Рет қаралды 31,015
အိပ်ရေးမဝရင် ဘာရောဂါတွေဖြစ်တတ်သလဲ?
.
.
.
ဒီ အခု ကြည့်တဲ့သူတွေထဲမှာ အိပ်တာကို အရမ်းကြိုက်တဲ့သူတွေဆိုရင် လုံးဝ Share သင့်တဲ့ Video လေးပါ။
ကိုယ်အိပ်နေလို့ မိဘတွေ၊ အိမ်ကလူတွေ လာနှိုးလို့ အိပ်ရေးမဝတဲ့အခါ လူကြီးတွေကို ပြကျဖို့ ဒီ Video လေးကို Share ထားလိုက်ပါနော်။
ကျနော်စတာပါ။
ကျနော်တို့ လူအသိုင်းအဝိုင်းမှာ အိပ်ရေးမဝတဲ့သူတွေအများကြီးပါပဲ။
အိပ်တာ၊ စားတာ၊ လေ့ကျင့်ခန်းလုပ်တာဟာ ကျန်းမာရေးကောင်းဖို့အတွက် အခြေခံ လိုအပ်ချက်တွေပဲဖြစ်ပါတယ်။
ကိုယ့်အသက်အရွယ်အလိုက်လိုအပ်တဲ့ အိပ်ချိန်ပြည့်ဖို့လိုအပ်ပါတယ်။ အိပ်ရေးမဝရင် ကိုယ့်ရဲ့တနေ့တာ လုပ်ဆောင်မှုတွေ ကျဆင်းတတ်ပါတယ်။
.
.
.
ဒါဆို အသက်အရွယ်အလိုက်လိုအပ်တဲ့ အိပ်ချိန်တွေကို ခုကြည့်တဲ့ သူတိုင်းအတွက် မျှဝေပေးချင်ပါတယ်။
.
ဒီ Video လေးကို ဆက်မပြောခင် ခုလို ကျနော့်ရဲ့ ကျန်းမာရေး Video တွေကို အမြဲတမ်း ကြည့်ချင်တယ်ဆိုရင် Doc Htat Page ကို Like နဲ့ Doc Htat ရဲ့ KZbin channel ကို subscribe လုပ်ဖို့မမေ့ပါနဲ့။
.
ကြီးစဉ်ငယ်လိုက် ကျနော် ပြောပြပေးသွားမှာဖြစ်ပါတယ်။
၆၅ နှစ်အထက် လူကြီးများဟာ - တစ်နေ့ကို ၇ နာရီမှ ၈ နာရီထိလိုအပ်ပါတယ်။
၂၆-၆၄ နှစ်ထိ လူလတ်များဟာ- တစ်နေ့ကို ၇ နာရီမှ ၉ နာရီထိလိုအပ်ပါတယ်။
၁၈-၂၅ နှစ်ထိ လူငယ်များဟာ- တစ်နေ့ကို ၇ နာရီမှ ၉ နာရီထိလိုအပ်ပါတယ်။
ဆယ်ကျော်သက် ၁၄-၁၇ နှစ်များဟာ - တစ်နေ့ကို ၈ နာရီမှ ၁၀ နာရီထိလိုအပ်ပါတယ်။
ကျောင်းနေအရွယ် ၆-၁၃ နှစ်များဟာ- တစ်နေ့ကို ၉ နာရီမှ ၁၁ နာရီထိလိုအပ်ပါတယ်။
မူကြိုအရွယ် ၃-၅ နှစ်များဟာ- တစ်နေ့ကို ၁၀ နာရီမှ ၁၃ နာရီထိလိုအပ်ပါတယ်။
ဘေဘီလေးတွေ ၁-၂ နှစ်များဟာ - တစ်နေ့ကို ၁၁ နာရီမှ ၁၄ နာရီထိလိုအပ်ပါတယ်။
လသား ၄-၁၁ လများဟာ - တစ်နေ့ကို ၁၂ နာရီမှ ၁၅ နာရီထိလိုအပ်ပါတယ်။
မွေးကင်းစ ၃ လထိ ကလေးငယ်များဟာ - တစ်နေ့ကို ၁၄ နာရီမှ ၁၇ နာရီထိလိုအပ်ပါတယ်။
.
.
.
ဒါဆို အိပ်ရေးမဝတဲ့သူတွေဖြစ်တတ်တဲ့ ရောဂါတွေကို ကျနော်ပြောပြပါ့မယ်။
ရေတိုနဲ့ ရေရှည်ဆိုပြီး ၂ မျိုးခွဲခြားထားပါတယ်။
.
ရေတိုအနေနဲ့
အာရုဏ်စူးစိုက်မှုအားနည်းတာ
နေ့အချိန်မှာအိပ်ငိုက်တာ
မှတ်ဉာဏ်ချို့ယွင်းတာ
စိတ်ဖိစီးမှုများတာ
ဘဝအရည်အသွေးကျတာ
.
ရေရှည်အနေနဲ့ဆိုရင်တော့ အရမ်းပြင်းထန်တဲ့ ရောဂါဆိုးတွေခံစားရတတ်ပါတယ်။
သွေးတိုးရောဂါ
ဆီးချိုရောဂါ
နှလုံးရောဂါ
လေဖြတ်ရောဂါ
စိတ်ဓါတ်ကျရောဂါ
ကိုယ်ခံအားကျဆင်းတဲ့ရောဂါတို့ထိ ဖြစ်တတ်ပါတယ်။
.
.
.
ဒီတော့ ခု ဒီ Video ကြည့်နေတဲ့သူတွေမှာ ခုပြောသလို ကိုယ့်အသက်အရွယ်နဲ့ ညီမျှတဲ့ အိပ်ရေးမဝတဲ့ပြဿနာခံစားနေရရင် မပေါ့ဆပါနဲ့။ ဆရာဝန်နဲ့ သေသေချာချာဆွေးနွေးတိုင်ပင်ပြီး ကုသမှုကို ခံယူပါလို့ အကြံပေးချင်ပါတယ်။
.
.
.
ဒီ Video လေးကြောင့် အားလုံးပဲ ကျန်းမာရေးနဲ့ပတ်သတ်တဲ့ အကျိုးကျေးဇူးရတယ်ဆိုရင် Like & Share လုပ်ဖို့မမေ့ပါနဲ့။