အကြောင်းအရင်းများထဲမှတစ်ခုဖြစ်ပါတယ်။
ကျွန်တော့်အနေနဲ့ ဒီလို အစားအသောက်နဲ့ပတ်သက်ပြီး ထပ်ပြောရမယ်ဆိုရင် အများကြီးထွက်လာမယ်လို့ ထင်မိပါတယ်။​ဥပမာ ငခြောက်၊ ငပိကောင်၊ ငါးဆားနယ်၊ ငပိလိမ်မာချက်၊ ချဥ်ငံစပ် အသုပ်၊​စသဖြင့် ဆားကို အများအပြားအသုံးပြုထားတဲ့ အစားအသောက်ပေါင်းများစွာကို ကျွန်တော်တို့လူမျိုး များရဲ့ အစားအစာများထဲမှာ တွေ့မြင်နိုင်ပါတယ်။ ဒါတွေဟာ နေ့စဥ် ဆိုဒီယမ် ကို ခန္ဓာကိုယ်အတွင်း ပေးပို့ နေတဲ့ အစားအသောက်တွေဖြစ်ပါတယ်။ ကျွန်တော်အထက်မှာ ပြောခဲ့ သလို ကျွန်တော်တို့ ခန္ဓာကိုယ်ထဲမှာ potassium နဲ့ sodium ဟာ မျှတနေမှ ခန္ဓာကိုယ်ရဲ့ လုပ်ငန်းဆောင်တာတွေကို မှန်မှန်ကန်ကန် လည်ပတ်နိုင်အောင် ဆောင်ရွက်ပေးနိုင်မှာဖြစ်ပါတယ်။ ကျွန်တော် လေ့လာမိသလောက်တော့ ကျွန်တော်တို့တွေရဲ့ နေ့စဥ်အစားအသောက်တွေမှာ potassium ပါတဲ့အစားအသောက်က ဆိုဒီယမ်နဲ့ နှိုင်းယှဥ်မယ်ဆိုရင် တော်တော်လေးနည်းတာကို တွေ့ရှိရပါတယ်။ ဒါကြောင့် sodium နဲ့ potassium အချိုးဟာ မျှတမှု မရှိဖြစ်နေမှာတော့ အသေအချာပါပဲ။ ဒီလို မျှတမှုမရှိရင် အကျိုးဆက်အနေနဲ့ ဘာတွေဖြစ်လာနိုင်မလဲ?
ဒီအဖြေကို အင်တာနက်မှာ လျှောက်ဖတ်ပြီး ပြောတာထက် ကျွန်တော့် K2K channel ရဲ့ မိတ်ဆွေများ ဗဟုသုတ ပိုမိုရရှိစေဖို့ ဒီနယ်ပယ်မှာ လက်တွေ့နဲ့ပေါင်းစပ်ပြီး နားလည်တတ်ကျွမ်းတဲ့ အာဟာရ ပညာရှင် ဒေါက်တာ ဒေါ်ဝင်းဝင်းမြင့်နဲ့ ကျွန်တော် တွေ့ဆုံမေးမြန်းခဲ့ပါတယ်။

Пікірлер: 15
@kyawmyothu2334
@kyawmyothu2334 Жыл бұрын
thank a lot! bro
@chitkogyi9750
@chitkogyi9750 Жыл бұрын
ကျေးဇူးပါ ခဗျာ🙏🙏🙏
@k2kknowledgebank
@k2kknowledgebank Жыл бұрын
ကျေးဇူးပါ။
@gumogumonopistol7491
@gumogumonopistol7491 Жыл бұрын
Thanks
@k2kknowledgebank
@k2kknowledgebank Жыл бұрын
welcome
@nayzawmoe833
@nayzawmoe833 8 ай бұрын
good ဒီလိုမျိုး ဗဟုသုတ ရှာနေတာ❤
@k2kknowledgebank
@k2kknowledgebank 8 ай бұрын
ကျေးဇူးပါ
@AlexiaHarmonyyyyy7397
@AlexiaHarmonyyyyy7397 10 ай бұрын
မိုက်တယ် bro
@k2kknowledgebank
@k2kknowledgebank 10 ай бұрын
အားပေးစကားပြောတာကျေးဇူးပါ
@sharingknowledge6167
@sharingknowledge6167 Жыл бұрын
Broရေစောင့်လိုက်ရတာ❤️❤️❤️
@k2kknowledgebank
@k2kknowledgebank Жыл бұрын
စောင့်ပေးတာ။ ကျေးဇူးတင်ပါတယ် bro။
@user-lj3yp4ru2y
@user-lj3yp4ru2y 8 ай бұрын
Sodium လျော့ကျနေလို့ပါ ရှင့် ဘယ်လိုအစားစာလေးတွေစားရင် ပြန်တက်နိုင်မလည်း ဆီးချိုကလည်းရှိနေတော့
@k2kknowledgebank
@k2kknowledgebank 6 ай бұрын
မျှတတဲ့ အစားအစာဖြစ်အောင်စားသုံးသင့်ပါတယ်။​အာဟာရဆရာဝန်နဲ့ online က နေ ပြသ တိုင်ပင်လို့ရပါတယ်။
@sharingknowledge6167
@sharingknowledge6167 Жыл бұрын
အမေ့ကိုဟင်း‌ေတကို‌ေပါ့‌ေပါ့‌ေလးချက်ဖို့ပြောရတော့မယ်။ဗဟုသုတတွေအများကြီးရပါတယ်အစ်ကို။ နောက်လာမယ့်စီးပွားရေးtopicကိုလည်းမျှော်နေပါပီ❤️။❤️❤️❤️
@k2kknowledgebank
@k2kknowledgebank Жыл бұрын
နားလည်သဘောပေါက်သွားတယ်ဆိုရင် ဝမ်းသာပါတယ်ခဗျာ။ 🤍
Задержи дыхание дольше всех!
00:42
Аришнев
Рет қаралды 3,8 МЛН
A little girl was shy at her first ballet lesson #shorts
00:35
Fabiosa Animated
Рет қаралды 17 МЛН
အတ္တကြီးတဲ့ ဗီဇ (The Selfish Gene)
6:04
K2K Knowledge Bank
Рет қаралды 1,1 М.
Saya Ye Kyaw Thu Am (ဆားနဲ့ အလင်း) 2016 08 28
39:08
low battery 🪫
0:10
dednahype
Рет қаралды 1,8 МЛН
Новые iPhone 16 и 16 Pro Max
0:42
Romancev768
Рет қаралды 2,4 МЛН