Рет қаралды 184,000
အာဏာမသိမ်းခင်ကတည်းက ဖမ်းထားသည့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက ပုဒ်မပေါင်း ၁၁ ခုဖြင့် တရားစွဲဆိုထားပြီး ထိုအထဲတွင် ထောင်ဒဏ် ၁၅ နှစ်အထိ အမြင့်ဆုံးချနိုင်သည့် အဂတိအမှု ၅ မှုလည်း ပါဝင်သည်။ ယင်းတို့အနက် တစ်မှုမှာ ဒေါ်အောင်ဆန်းစုကြည်ကို အမေရိကန်ဒေါ်လာ ခြောက်သိန်းနှင့် အကယ်ဒမီ အခေါက်ရွှေ ခုနှစ်ပိဿာ လာဘ်ပေးခဲ့ရသည်ဟူသော ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၏ ပြောဆိုချက်အပေါ် အခြေခံထားခြင်းဖြစ်သည်။
ထိုနေ့က တရားခွင်မြင်ကွင်း၊ ဒေါ်အောင်ဆန်းစုကြည်၏ အခြေအနေနှင့် အမှု၏ အသေးစိတ်အကြောင်းအရာများကို သိနိုင်ရန် တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်ကို Myanmar Now က ဆက်သွယ်မေးမြန်းထားပါသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် www.userroll.c... နှိပ်၍ လှူဒါန်းနိုင်ပါသည်။)