နည်းပညာမြင့်မားပြီး၊ တန်ဖိုးကြီးအချက်အလက်တွေလည်းပြည့်နေတဲ့ အဆောက်အအုံ အမျိုးအစား (သို့) Datacenter

  Рет қаралды 1,744

K2K Knowledge Bank

K2K Knowledge Bank

Жыл бұрын

အားလုံးပဲမင်္ဂလာပါ။ ဒီလအတွက် နည်းပညာကဏ္ဍကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။ ဒီတစ်ခေါက် ကျွန်တော်ရွေးချယ် ထားတဲ့ ခေါင်းစဥ်လေး ကတော့ Datacenter အကြောင်းတစေ့တစောင်း ဆိုတဲ့ ခေါင်းစဥ်လေးပဲဖြစ်ပါတယ်။ ဒီခေါင်းစဥ်လေးကိုရွေးချယ်ဖြစ်ခဲ့တာက Datacenter ဆိုတဲ့ နည်းပညာအဆောက်အအုံ ကို ကျွန်တော့် channel က မိတ်ဆွေတို့ကို မိတ်ဆက်ပေးလိုတာကတစ်ကြောင်း၊ မြန်မာပြည်နည်းပညာကဏ္ဍ တိုးတက်စေဖို့ မိတ်ဆွေတို့များထဲမှ တစ်ဦးဦးက စီးပွားရေး လုပ်ငန်းရှင်ကြီး ဖြစ်လာခဲ့သော် ဒီ business အမျိုးအစား လေးမြန်မာပြည်မှာ ထွန်းကားလာအောင် ဆောင်ရွက်စေလိုတာကြောင့်က တစ်ကြောင်း စတာတွေကြောင့်ပဲဖြစ်ပါတယ်ခဗျ။
အင်တာနက် ဆိုတာ ဘာလဲ ဆိုတဲ့ ခေါင်းစဥ်နဲ့ ကျွန်တော် ဗီဒီယိုလုပ်ထားခဲ့ဖူးတာရှိပါတယ်။ အဲ့ဒီ ဗီဒီယိုလေးထဲမှာ ဆိုရင် အင်တာနက်ဆိုတာ ကွန်ပျူတာတွေချိတ်ဆက်ထားတဲ့ ကွန်ယက်တွေကို ထပ်မံချိတ်ဆက်ထားတဲ့ ကွန်ယက်အကြီးကြီး ဖြစ်တယ်ဆိုတာ ကျွန်တော်ဖော်ပြခဲ့ဖူးပါတယ်။ အင်တာနက်ဆိုတာ ကွန်ပျူတာတွေချိတ်ဆက်ထားတာဖြစ်ပါတယ်။ အင်တာနက်ပေါ်မှာ အဓိက ရှိနေတဲ့ ကွန်ပျူတာတွေကို ဘယ်မှာ ထားကြတာလဲ လို့ မေးရင်တော့ Data Center တွေလို့ပဲဖြေရမှာဖြစ်ပါတယ်။ မိတ်ဆွေတို့ကို နားလည်အောင် ဥပမာလေးနဲ့ ပေးချင်ပါတယ်။
Facebook ဆိုတာ အင်တာနက်ပေါ်မှာရှိတဲ့ ကွန်ပျူတာတစ်လုံးပေါ်မှာ ရေးထားတဲ့ Programm တစ်ခုပဲဖြစ်ပါတယ်။ ဒီ ပရိုဂရမ်ပေါ်မှာ လူတွေ အချိန်ပြည့် စကားပြောတာ၊ ပုံတွေတင်တာ၊ စသဖြင့် လုပ်ချင်တာ တွေ လုပ်နေနိုင်ဖို့ဆိုတာ ဒီပရိုဂရမ်ကြီး run ထားတဲ့ ကွန်ပျူတာက တစ်နည်းအားဖြင် server ကြီးက ဟန်းမသွားဖို့လိုအပ်ပါတယ်။ ဥပမာ restart ချလို့လည်း မရပါဘူး။ စက်ပိတ်သွားလို့တို့ အားကုန်သွားလို့တို့ ဖြစ်လို့လည်း မရပါဘူး။ ၁၀၀ ရာနှုန်း နီးပါး uptime ဖြစ်နေဖို့လိုအပ်ပါတယ်။ ဒါကြောင့်ပဲ server uptime တို့ server downtime တို့ဆိုတဲ့ စကားအသုံးအနှုန်းတွေပေါ်ပေါက်လာတာပဲဖြစ်ပါတယ်။
ဒီလို Facility တွေနဲ့ ပြည့်စုံနေတဲ့ server တွေ ထားရှိရာ နေရာကို ကျွန်တော်တို့ က Datacenter လို့ခေါ်တာဖြစ်ပါတယ်။ ဆိုလိုတာက server တွေအများကြီး စုပြီး တည်ရှိနေတဲ့ အဆောက်အအုံပေါ့ဗျာ။ နည်းပညာ တွေပြည့်နှက်နေတဲ့ အဆောက်အအုံတစ်မျိုးပဲဖြစ်ပါယ်။ ကမ္ဘာအနှံ့မှာ ရှိတဲ့ device တွေက သက်ဆိုင်ရာ website တွေ application တွေ မှာ ဝင်ရောက် အသုံးပြု ကြည့်ရှုနိုင်ဖို့အတွက် ဒီ server တွေသည် ၂၄ နာရီ ပတ်လုံး မနားတမ်း အလုပ်လုပ်ပေးနေကြရတာဖြစ်ပါတယ်။ ဒီလိုအလုပ်လုပ်နိုင်ဖို့ datacenter တွေသည် သူတို့ရဲ့ သတ်မှတ်ထားတဲ့ Facility တွေနဲ့ ပြည့်စုံနေဖို့လိုအပ်ပါတယ်။
Datacenter ဆိုတာ အမည်နဲ့ လိုက်အောင်ကို Data တွေနဲ့ ပြည့်နှက်နေတဲ့ အဆောက်အအုံတစ်ခုပဲဖြစ်ပါတယ်။ ဥပမာဗျာ Google ပေါ်မှာ ကျွန်တော်တို့တွေရဲ့ အချက်အလက်ဒေတာတွေ အများကြီးရှိပါတယ်။ ကျွန်တော်တို့ ဘာကြိုက်တတ်တယ်? ဘယ်အချိန် online သုံးခဲ့တယ်၊ ဘယ်နေရာနောက်ဆုံးရောက်ခဲ့တယ် စတဲ့ အချက်အလက်တွေသည် Google ရဲ့ ဒေတာစင်တာ တွေမှာ ရှိလို့နေပါတယ်။ ဘဏ်တစ်ခုအနေနဲ့ သူ့ဘဏ်ရဲ့ အချက်အလက်တွေ၊ ငွေစုတဲ့သူတွေရဲ့ ပိုင်ဆိုင်မှုတွေ၊ password တွေ၊ စတာတွေသည် သူ့ဘဏ်ရဲ့ server၊ တစ်နည်းအားဖြင့် server ထားရှိရာ datacenter မှာရှိလို့နေပါတယ်။ ဒါကြောင့် လုံခြုံရေးအရ လည်း အရမ်းကို အရေးကြီးတဲ့ အဆောက်အအုံပဲဖြစ်ပါတယ်။
Datacenter ဆောက်လုပ်တဲ့ စီးပွားရေး လုပ်ငန်းစုတွေက သူတို့ရဲ့ server တွေကို သူတို့ကိုယ်ပိုင်လုပ်ငန်းတွေပဲ ထားဖို့သက်သက်မျှ ဆောက်လုပ်ထားတာမဟုတ်ပါဘူး။ ​တခြားသောလုပ်ငန်းအသေးများ၊ကိုယ်ပိုင်ဒေတာစင်တာမထားရှိတဲ့သူများ စတဲ့ လုပ်ငန်းများကို server ငှားစားတဲ့လုပ်ငန်းကို လည်းအဓိကလုပ်ကိုင်ကြပါတယ်။ မိတ်ဆွေတို့ကို မြင်သာအောင်ပြောရမယ်ဆိုရင်… လက်ရှိမြန်မာနိုင်ငံမှာ ရှိတဲ့ လုပ်ငန်း အခု ၁၀၀ ရဲ့ website တွေကို တန်းစီ list လုပ်လိုက်ပါ။ ပြီးရင် အဲ့ website တွေ application တွေ ထားရှိရာ Server တွေကို စစ်ဆေးကြည့်ပါ။ 99.9% သော server များသည် တခြားနိုင်ငံက Datacenter တွေကနေ ငှားရမ်း အသုံးပြုထားရတာဖြစ်ပါတယ်။
ဒီလိုငှားရမ်းအသုံးပြုနေရတဲ့ website တွေသည် ထောင် သောင်းမက မြန်မာပြည်မှာ ရှိနေပါတယ်။ ဒါတွေက နိုင်ငံခြားငွေနဲ့သာ ငှားရမ်းရတာဖြစ်တဲ့အတွက် လစဥ် / နှစ်စဥ် ကျွန်တော်တို့ ငှားရမ်းသုံးစွဲခတွေပေးနေရတာဖြစ်ပါတယ် နည်းပညာမြင့်မားတဲ့ အဆောက်အအုံတစ်ခု ကို ငှားရမ်းအသုံးပြုရတဲ့ အတွက် အခကြေးငွေပိုင်းမှာဆိုရင်လည်း နည်းတဲ့ တန်ဖိုးမဟုတ်တာတော့ သေချာပါတယ်။ တစ်နည်းအားဖြင့် တိုင်းပြည်ရဲ့ နိုင်ငံခြားငွေသုံးစွဲမှု များတဲ့ ကဏ္ဍတစ်ခုလို့ပဲပြောရမှာဖြစ်ပါတယ်။ ဒါဆို မိတ်ဆွေတို့ အနေနဲ့ မေးစရာရှိတာက ကျွန်တော်တို့ မြန်မာပြည်မှာရော Datacenter တွေမရှိဘူးလား။ ကျွန်တော်ရှာကြည့်သလောက်တော့ Datacenter တွေ ၃ ခု ၄ ခုလောက်တော့ ရှိပါတယ်။ ကျွန်တော့်အနေနဲ့ မိတ်ဆွေတို့ ဗဟုသုတရနိုင်ဖို့ရာ အဲ့ဒီ datacenter တွေ ကို မှတ်တမ်း ဗီဒီယိုရိုက်ကူးဖို့ ဆက်သွယ်ခဲ့သော်လည်း အဆက်အသွယ် မရခဲ့တဲ့အတွက် ရိုက်ကူးနိုင်ခဲ့ခြင်းမရှိပါဘူး။
ဒီ datacenter တွေ မြန်မာပြည်မှာ အများအပြားပေါ်ပေါက်လာစေဖို့၊ မြန်မာနိုင်ငံရဲ့ နည်းပညာကဏ္ဍတိုးတက်စေဖို့ဆိုတာတွေက ကျွန်တော့်ရဲ့ စိတ်ကူးအိမ်မက်လည်းဖြစ်ပါတယ်။ ဒါကြောင့် ဒီနယ်ပယ်ကို ထဲထဲဝင်ဝင် သိရဖို့ ဒီ web developing နယ်ပယ်မှာ အလုပ်လုပ်ကိုင်နေပြီး အတွေ့အကြုံ ၄ နှစ်အထက်ရှိတဲ့ Developer နှစ်ဦးနဲ့ တွေ့ဆုံမေးမြန်းရင်း အခုလို ဆွေးနွေးဖြစ်ခဲ့ပါတယ်။

Пікірлер: 13
@Than_Htike_Aung
@Than_Htike_Aung Жыл бұрын
@user-wu3qm7kt6o
@user-wu3qm7kt6o 5 ай бұрын
Thanks a lot for your sharing.
@k2kknowledgebank
@k2kknowledgebank 4 ай бұрын
My pleasure
@myanmarmusic8192
@myanmarmusic8192 Жыл бұрын
ကျေးဇူးပါဆရာ
@chitkogyi9750
@chitkogyi9750 Жыл бұрын
မှန်လိုက်တာ ဗျာ
@k2kknowledgebank
@k2kknowledgebank Жыл бұрын
ကျေးဇူးပါဗျာ...
@sharingknowledge6167
@sharingknowledge6167 Жыл бұрын
Mingalarbar အစ်ကိုခင်ဗျ
@k2kknowledgebank
@k2kknowledgebank Жыл бұрын
မင်္ဂလာပါညီလေး
@sharingknowledge6167
@sharingknowledge6167 Жыл бұрын
@@k2kknowledgebank 🥰
@user-er8yx1xp1g
@user-er8yx1xp1g 10 ай бұрын
ရှာကြည့်ပါဗျာ
@k2kknowledgebank
@k2kknowledgebank 6 ай бұрын
ဟုတ်ကဲ့ပါဗျာ။
@lutar8723
@lutar8723 Жыл бұрын
ပျောက်နေတာကြာပီဗျာ..စိတ်ပူလိုက်ရတာ မတင်ဖြစ်တော့ဘူးလားလို့
@k2kknowledgebank
@k2kknowledgebank Жыл бұрын
ကျေးဇူးပါဗျ။ ဆက်တင်သွားပါ့မယ်။
Это реально работает?!
00:33
БРУНО
Рет қаралды 2,4 МЛН
ПРОВЕРИЛ АРБУЗЫ #shorts
00:34
Паша Осадчий
Рет қаралды 7 МЛН
A little girl was shy at her first ballet lesson #shorts
00:35
Fabiosa Animated
Рет қаралды 17 МЛН
Survive 100 Days In Nuclear Bunker, Win $500,000
32:21
MrBeast
Рет қаралды 104 МЛН
HOW TO BUILD A DATA CENTRE - Introduction - Episode 1 (NEW DA2)
8:40
Custodian Data Centres
Рет қаралды 202 М.
КРАХ WINDOWS 19 ИЮЛЯ 2024 | ОБЪЯСНЯЕМ
10:04
Мой новый мега монитор!🤯
1:00
Корнеич
Рет қаралды 761 М.
8 Товаров с Алиэкспресс, о которых ты мог и не знать!
49:47
РасПаковка ДваПаковка
Рет қаралды 178 М.